brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာအဆိပ်သင့် နေတာလား.......

အစာအဆိပ်သင့် နေတာလား.......

အစာအဆိပ်သင့် နေတာလား.......

အစာအဆိပ်သင့် တယ် ဆိုတာက တစ်ခါတလေမှာ ကိုယ်တိုင်တောင်မိသလိုက်ဘဲဖြစ်နေတတ်တဲ့ရောဂါတစ်မျိုးပါ။ လူတော်တော်များများလည်းခံစားရလေ့ရှိကြပြီးသေချာလေးကုသမှုခံယူဖို့ လိုအပ်တဲ့ရောဂါတစ်မျိုးပါ။ အခုတစ်ခေါက်တော့ အစာအဆိပ်သင့်တာကို အမှုမဲ့အမှတ်မဲ့ထားမိရာကနေ မလိုအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးပါရစေ။

အစာအဆိပ်သင့် တယ် ဆိုတာ

အစာအဆိပ်သင့်တယ်ဆိုတဲ့ စကားကတော်တော်လေး ကျယ်ပြန့်သလို ဒီအထဲမှာ ကူးစက်ရောဂါအမျိုးမျိုးပါဝင်နေပါတယ်။ရောဂါပိုးအမျိုးမျိုးကြောင့်ဖြစ်နိုင်သလို ခံစားရတဲ့ရောဂါလက္ခဏာတွေကလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကွာခြားမှုအလျောက် ခံစားရတဲ့ရောဂါလက္ခဏာတွေကွာခြားနိုင်သလို ခန္ဓါကိုယ်က တုံ့ပြန်မှု ကွာခြားတဲ့အလျောက်လည်းရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။

အစာအဆိပ်သင့်တာကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေပါဝင်နေတဲ့ အစားအစာတွေကို စားမိတာကြောင့် အများဆုံးဖြစ်ရတာပါ။ ဒီရောဂါပိုးတွေကသေချာကျက်အောင် ချက်လိုက်တဲ့အချိန်မျိုးမှာသေသွားပြီး ခန္ဓါကိုယ်ကို အန္တရာယ်မပြုနိုင်တော့ပါဘူး။

အစာအဆိပ်မသင့်အောင်ဘာတွေ ဂရုစိုက်ရမလဲ…………

အစာအဆိပ်သင့်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သန့်ရှင်းမှုအားနည်းခြင်းပါ။ ဒီတော့ ဆင်ခြင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။

  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
  • လက်ကိုသန့်စင်အောင်ဆေးကြောပါ။
  • အစားအစာတွေကိုသေချာကျက်အောင်ချက်ပြုတ်ပါ။
  • အသားစိမ်း၊ ငါးစိမ်းတွေ မစားပါနဲ့။
  • သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကိုမစားပါနဲ့။
  • သောက်သုံးရေ သန့်ရှင်းမှုကို ဂရုပြုပါ။
  • သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုသေချာလေးဆေးကြောသန့်စင်ပါ။
  • နို့တွေကို ကျိုပြီးမှသောက်ပါ။
  • ကြက်ဥအပါအဝင် ဥအမျိုးမျိုးကို အစိမ်းမစားပါနဲ့။

အစာအဆိပ်သင့်နေတာလား ဘယ်လိုသိနိုင်မလဲ………..

အစာအဆိပ်သင့်တဲ့အခါ ခန္ဓါကိုယ်မှာ အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ………….

အစာအဆိပ်သင့်တာကြောင့် ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုပါမယ်။

  • ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက်လာမယ်၊ ခံတွင်းခြောက်မယ်၊ ဆီးမသွားတော့ဘူး။ မျက်လုံးတွေရောင်လာမယ် ဆိုရင်
  • ဝမ်းတွေတစ်ချိန်လုံးသွားနေမယ်ဆိုရင်
  • ဘာအရည်မှသောက်လို့မရတော့ဘူးဖြစ်နေမယ်ဆိုရင်
  • အော့အန်နေမယ်
  • အဖျားက ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက်ကျော်နေမယ်
  • ဝမ်းတွေက အမဲရောင်တွေဖြစ်နေမယ်၊ ဝမ်းထဲမှာသွေးပါမယ်
  • ကြွက်သားတွေအားနည်းနေမယ်
  • အမြင်အာရုံတွေဝါးနေမယ်
  • အာရုံတွေရှုပ်ထွေးမယ်
  • အသားတွေဝါလာမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့လိုပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။