တရက်နှစ်ရက်လောက် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်းများဟာ သိပ်ပြီးပြဿနာ မရှိပါဘူး။ ဒါပေမယ့် ရက်ကြာကြာ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း စတာတွေဟာ အူလမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။ အလွန်အမင်း ဝမ်းချုပ်ခြင်းကြောင့် စအိုဝန်းကျင်မှ သွေးပြန်ကြောများဖောင်းကာ လိပ်ခေါင်းဖြစ်ခြင်း၊ စအိုကွဲရှခြင်း စတဲ့ပြဿနာမျိုးစုံ ဖြစ်လာနိုင်ပါတယ်။
အမျှင်ဓာတ်လုံလောက်စွာ စားခြင်း၊ ရေသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့နေထိုင်စားသောက်ပုံတွေ ပြောင်းလဲပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အလွန်အမင်း ဝမ်းချုပ်နေရင်တော့ တခြားရောဂါတခုခု (ဥပမာ အူမကြီးကင်ဆာ၊ အာရုံကြာဆိုင်ရာ ပြဿနာ၊ ဟော်မုန်းပြဿနာ စတာတွေ)ကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်ပြသင့်ပါတယ်။
သင့်ရဲ့အူလမ်းကြောင်းဟာ အစားအစာတချို့ကို လက်မခံနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို food intolerance လို့ ခေါ်ပါတယ်။ Allergy ခေါ် ဓာတ်မတည့်ခြင်းနဲ့ မတူပါဘူး။ ဓာတ်မတည့်ခြင်းဟာ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူကြပ်ခြင်း စတာတွေဖြစ်စေပြီး အစာလက်မခံတဲ့ အခြေအနေကတော့ အူလမ်းကြောင်းကိုပဲ သက်ရောက်မှု ရှိပါတယ်။ အစာလက်မခံတဲ့အခါ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရင်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိမိနဲ့အဆင်မပြေတဲ့ အစားအစာတွေကို မှတ်သားထားပြီး နောင်မှာရှောင်ကြဉ်ခြင်းအားဖြင့် ဒီပြဿနာကို ကာကွယ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။