backup og meta

သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်

သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်

သြဇာသီး လို့ ဆိုလိုက်တာနဲ့ အရသာ ကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်းကစားကြတာတွေက ငယ်ဘဝကာလတွေမှာ အမှတ်တရ အချိန်တွေပါပဲ။

သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်

ဒီအသီးကို အိန္ဒိယနွယ်ဖွားတွေက ရှာရီဖာလို့ ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်တွေ မုန့်အချိုတွေ လုပ်စားတတ်ကြပါတယ်။ မြန်မာတွေကတော့ အစိမ်းအတိုင်း စားကြတာများပါတယ်။

သြဇာသီး ဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် ဘီဗီတာမင် B6ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ကို ဖော်ပြပေးချင်ပါတယ်။

  • ၁။ ကိုယ်အလေးချိန် တိုးစေတယ် – ကိုယ်အလေးချိန် တိုးမြင့်စေဖို့ စိတ်အားထက်သန်နေသူတွေဟာ သြဇာသီးစားပေးသင့်ပါတယ်။ အကြောင်းအရင်းကတော့ ဒီသစ်သီးဟာ ကယ်လိုရီပမာဏ အများအပြားစုဆောင်းထားတဲ့ အသီးတစ်မျိုးဖြစ်လို့ပါပဲ။
  • ၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ် – သြဇာသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်တွင်း ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
  • ၃။ ခွန်အားဖြည့်တင်းပေးတယ် – သြဇာသီးဟာ စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ခွန်အားပြည့်ဝစေတဲ့ အစားအစာတွေထဲက တစ်မျိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အထူးသဖြင့် ကြွက်သားတွေကို အားကောင်းစေပါတယ်။
  • ၄။ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်း ရှိတယ် – Acetogenin နဲ့ Alkaloids ကင်ဆာကို တွန်းလှန်နိုင်တဲ့ သဘာဝဒြပ်ပေါင်းတွေ သြဇာသီးထဲမှာပါဝင်နေပါတယ်။ ဒါကြောင့် အမျိုးအစား အမျိုးမျိုးသော ကင်ဆာနဲ့ အသားပို အကျိတ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။
  • ၅။ ဦးနှောက်ကို ကျန်းမာစေတယ် – သြဇာသီးမှာ ပါဝင်တဲ့ ဗီတာမင် ဘီ ကွန်ပလက်စ်ဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ GABA နူရွန်ဓာတ်ပစ္စည်းတွေကို လိုအပ်သလို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ၊ ဖိအားတွေနဲ့ စိတ်ဓာတ်ကျမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ၁၀၀ ဂရမ်လေးတဲ့ သြဇာသီးတစ်လုံးမှာ ဗီတာမင် B6 ဝ.၆ ဂရမ်ပါဝင်နေပြီး ဒါဟာ လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ပမာဏရဲ့ ၂၀% ဖြစ်ပါတယ်။
  • ၆။ သွားကို ခိုင်မာစေတယ် – သြဇာသီးဟာ သွားနဲ့ သွားဖုံး နာကျင်မှုတွေကို လျော့ကျစေနိုင်ပါတယ်။
  • ၇။ သွေးအားနည်းရောဂါကို သက်သာစေတယ် – ဗီတာမင် B6 ဟာ သွေးအားနည်းခြင်းနဲ့ သွေးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်တာမို့ သြဇာသီး စားခြင်းကနေ သွေးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 ဟာ အော့အန်တာနဲ့ ဂေါက်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
  • ၈။ အမြင်အာရုံကို ကြည်လင်စေတယ် – အမြင်ဝေဝါးနေသူတွေဟာ သြဇာသီးစားပေးသင့်ပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါတာမို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် အမြင်ကြည်စေတဲ့ အကျိုးရမှာဖြစ်ပါတယ်။
  • ၉။ အဆစ်ရောင်နာကို သက်သာစေနိုင်တယ် – မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ သြဇာသီးရဲ့ ကောင်းကျိုးတွေထဲမှာ အဆစ်အမြစ်ရောင်ရောဂါ (Arthritis) ကို သက်သာစေတာကလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။
  • ၁၀။ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို သက်သာစေတယ် – ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ဓာတ်ကြွယ်ဝတဲ့ သြဇာသီးဟာ နှလုံးတွင်း သွေးလည်ပတ်မှုနဲ့ ဖိအားကို ထိမ်းချုပ်ပေးပါတယ်။ မဂ္ဂနီဆီယမ်ကလည်း နှလုံးကြွက်သားတွေကို ချောချောမွေ့မွေ့အလုပ်လုပ်ဆောင်နိုင်အောင် ပံ့ပိုေးပးပါတယ်။ ဒါ့အပြင် သြဇာသီးဟာ သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးပါတယ်။
  • ၁၁။ ဆီးချိုကို တားဆီးနိုင်ပါတယ် – အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ သွေးတွင်း သကြားဓာတ်ပျော်ဝင်မှုကို တားဆီးနိုင်တာမို့ အမျိုးအစား ၂ – ဆီးချိုရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
  • ၁၂။ အစာခြေစနစ်ကို အားကောင်းစေတယ် – သြဇာသီးများများစားရင် ဗိုက်ဆာလာမှာတော့ အမှန်ပါပဲ။ သူက အစာခြေစနစ်ကို အားပေးတဲ့ အစာဖြစ်တာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူတွေ ပုံမှန်စားပေးသင့်ပါတယ်။
  • ၁၃။ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးတယ် – ဗီတာမင် စီနဲ့ ဗီတာမင် အေတို့ ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ အရေပြား၊ မျက်လုံးနဲ့ ဆံပင်တွေကို အားအင်ဖြည့်တင်းပေးနိုင်ပါတယ်။
  • ၁၄။ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဓာတ်စာလည်း ဖြစ်ပါတယ် – သြဇာသီးဟာ ကြေးနီဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ တစ်နေ့ကို ကြေးနီ ၁၀၀၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။ အဆိုပါ ပမာဏကို သြဇာသီးက ပြည့်ပြည့်ဝဝ ဖြည့်တင်းပေးနိုင်ပါတယ်။
  • ၁၅။ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ် – သြဇာသီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေကိုသာ ကောင်းကျိုးပေးတာမဟုတ်ပါဘူး သန္ဓေသားလေးရဲ့ ဦးနှောက်ကိုလည်း ဖွံ့ဖြိုးစေပါသေးတယ်။
  • ၁၆။ သံဓာတ်ပါဝင်မှုများတယ် – သြဇာသီးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေကို နာကျင်ကိုက်ခဲမှု နည်းပါးစေနိုင်ပါတယ်။
  • ၁၇။ ရင်သွေးငယ်တွေကို ကူးစက်ရောဂါတွေရန်ကနေ ကာကွယ်ပေးနိုင်တယ် – မိခင်ဖြစ်သူက သြဇာသီးစားပေးရင် ရင်သွေးငယ်လေးမှာ ကူးစက်ရောဂါတွေ ကူးစက်မယ့် ရန်ကို တားဆီးပေးနိုင်ပါတယ်။ အကြောင်းကတော့ Antioxidants အများအပြားပါရှိနေတာကြောင့်ပါပဲ။
  • ၁၈။ Morning Sickness ဝေဒနာရှင်တွေအတွက် ဖြေဆေးပါ – Morning Sickness ဝေဒနာ ခံစားနေရသူတွေအတွက် သြဇာသီးဟာ ဖြေဆေးလို့ တင်စားခံရပါတယ်။
  • ၁၉။ အရေပြားကို ရွှန်းစိုစေတယ် – အရေပြားလေး တောက်ပနေစေချင်တယ်ဆိုရင် သြဇာသီးကို မှီဝဲပေးတာက နည်းလမ်းကောင်းတစ်ခုပါပဲ။ အရေပြားကျန်းမာရေးအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။
  • ၂၀။ အရေပြားကူးစက်ရောဂါတွေကို ပျောက်ကင်းစေတယ်။ ယားနာလိုမျိုး အရေပြားပေါ်က ကူးစက်ဝေဒနာတွေကို သြဇာသီးမှာပါဝင်တဲ့ ဗီတာမင် စီက အလျှင်အမြန်သက်သာပျောက်ကင်းစေနိုင်ပါတယ်။
  • ၂၁။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ် – သြဇာသီးဟာ အရေပြားကို နုပျိုစေပြီး အိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေတာမို့ ပျိုမေတွေအတွက် လက်မလွှတ်သင့်တဲ့ အစားအစာတစ်မျိုးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthbeckon.com/custard-apples-benefits/

https://recipes.timesofindia.com/articles/health/10-interesting-health-benefits-of-custard-apple/photostory/65270191.cms?picid=65270204

https://food.ndtv.com/food-drinks/5-surprising-benefits-of-custard-apple-leaves-1723866

https://timesofindia.indiatimes.com/life-style/health-fitness/diet/Custard-apple-and-its-health-benefits/articleshow/7150878.cms

ယခုပုံစံ

15/06/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိမ္မော်သီးထက် ဗီတာမင် စီ ပိုပါသော အစားအသောက် ၅ မျိုး

သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement