E Coli ဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ ဒါပေမယ့် E Coli မျိုးကွဲတချို့ကသာ အူလမ်းကြောင်းကို ရောဂါဖြစ်စေပြီး ဒုက္ခပေးပါတယ်။ အထူးသဖြင့် E. coli O157:H7 ဆိုတဲ့ အမျိုးအစား ဖြစ်ပါတယ်။ STE Coli ဆိုတဲ့ အမျိုးအစားဟာလည်း အူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်အချို့ထွက်လာစေပြီး ရောဂါဖြစ်စေပါတယ်။