backup og meta

ကိုဗစ်ကာလမှာ လူတိုင်းသိချင်နေမယ့် ပုံမှန်အောက်ဆီဂျင်ပမာဏဆိုတာ ဘာလဲ

သွေးတွင်းအောက်ဆီဂျင်ဆိုတာ သွေးထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ အောက်ဆီဂျင်ပမာဏကို ဆိုလိုတာပါ။ အောက်ဆီဂျင်အများစုကို သွေးနီဥဆဲလ်တွေက သယ်ဆောင်ကြပါတယ်။ သွေးနီဥတွေရဲ့ တာဝန်က အဆုတ်က အောက်ဆီဂျင်တွေကို ရယူပြီး ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို ပို့ဆောင်ပေးတာပါ။

သွေးတွင်းအောက်ဆီဂျင်ပမာဏ လုံလောက်မှလည်း ဆဲလ်တွေက အောက်ဆီဂျင် ပြည့်ဝစွာရရှိပြီး ခန္ဓာကိုယ်က ကျန်းမာမှာပါ။ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန်အနေအထားရှိတာက လူတစ်ယောက် ရှင်သန်ဖို့အတွက် တော်တော်လေး အရေးပါပါတယ်။

ဒီတော့ ဘယ်လိုအခြေအနေမှာဆိုရင် သွေးတွင်းအောက်ဆီဂျင်က ပုံမှန်လို့ ပြောနိုင်ပြီး ဘယ်လို အခြေအနေမှာဆိုရင် သွေးတွင်းအောက်ဆီဂျင် ကျနေတာလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားပါမယ်။

သွေးတွင်းအောက်ဆီဂျင် အနေအထား

သွေးတွင်းအောက်ဆီဂျင် အနေအထားက ၉၅ mm Hg (မီလီမီတာ မာကျူရီ) ကနေ ၁၀၀ mm Hg အနေအထားမှာရှိနိုင်ပါတယ်။ ဒါက ပုံမှန် အနေအထားတစ်ရပ်လို့ ဆိုရပါမယ်။ ကျန်းမာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏပေါ့။

တကယ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏက ၉၀ mm Hg နဲ့ အဲ့ပမာဏအောက်ရောက်နေမယ်ဆိုရင်တော့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျနေတာပါ။ ဘာကြောင့် ကျရတာလဲဆိုတာကိုတော့ တတ်ကျွမ်းနားလည်သူက အဖြေထုတ်ပေးနိုင်ပါလိမ့်မယ်။

သွေးတွင်းအောက်ဆီဂျင် တအားနည်းတဲ့အခါ  ခန္ဓာကိုယ်က ဆဲလ်တွေတစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ပေးပို့ဖို့ ခက်ခဲနေတဲ့ အနေအထားပါ။

အမြန်ဆုံးကုသမှု ခံယူဖို့ လိုပါမယ်။

သွေးတွင်းအောက်ဆီဂျင်ကို ဘာနဲ့ တိုင်းမလဲ။

သွေးတွင်းအောက်ဆီဂျင်ကို အထိရောက်ဆုံး တိုင်းတာနိုင်တဲ့ နည်းကတော့ ABG test ပါ။ ဒီစစ်ဆေးမှု လုပ်ဖို့အတွက် သွေးလွှတ်ကြောထဲကနေ သွေးနမူနာကို ရယူရပါမယ်။ အထူးသဖြင့်တော့ လက်ကောက်ဝတ်က သွေးနမူနာကို ရယူတာပါ။ ဒီနည်းက တိကျပေမယ့် အနည်းငယ်နာကျင်နိုင်ပါတယ်။

နေအိမ်မှာ လုပ်​ဆောင်ဖို့လည်း ခက်ခဲပါတယ်။ ဒီတော့ နေအိမ်မှာ အလွယ်ဆုံးတိုင်းတာနိုင်တဲ့နည်းက ဘာလဲဆိုရင် သေးငယ်တဲ့ ကိရိယာလေးဖြစ်တဲ့ pulse oximeter နဲ့ တိုင်းတဲ့နည်းလမ်းပါ။

ဒီ pulse oximeter ကသေးငယ်ပြီး ညှပ်ကလေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ စက်ကလေးထဲကို လက်ညှိုးကိုထည့်ပြီး တိုင်းရတာပါ။ နားရွက်ခြေချောင်း စတာတွေကိုညှပ်ပြီး တိုင်းတာလို့လည်း ရပါတယ်။ လူရဲ့ နှလုံးခုန်နှုန်းကနေတဆင့် သွေးတွင်းအောက်ဆီဂျင်ကို တိုင်းတာတာပါ။

ဒီနည်းက တိုင်းရတာလွယ်တယ်၊ နာကျင်မှု မရှိဘူးဆိုပေမယ့် ABG test လောက်တော့ တိကျမှု မရှိပါဘူး။ လက်ချောင်းတွေက ညစ်ပေနေမယ်၊ အလင်းရောင်စူးလွန်းနေမယ်၊ လက်သည်းနီဆိုးထားမယ်၊ သွေးလှည့်ပတ်မှု သိပ်မကောင်းတဲ့ အခြေအနေဖြစ်နေမယ်၊ စတဲ့ အချက်တွေကြောင့် သွေးတွင်းအောက်ဆီဂျင်ပမာဏ မှားယွင်းတာမျိုး ဖြစ်နိုင်ပါတယ်။

သွေးတွင်းအောက်ဆီဂျင် ကျနေတာလား။

သွေးတွင်းအောက်ဆီဂျင် ကျနေမယ်ဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက်မှာ သွေးတွင်းအောက်ဆီဂျင် ပမာဏ မတူနိုင်သလို သွေးတွင်းအောက်ဆီဂျင် ကျရတဲ့ အကြောင်းအရင်းကလည်း လေထုညစ်ညမ်းမှုကြောင့် အောက်ဆီဂျင် နည်းတာကနေစလို့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ COVID_19 လို ရောဂါမျိုးအထိ ဖြစ်နိုင်ပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hypoxia and Hypoxemia (Low Blood Oxygen) https://www.medicinenet.com/hypoxia_and_hypoxemia/article.htm Accessed Date 19 October 2020

ယခုပုံစံ

05/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement