backup og meta

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား။ ရင်သားထွားထွား ရောဂါများများ ဆိုတာကိုရော သတိထားမိရဲ့လား။

ခါးသေးရင်ချီလေးမှ လှတာဆိုပြီး ရင်သား ကြီးတာကို ဂုဏ်ယူစွာပြောနေသူတွေက ဒုနဲ့ဒေးပါ။ ရင်သားကြီးတာက တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ရင်သား ကြီးအောင် ဆေးထိုးတာ၊ ဆေးလိမ်းတာတွေ မလုပ်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။

ရင်သားထွားထွား ရောဂါများများ

ရင်သားကြီးတိုင်း ပိုလှ မသွားပါဘူး။ ရင်သား ကြီးတာက တချို့သော ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒီလိုပြောရတာက ရင်သား ကြီးတာက

ခန္ဓာကိုယ်မှာ နာကျင်မှု ဖြစ်စေပါတယ်

ရင်သား ကြီးတာက ကိုယ်နေဟန်ထား မမှန်တာကို ဖြစ်စေပြီး ကျောရိုးတွေအပေါ်မှာ ဝန်ပိစေပါတယ်။ မတ်တတ်ရပ်တဲ့အချိန်မှာ ပိုသိသာပါတယ်။

ရင်သားက ရှိသင့်တာထက် ပိုကြီးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာကျင်မှု များစွာကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ ပခုံး၊ နောက်ကျော၊ ခါး စတဲ့နေရာတွေမှာ နာတာရှည် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ဆိုရင် သင့်တော်တဲ့ ဘရာကို ဝတ်တာက ကောင်းဆုံးသော နည်းလမ်းပါ။

ချိုင်းအဆီများတာ

ရင်သား အရွယ်အစား ကြီးမားတဲ့အမျိုးသမီးတွေဟာ ရင်သား အထက်ပိုင်း ချိုင်းကြားနေရာတဝိုက်မှာ အဆီတက်တာကို ခံစားရနိုင်ပါတယ်။ လူကို အပေါ်ပိုင်း ကြီးသယောင်ယောင် ဖြစ်စေပါတယ်။

အရေပြား ပိုးဝင်လွယ်တယ်

ရင်သား ကြီးတာက ရင်သားအောက်ဘက်မှာ ချွေးစိုစေပြီး အရေပြားမှာ အင်ပျဉ်လို အဖုအပိမ့်တွေဖြစ်တာ၊ ကုတ်ရာကနေတဆင့် ပိုးဝင်တာ၊ အရေပြားမှာ ချွေးတွေ တစ်ချိန်လုံး စိုစွတ်နေရာကနေ မှိုပိုးဝင်တာ၊ အသား ယားတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒီအရေပြားပြဿနာက ကုသပေမယ့် ခဏခဏ ပြန်ဖြစ်နိုင်ပါတယ်။ ရင်သား ကြီးတာက ရင်သားအောက်ဘက်မှာ ပိုးတွေ အလွယ်တကူ ခိုအောင်းနေနိုင်ပါတယ်။

လှုပ်ရှားရ ခက်ခဲတာ

ရင်သားကြီးတာက နေ့စဉ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာကအစ ပုံမှန် လှုပ်ရှားမှု အဆုံး လုပ်ဆောင်မှု အားလုံးနီးပါးကို အခက်ခဲဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း သင့်တော်တဲ့ sport braကို ဝတ်ဆင်သင့်ပါတယ်။

အသက်ရှူတာပြတ်တောင်း ပြတ်တောင်းဖြစ်စေတယ်

ရင်သား ကြီးတာက ရင်ဘတ်မှာ မလိုအပ်ဘဲ အလေးချိန် ပိုစေပြီး နေရထိုင်ရ သက်သောင့်သက်သာ မရှိစေရုံတင် မကပါဘူး။ အသက်ရှူရ မဝတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အဝတ်အစား ကျပ်ကျပ်တွေ ဝတ်တဲ့ အခါမှာပေါ့။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များစေတယ်

ရင်သားတစ်ရှူးတွေ ပိုများတဲ့အတွက် ရင်သားသေးတဲ့ အမျိုးသမီးတွေထက်စာရင်တော့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ ဖြစ်ကို ဖြစ်မယ်လို့ ပြောတာမဟုတ်ပေမယ့် မိမိရင်သားကို ပိုပြီး ဂရုစိုက် စစ်ဆေးသင့်ပါတယ်။

ရင်သားထွားတာက ဒီလိုတွေတင် ထိခိုက်စေတာ မဟုတ်ဘဲ ရင်သွေးလေးကို နို့ချိုတိုက်ကျွေးရာမှာလည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကြီးတိုင်း မကောင်းတဲ့အထဲမှာ ရင်သားကလည်း တစ်ခု အပါအဝင်လို့ ပြောပါရစေ။

# ရင်သားကင်ဆာ ဖြစ်နိုင်လား ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Overly large breasts may cause health concerns for women and men https://www.mountnittany.org/articles/overly-large-breasts-may-cause-health-concerns-for-women-and-men Accessed Date 6 October 2020

Health Problems Caused By Large Breasts https://www.nordesthetics.com/en/articles/health-problems-large-breasts/ Accessed Date 6 October 2020

ယခုပုံစံ

02/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ

တွဲနေတဲ့ရင်သားတွေ ပြန်လည်ဦးမော့လာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement