ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 20, 2020 . 2 mins read
Share now

အူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးအချို့ဝင်ရောက်တဲ့အခါ အထက်လန်အောက်လျှောရောဂါ ဖြစ်တတ်ပါတယ်။ အစာအိမ်နံရံနဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းပြီး အဆက်မပြတ်အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေကြောင့် အထက်လန်အောက်လျှောလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။

ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ရခြင်းဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်များနဲ့ လက်ပွန်းတတီးထိတွေ့ခြင်း၊ ဘက်တီးရီးယားပါသော အစားအစာနှင့်ရေကို စားသောက်မိခြင်း စတာတွေကနေ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဘက်တီးရီးယားကနေ အဆိပ်အတောက်တွေ ထုတ်လွှတ်တဲ့အတွက် ရောဂါဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။

လက္ခဏာများ

ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့လက္ခဏာ ကွားခြားမှုရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့

– အစားပျက်ခြင်း

ပျို့ခြင်း၊ အန်ခြင်း

– ဝမ်းပျက်ခြင်း

– ဗိုက်နာ ဗိုက်အောင့်ခြင်း

– သွေးဝမ်းသွားခြင်း

အဖျားတက်ခြင်း စတာတွေ ဖြစ်ပါတယ်။

အဆိုပါလက္ခဏာတွေကြုံလာရပြီး ရက်အနည်းငယ်နဲ့မှ မသက်သာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကလေးငယ်တွေဆိုရင် အန်ပြီး ဝမ်းသွားပြီဆိုတာနဲ့ ဆရာဝန်ချက်ချင်းပြသင့်ပါတယ်။

အကြောင်းအရင်းများ

အထက်လန်အောက်လျှောဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးစုံ ရှိပါတယ်။ အဓိကဖြစ်စေတဲ့ ပိုးမွှားတွေကတော့

• yersinia (ဝက်သားမှာ အတွေ့များပါတယ်)

• staphylococcus (အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ဥအမျိုးမျိုးမှာ တွေ့ရပါတယ်)

• shigella (ရေထဲမှာ အထူးသဖြင့် ရေကူးကန်တွေကနေ ကူးစက်တတ်ပါတယ်)

salmonella (အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ဥအမျိုးမျိုးမှာ တွေ့ရပါတယ်)

• campylobacter (ကြက်သားဘဲသား စတာတွေမှာ တွေ့ရများပါတယ်)

E. coli (အမဲသား၊ အသီးအရွက်သုပ်တွေကနေ ကူးနိုင်ပါတယ်)

ဘက်တီးရီးယားကြောင့် အထန်လန်အောက်လျှောဖြစ်ခြင်းဟာ လူတဦးနဲ့တဦး ထိတွေ့ရာကနေလည်း ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားပိုးရှိနေတဲ့လက်နဲ့ အစားအစာတွေ၊ အရာဝတ္တုတွေကို ကိုင်တွယ်မိရင်ဖြစ်ဖြစ်၊ လူအချင်းချင်းထိတွေ့မိရင်ဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။

ရောဂါပိုးနဲ့ထိတွေ့ထားတဲ့လက်နဲ့ မိမိရဲ့ မျက်လုံး၊ ပါးစပ်၊ မျက်နှာ စတာတွေကို ထိတွေ့မိရာကတဆင့် ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။ လူထူထပ်တဲ့နေရာတွေမှာဆိုရင် ကူးစက်နိုင်ခြေ ပိုများပါတယ်။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏ ဆေးကြောသင့်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

ဘက်တီးရီးယားကြောင့် အထက်လန်အောက်လျှောဖြစ်ပွားတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေမှာ နောက်ဆက်တွဲပြဿနာကို ပိုမိုကြုံတွေ့ရပါတယ်။ နောက်ဆက်တွဲပြဿနာများအနေနဲ့ အဖျားကြီးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ရေဓာတ်ခန်းခြောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အူလမ်းကြောင်းသွေးယိုခြင်း စတာတွေ ကြုံနိုင်ပါတယ်။ အထက်လန်အောက်လျှောရောဂါဟာ သေချာစွာ မကူသရင် အသက်အန္တရာယ်ထိ ကြုံနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။

ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း စတာတွေ မသက်သာဘဲ ဆက်တိုက်ကြုံနေရရင် ဆေးရုံဆေးခန်းပြသပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

အိမ်သာဝင်ပြီးချိန်နဲ့ အစားအသောက်များကို ကိုင်တွယ်ခါနီးအချိန်တွေမှာ လက်ကို သေချာစွာ ဆေးကြောသင့်ပါတယ်။ အစားအစာများကို မချက်ပြုတ်မီ သေချာစွာ ဆေးကြောရပါမယ်။ အသီးအရွက် အသားငါးများကို သက်ဆိုင်ရာအပူချိန်အလိုက် ကျက်အောင် ချက်ပြုတ်ရပါမယ်။

အသားစိမ်းတွေ၊ ပိုးမသတ်ထားတဲ့နို့တွေ၊ ရက်လွန် အားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အသားငါးများကို လှီးဖြတ်ပြီးချိန်မှာ စဉ့်တီတုံးကို သေချာစွာ ဆေးကြောသင့်ပါတယ်။ တာရှည်ခံအစားအစာများကို သိမ်းဆည်းရာမှာ ရေခဲသေတ္တာထဲမှာ သင့်တော်တဲ့အပူချိန်နဲ့ ချိန်ညှိသိမ်းဆည်းရပါမယ်။ ခရီးသွားလာချိန်မှာ ရေသန့်ဘူးကိုပဲ သောက်သင့်ပါတယ်။ မြစ်ရေကန်ရေတွေကို ကျိုချက်သောက်သုံးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့ အဆို့ရှင်ကြွက်သား ရှိပါတယ်။ အဆိုပါ ကြွက်သားကျဉ်းမြောင်းသွားတဲ့အခြေအနေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးယဉ်ပါးတာက လူသားမျိုးနွယ်ကိုတင် မဟုတ်ဘဲ ကမ္ဘာမြေကြီးတစ်ခုလုံးကိုပါ ပျက်စီးစေနိုင်ပါတယ်။ ကိုယ်ချစ်တဲ့ကမ္ဘာမြေကြီးကို ကိုယ့်လက်နဲ့ကိုယ် အဆုံးမသတ်မိပါစေနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read
အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာရေမျိုအနာဖြစ်ခြင်း

အစာရေမျိုအနာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read