ဒီနေ့မှာတော့ ပိန်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်ပြီး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။
၁။ အစာမစားခင် ရေမသောက်ပါနဲ့။ အစာအိမ်ထဲမှာ ရေတွေနဲ့ ပြည့်နေပြီး အစာကောင်းကောင်း မစားနိုင်တဲ့အခါ ကိုယ်ခန္ဓာအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ နည်းသွားနိုင်ပါတယ်။
၂။ မကြာခဏ အစာစားပါ။ တစ်နေ့ကို ၃ကြိမ်ထက်ပိုပြီး အစာစားပါ။ တီဗီကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန် ဗိုက်ဆာပြီဆိုရင် ထမင်းနည်းနည်းဖြစ်စေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတွေ ဖြစ်စေ ယူစားပေးပါ။
၃။ နွားနို့သောက်ပါ။ နွားနို့မှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ အသားဓာတ်၊ ကယ်လိုရီဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေ အများအပြားပါဝင်လို့ မနက်နိုးရင် တစ်ခွက်၊ ညအိပ်ကာနီးရင် တစ်ခွက် နေ့စဉ် သောက်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။