သွေးနီဥဆဲလ်တွေဆိုတာက
သွေးနီဥအားနည်းနေရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ
- နှလုံးခုန်မြန်မယ်
- နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲဖြစ်မယ်
- အရေပြားကဖျော့တော့နေမယ်
- သွားဖုံးတွေဖြူနေမယ်
- မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ်
- မကြာခဏခေါင်းကိုက်မယ် စတဲ့
- ပင်ပန်းနေမယ်
- ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
သွေးနီဥအားနည်းစေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ……..
ခန္ဓါကိုယ်မှာသွေးနီဥ အားနည်းစေတဲ့အချက်က တစ်ခုမကရှိနေနိုင်ပါတယ်။သွေးနီဥအားနည်း အများစုကသွေးအားနည်းရောဂါကို ခံစားနေကြရတာပါ။
- သံဓါတ်ချို့တဲ့မှုကြောင့်
- ဗီတာမင် B12 ချို့တဲ့မှုကြောင့်
- သွေးဆုံးရှုံးမှုကြောင့်
- သွေးကင်ဆာခံစားနေရတာ
- ကင်ဆာရောဂါတစ်ခုခုခံစားနေရတာ
- ကေျာက်ကပ်ရောဂါခံစားနေရတာ
- အသည်းရောဂါခံစားနေရတာ
- သိုင်းရွိုက်ဂလင်းကဟော်မုန်းအလုံအလောက်မထုတ်နိုင်တဲ့ အခြေအနေကို ခံစားနေရတာ
- အဆုတ်ရောဂါရှိတာ
- ဆေးလိပ်အလွန်အကျွံသောက်သုံးတာ
- အပူလောင်ထားတာ
- ကိုယ်လက်လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာတို့ကြောင့် ကိုယ်တွင်းမှာသွေးနီဥဆဲလ်အရေအတွက် နည်းနေနိုင်ပါတယ်။
သွေးနီဥအားနည်းသူတိုင်းမေ့ထားလို့မဖြစ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေက ဘာတွေဖြစ်မလဲ……….
သွေးနီဥအားနည်းသူတွေအနေနဲ့နေ့စဉ်စားသုံးမှုမှာ ဒီ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို ပါဝင်အောင်ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
- သံဓါတ်
- ဖောလစ်အက်ဆစ်
- ဗီတာမင် B12
- ကော့ပါး
- ဗီတာမင် A တို့ပါ။
ဘာတွေစားပေးရမလဲ…….
သွေးနီဥဆဲလ် အားနည်းနေသူတွေအနေနဲ့
သံဓါတ်ပြည့်ဝစေဖို့အတွက်
- အနီရောင်အသား (အမဲသား)
- လိမ္မော်ရောင်အသား (ကျောက်ကပ် နဲ့ အသည်း)
- အစိမ်းရောင် ဟင်းသိးဟင်းရွက်တွေ ( ဟင်းနုနွယ်၊ ကိုက်လန်)
- သစ်သီးခြောက်တွေ ( ဇီးသီးခြောက်၊ စပျစ်သီးခြောက်)
- ပဲအမျိုးမျိုး
- ကြက်ဥအနှစ် တို့ကို စားပေးသင့်ပါတယ်။
ဖောလစ်အက်ဆစ်ပြည့်ဝစေဖို့အတွက်
- ဖောလိတ်ဓါတ် ဖြည့်စွက်ထားတဲ့ပေါင်မုန့်
- ဖောလိတ်ဓါတ် ဖြည့်စွက်ထားတဲ့ ဆီရီယယ်
- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ( ဟင်းနုနွယ်၊ ကိုက်လန်)
- ပဲအမျိုးမျိုး
- ပဲနီလေး
- အခွံမာသီးတွေ စားပေးလို့ရပါတယ်။
ဗီတာမင် B12ပြည့်ဝနေစေဖို့အတွက်
- အနီရောင်အသား (အမဲသား)
- ငါး
- နို့ထွက်ပစ္စည်း (နွားနို့၊ ချိစ်)
- ဥအမျိုးမျိုး တို့ကို စားပေးလို့ရပါတယ်။
ကော့ပါးပြည့်ဝနေစေဖို့အတွက်
- ကြက်သား
- ပင်လယ်ငါး
- အသည်း
- ပဲအမျိုးမျိုး
- ချယ်ရီသီး
- အခွံမာသီးတွေစားပေးလို့ရပါတယ်။
ဗီတာမင် Aပြည့်ဝနေစေဖို့အတွက်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ( ဟင်းနုနွယ်၊ ကိုက်လန်)
- ကန်စွန်းဥ
- သစ်သီးဖျော်ရည်တွေ
- မုန်လာဥနီ
- ငရုတ်ပွ
- ဖရဲသီး
- ဂရိတ်ဖရုစ်
- သခွားမွှေးစတာတွေ စားပေးလို့ရပါတယ်။
ကိုယ်တွင်းမှာသွေးနီဥဆဲလ်မနည်းစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေက
ကိုယ်တွင်းမှာ သွးနီဥဆဲလ်တွေမနည်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လည်း လိုပါမယ်။
- ဆေးလိပ်လျှော့သောက်ပါ
- အရက်လျှော့သောက်ပါ
- အာဟာရပြည့်ဝအောင်စားသုံးပါ
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
- တောင်တက်ပါ
- အပြေးလေ့ကျင့်ပါ
- ရေကူးပါ။
[embed-health-tool-bmi]