လျှာကင်ဆာ ရှိ၊မရှိသိဖို့ ဆိုရင် ဆရာဝန်က ခံတွင်းကို အရင်ဆုံး စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ ခံစားရတဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီးမေးမြန်းပါလိမ့်မယ်။ X-rays ရိုက်တာ၊ CT Scan ရိုက်တာတွေလုပ်ပါလိမ့်မယ်။ တစ်ရှုးစယူပြီး စစ်ဆေးတာမျိုးလုပ်ပြီး ကင်ဆာအခြေအနေကို သုံးသပ်ရပါမယ်။
လျှာကင်ဆာကို ဘယ်လိုကုသမလဲ…..
လျှာကင်ဆာကို ကုသဖို့အတွက်က
- ကင်ဆာကျိတ်တွေကို ခွဲစိတ်ဖယ်ရှားမယ်
- ဓာတ်ကင်မယ်
- ဓာတုကုထုံးနဲ့ကုသမယ်
- ကင်ဆာဆေးတွေပေးမယ် စတဲ့ကုထုံးတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ရောဂါအခြေအနေကိုလိုက်ပြီး ကုထုံး ကကွာခြားနိုင်ပါတယ်။ ဒီကုသမှုတွေက သင့်ကို အစားဝါးစားနိုင်အောင် ကူညီပေးမှာဖြစ်ပြီး လျှာလှုပ်ရှားမှုကောင်းစေဖို့နဲ့ မျိုချရလွယ်စေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ စကားပြောရတာလည်း ပိုကောင်းလာစေမှာပါ။ ဒီကုထုံးတွေ ခံယူပြီး သက်သာသွားပြီးဆိုရင်တောင်မှ ပုံမှန်စစ်ဆေးမှုတွေလုပ်နေဖို့တော့လိုပါမယ်။
လျှာကင်ဆာ ကာကွယ်လို့ရလား……..
လျှာကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့
- HPV ကာကွယ်ဆေးထိုးပါ
- လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ
- ဆေးလိပ်နဲ့ဆေးရွက်ကြီးရှောင်ပါ
- အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင်လျှော့သောက်ပါ
- သွားနဲ့ခံတွင်း ကျန်းမာရေးကိုဂရုစိုက်ပါ
- ကွမ်းမစားပါနဲ့
- ၆ လတစ်ကြိမ် ခံတွင်းကျန်းမာရေးစစ်ဆေးပါ
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။