- ဆီးမှာ သွေးစတွေပါတာ၊
- အသားအရောင်ပြောင်းလဲလာတာ၊
- အရေပြားမှာ အနီစက်လေးတွေ ပေါ်လာတာ၊
- ခြေဖျားလက်ဖျားမှာ ခရမ်းရောင် အစက်လေးတွေ ပေါ်လာတာ စတဲ့အချက်ဖြစ်ပါတယ်။
ဘာကြောင့် နှလုံးပိုးဝင်ခြင်း ပြဿနာ ဖြစ်ရတာလဲ
နှလုံးပတ်ဝန်းကျင်မှာ ဘက်တီးရီးယားပိုးမွှားတွေ အရေအတွက်အမြောက်အမြား တိုးပွားလာခြင်းက နှလုံးပိုးဝင်ခြင်းရဲ့ အဓိကလက်သည်ဖြစ်ပါတယ်။ များသောအားဖြင့် ဘက်တီးရီးယားပိုးမွှားတွေဟာ ခန္ဓာကိုယ်ရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေမှာ ရှင်သန်နေနိုင်ကြပါတယ်။
ဒါပေမယ့် တချို့ရောဂါပိုးတွေဟာ အစားအသောက်တွေကနေတဆင့် သွေးထဲကိုဝင်ရောက်သွားတတ်ကြပါတယ်။ ကိုယ်ခံအားစနစ်က ဒီပိုးမွှားတွေကို တိုက်ထုတ်ပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေ ဒါမှမဟုတ် တစ်ချို့လူတွေဟာ ဒီပိုးမွှားတွေကို တိုက်မထုတ်နိုင်ကြပါဘူး။ ဒီလိုဖြစ်ခြင်းက နှလုံးပိုးဝင်ခြင်းရဲ့ အစပဲဖြစ်ပါတယ်။
သွေးစီးကြောင်းထဲက ဘက်တီးရီးယားတွေဟာ နှလုံးအထိ ရောက်သွားပြီး Endocarditis ဖြစ်စေတာပါ။ ဒါပေမယ့် ဘက်တီးရီးယားတစ်မျိုးတည်းက နှလုံးပိုးဝင်ခြင်းဝေဒနာကိုဖြစ်စေတာမဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးတွေ၊ Germs ပိုးမွှားတွေနဲ့ မှိုတွေကလည်း ဒီဝေဒနာကိုဖြစ်စေနိုင်ပါတယ်။
ပိုးမွှားတွေ နှလုံးဆီကိုရောက်သွားစေတဲ့ အကြောင်းအရင်းတွေကလည်း အစားအသောက်တွေကြောင့်ချည်းတော့မဟုတ်ပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း နှလုံးဆီကို ပိုးမွှားတွေရောက်ရှိနိုင်ပါသေးတယ်။ ဒါတွေကတော့
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။