အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Share now

အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။

Hoarseness ဆိုတာက အသံပြာသွားတာ၊ အသံဝင် သွားတာပါ။ အော်ရင်းဟစ်ရင်း အလွန်အကျွံဖြစ်သွားရင် ဒါမှမဟုတ် အားကုန်သွားတာမျိုးဖြစ်ခဲ့ရင် ဒီပြဿနာကြုံရနိုင်ပါတယ်။ လည်ချောင်းနာရင်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း အဖျားရောဂါပိုး ကူးစက်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အသံဝင် တာကို အဖြစ်စေနိုင်ဆုံးကိစ္စကတော့ အော်ဟစ်ပြောဆိုတာ၊ အော်ဟစ်ကြွေးကြော်တာမျိုးတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါက ယာယီကိစ္စဖြစ်ပေမယ့် အင်တိုက်အားတိုက် ကြွေးကြော်ပြောဆိုမှုတွေလုပ်မိရင် အသံဝင်သွားတတ်တာက သဘာဝကိစ္စဖြစ်ပါတယ်။

အသံဝင်ရာမှာ အော်ဟစ်ကြွေးကြော်မှုတွေကြောင့် သာမန် အသံဝင်တာနဲ့ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာကြောင့် အသံဝင်တာဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။

အော်ရင်းဟစ်ရင်း အသံဝင် သွားခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ

အသံဝင်ခြင်းကို အများဆုံးဖြစ်စေတဲ့ ကိစ္စက အထက်မှာပြောခဲ့သလို အော်ဟစ်ခြင်းနဲ့ အာပေါင်အာရင်းသံသံနဲ့ ပြောဆိုခြင်းတွေကြောင့်ပါပဲ။ အားကစာပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ လူစုလူဝေးအခမ်းအနားတွေမှာ အချိန်ကြာမြင့်စွာ အော်ဟစ်အားပေးရင်းနဲ့ အသံဝင်တာမျိုး မကြာခနကြုံရတတ်ပါတယ်။

ကျန်းမာရေးပြဿနာကြောင့်မဟုတ်ပဲ ဒီလို အခြေအနေမျိုးတွေကြောင့် အသံဝင်ခြင်းနဲ့ ကြုံလာရမယ်ဆိုရင် အလွယ်တကူဖြေရှင်းလို့ရမယ့် နည်းလမ်းတွေရှိပါတယ်။

အောက်ပါနည်းလမ်းလေးတွေဟာ အော်ဟစ်ကြွေးကြော်လို့ဖြစ်လာတဲ့ အသံဝင်ခြင်းကို တားဆီးဖို့နဲ့ ဖြစ်လာခဲ့ရင် ပြန်လည်သက်သာစေပြီး အသံထွက်လာစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

  • အသက် ဝဝ ရှူပါ – အသံဝင်သွားခဲ့ရင် အသက်ကို ဝဝရှူဖို့ မမေ့ပါနဲ့။ အထူးသဖြင့် စိုထိုင်းဆ မြင့်မားတဲ့ လေထုမျိုးကို အချိန်ခပ်ကြာကြာလေး ရှူရှိူက်ပေးရင် အသံပြန်ထွက်လာစေနိုင်ပါတယ်။ နေအိမ်မှာဆိုရင်တော့ ရေနွေးငွေ့တို့ ရေပူတို့ကနေထွက်တဲ့ လေထုကို ရှူရှိူက်ပေးနိုင်ပါတယ်။
  • အသံမထွက်အောင် ခန ငြိမ်နေပါ – အသံဝင်သွားချိန်မှာ စကားပြောဆိုရတာ အဆင်မပြေနိုင်တော့ပါဘူး။ ဒီတော့ အသံလုံးဝမထွက်အောင် ခန ငြိမ်နေလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် အချိန်တစ်ခုယူပြီးချိန်မှာ သင့်အသံပြန်ထွက်လာပါလိမ့်မယ်။
  • စပီကာသုံးပါ – ဖြစ်နိုင်ရင်တော့ လူစုလူဝေးအကြားမှာဆိုရင် microphone ဒါမှမဟုတ် megaphone တွေ အသုံးပြုပြီး ပြောဆိုတာက သင့်ကို အသံမဝင်အောင် ကူညီပေးနိုင်ပါတယ်။
  • ရေများများသောက်ပါ – ရေဓာတ်မဆုံးရှုံးဖို့အတွက်ရော အသံမဝင်ဖို့နဲ့ အသံဝင်သွားခဲ့ရင် ပြန်ထွက်လာဖို့တွေအတွက် ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက ကဖိန်းဓာတ်ပါဝင်တဲ့အရာတွေနဲ့ အရက်သေစာကိုတော့ ရှောင်ကျဉ်ဖို့ လိုအပ်မှာပါ။
  • လည်ချောင်းကို မပြတ်စိုစွတ်နေပါစေ – ရုတ်တရက် အသံဝင်သွားခဲ့ရင် သကြားလုံးငုံတာလိုမျိုး၊ ပီကေဝါးတာလိုမျိုး ဓာတ်ဆားရည်သောက်တာလိုမျိုး နည်းလမ်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
  • အသက်ရှူကျပ်စေမယ့်အရာတွေ ဘာမှမလုပ်ပါနဲ့ – နှာခေါင်းနဲ့ လည်ချောင်းကို ပိတ်ဆို့စေမယ့် ခြောက်သွေ့စေမယ့် အစားအစာတွေ၊ ဆေးဝါးတွေ၊ ဝတ္ထုပစ္စည်းတွေကို အသုံးချခြင်းကနေ ရှောင်ကျဉ်ပါ။
  • လေသံတိုးတိုးနဲ့ စကားမပြောပါနဲ့ – အသံပါဝါကိုနှိမ့်ပြီး တီးတိုးစကားဆိုခြင်းကလည်း အသံဝင်အောင် ဒုက္ခပေးနိုင်ပါတယ်။ ဒီလိုမပြုလုပ်ဖို့ ရှောင်ရှားဖို့ သတိပေးပါရစေ။ ဖြစ်နိုင်ရင် ပုံမှန် အသံနှုန်းမျိုးနဲ့ပဲ ပြောဆိုတာ အကောင်းဆုံးဖြစ်ပါတယ်။

