မိန်းကလေးတစ်ယောက်ကိုယ့်ကိုကိုယ် ကျန်းမာတက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်စောင့်ရှောက်ဖို့ဆိုရင် သိထားဖို့လိုမယ့်အချက်တစ်ခုရှိပါတယ်နော်။ ဒါက ခန္ဓါကိုယ်ကိုတင် ကျန်းမာအောင်စောင့်ရှောက်ရမှာ မဟုတ်ဘဲ မိန်းကလေးတစ်ယောက်အတွက်အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်လေးကိုလည်းဂရုစိုက်ဖို့လိုပါမယ်နော်။
မိန်းမကိုယ်ရဲ့ အခန်းကဏ္ဍ
မိန်းမကိုယ်လေးက လစဉ်ရာသီသွေးဆင်းဖို့အတွက်၊ ဆီးသွားဖို့အတွက်၊ ကာမဂုဏ်ခံစားဖို့အတွက် နဲ့ မျိုးဆက်ပွားဖို့အတွက်ပါတာဝန်ထမ်းဆောင်ပေးရရှာပါတယ်နော်။ ဒါကြောင့် သူလေးကျန်းမာမှလေဒီလေးတို့ ကျန်းမာတော့မှာပေါ့။ သူသာမကျန်းမာရင်နေရထိုင်ရခက်တာ၊အနံ့အသက်ဆိုးဖြစ်တာအပြင် နှစ်ဦးကြားဆက်ဆံရေးတွေမှာပါ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်နော်။ရေရှည်မှာ စိတ်ဖိစီးမှုများလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကျဆင်းတာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကင်းဖို့ကတော့ လွယ်ပါတယ်။ မိန်းမကိုယ်လေးကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို သိထားရင်ကိုရပြီလေနော်။
ဘာတွေက မိန်းမကိုယ်လေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်လဲ
မိန်မကိုယ်လေးက လုပ်ဆောင်ပေးရတဲ့လုပ်ငန်းတွေများတာကြောင့် ထိခိုက်နိုင်ခြေကလည်းများပါတယ်။
အကာအကွယ်မဲ့လိင်ဆက်ဆံတာ – အကာအကွယ်မဲ့လိင်ဆက်ဆံတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်နော်။
အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာ – အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာက မိန်းမကိုယ်ကိုလေဝင်လေထွက်မကောင်းစေဘဲ အနံ့အသက်ဆိုးထွက်တာ အပြင် မိန်းမကိုယ်မှိုစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။
ချည်သားမဟုတ်တဲ့ အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်းချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေကအနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။
အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ– တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာအပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။
စက်ဘီးစီးတာ–စက်ဘီးစီးတာ၊မြင်းစီးတာလိုမျိုး ကိစ္စတွေကို အချိန်ကြာမြင့်စွာလုပ်မိတဲ့အခါမျိုးမှာလည်း မိန်းမကိုယ်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။
ေသောက်သုံးနေရတဲ့ ဆေးဝါးကြောင့် ဟော်မုန်းပြောင်းလဲမှုဖြစ်တာ– အချို့သောဆေးဝါးတွေကို သောက်သုံးလိုက်တဲ့အခါ ကိုယ်တွင်းမှာအက်စထရိုဂျင်ဟော်မုန်းနည်းလာတဲ့အခါမျိုးမှာလည်းဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ယားယံမှုဖြစ်နိုင်ပါတယ်။
အဝတ်အစားသန့်ရှင်းမှုမရှိတာ – အထူးသဖြင့်တော့ အတွင်းခံပေါ့။ မိုးရာသီလိုရာသီမျိုးမှာ အတွင်းခံတွေကသေချာမခြောက်တဲ့အခါ မှိုပိုးဝင်ပြီး အဖြူဆင်းတာလိုမျိုးပြဿနာခံစားရနိုင်ပါတယ်။နောက်ထပ်ကြုံရနိုင်တာတစ်ခုက အတွင်းခံကပြုတ်ကျတာမျိုး မသန့်တဲ့အရာတစ်ခုခုနပြ ထိထားတာမျိုးကို မသိဘဲ ဝတ်ဆင်မိတာကြောင့် ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ပြီး အဖြူဆင်းတာအပြင် မိန်းမကိုယ်ယားယံတာလိုမျိုးပြဿနာတွေခံစားရနိုင်ပါတယ်နော်။
တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ – တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကလည်း မိန်းမကိုယ်ကျန်းမာရေးကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်စေနိုင်ပါတယ်နော်။
အခုအခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ပြသပါနော်
- အဖြူဆင်းတာက များလာမယ်
- အနံ့ဆိုးမယ်
- ရာသီသွေးဆင်းချိန် တစ်လနဲ့တစ်လကြားမှာသွေးဆင်းမယ်
- သွေးဆုံးပြီးကာမှသွေးပြန်ဆင်းမယ်
- လိင်ဆက်ဆံပြီးချိန်မှာသွေးထွက်မယ်
- မိန်းမကိုယ်ကနေ အကျိအချွဲတွေအများကြီးဆင်းနေတာ
- လိင်ဆက်ဆံချိန်မှာ နာကျင်တာမျိုးခံစားရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။
မိန်းမကိုယ်လေးကျန်းမာစေဖို့
- လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးပါ
- ကာကွယ်ဆေးတွေထိုးထားပါ
- Kegel exercise လုပ်ပေးပါ
- မလိုအပ်ဘဲဆေးတွေမသောက်ပါနဲ့
- အယ်လ်ကိုဟောေသာက်တာကိုလျှော့ပါ
- ဆေးလိပ်ဖြတ်ပါ။
အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလုပ်ဆောင်လို့ ကိုယ့်ကိုကိုယ်ပြည့်ပြည့်ဝဝကျန်းမာတဲ့လေဒီလေးတစ်ယောက်ဖြစ်အောင်ပျိုးထောင်လိုက်ပါနော်။ ဘယ်လိုလဲ။ အဆင်သင့်ဖြစ်ပြီလား…………………….
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-ovulation]