သာမန်မဟုတ်တဲ့ အနေအထားနဲ့ အသံဝင် သွားရင် ဘယ်လိုကုစားမလဲ

များသောအားဖြင့်တော့ အသံဝင်သွားတာမျိုးက အချိန်တစ်ခုယူပြီးရင် ပြန်သက်သာလာတတ်ပါတယ်။ သိပ်ပြီးပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပါဘူး။ အရည်များများသောက်တာ၊ အသံသိပ်မထွက်တော့အောင် နားလိုက်တ၊ စိုထိုင်းစများတဲ့လေထုကို ရှုရှိုက်တာမျိုးတွေက သက်သာစေတဲ့ နည်းလမ်းတွေပါ။

ဒါပေမယ့် တစ်ခါတစ်လေမှာတော့ အသံဝင် တာဟာ ကျန်းမာရေး ပြဿနာဖြစ်နေတတ်ပါတယ်။ ပေါ့လျော့လို့မရတာမျိုးဖြစ်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ နာတာရှည် လည်ချောင်းနာဝေဒနာရှိနေတာမျိုး၊ အရက်အလွန်အကျွံသောက်သုံးတာမျိုးနဲ့ ရင်ပူတာတာမျိုးတွေကြောင့် အသံဝင်သွားခဲ့ရင်တော့ ဆေးဝါးကုသမှု ခံယူတာက ပိုသင့်လျော်တဲ့ နည်းလမ်းပါ။

အစာခြေရည်ပြန်ဆန်တက်တာ (acid reflux) ၊ oral thrush နဲ့ yeast infection  တို့လို ကျန်းမာရေးပြဿနာတွေကလည်း အသံဝင်စေတယ်လို့ လေ့လာချက်တွေကဆိုထားတာရှိပါသေးတယ်။

ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်တော့ Antibiotics ဆေးဝါးတွေ၊ Corticosteroids ဆေးဝါးတွေကို တိုက်ကျွေးပြီး ကုသနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း voice therapy လိုနည်းလမ်းတွေနဲ့လည်း သက်သာအောင် ကုစားနိုင်ပါသေးတယ်။ တချို့သော ပြင်းထန်အခြေအနေမျိုးတွေမှာဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့အထိ ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး တွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ဓာတ်မတည့်ခြင်း ဆိုတာဘာလဲ။ အန္တရာယ်ရှိလား။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးရင်ရော ဓာတ်မတည့်တာ ဖြစ်နိုင်သလား။ မဖြစ်အောင် ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း မှာဖြစ်တဲ့ ရောဂါတွေက သာမန်ရောဂါတွေကနေ ပြင်းထန်တဲ့ရောဂါတွေအထိ  မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအမျိုးအစားကလည်း စုံပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

drinking-too-much-during-the-pandemic

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read