ဒီတစ်ခေါက်မှာတော့ စာဖတ်ပရိသတ်ကြီးအတွက် ခန္ဓါကိုယ်ကျန်းမာဖို့ အရေးပါတဲ့ သိုင်းရွိုက်ဂလင်းလေးအကြောင်းပြောပြပေးချင်ပါတယ်နော်။
သိုင်းရွိုက် ဂလင်းဆိုတာ
သိုင်းရွိုက်ဂလင်းဆိုတာက အရေးပါတဲ့ဟော်မုန်းဂလင်းတစ်ခုပါ။ လည်ပင်းရဲ့ အရှေ့ပိုင်း အသံအိုးအောက်ဘက်မှာရှိပြီး လိပ်ပြာပုံစံရှိတဲ့ ဂလင်းတစ်ခုပါ။ ဒီသိုင်းရွိုက်ဂလင်းက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများကောင်းကောင်းလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးနေတာပါ။ သိုင်းရွိုက်ဂလင်းကျန်းမာမှလည်း ခန္ဓါကိုယ်က ကျန်းမာမှာပါ။ ဒီဂလင်းကျန်းမာဖို့အတွက် အစားအသောက်တွေကနေတဆင့် ထိန်းညှိလို့ရပါတယ်။
သိုင်းရွိုက်ဂလင်းက ဘယ်လိုဟော်မုန်းတွေကို ထုတ်ပေးသလဲ
သိုင်းဂွိုက်ဂလင်းကဟော်မုန်းအမျိုးအစား ၂ မျိုးကိုထုတ်ပေးနေပါတယ်။
- T3 လို့ခေါ်တဲ့Triiodothyronineဟော်မုန်းနဲ့
- T4 လို့ခေါ်တဲ့Tetra iodothyronineဟော်မုန်းတို့ဖြစ်ပါတယ်။
သိုင်းရွိုက်ဂလင်းနဲ့ပတ်သက်လို့ခံစားရနိုင်တဲ့ အခြေအနေ နှစ်ရပ်
Hyperthyroidism ( သိုင်းရွိုက်ဟော်မုန်း အလွန်အကျွံထုတ်ခြင်း)
Hypothyroidism (သိုင်းရွိုက်ဟော်မုန်း လုံလောက်အောင်မထုတ်ခြင်း)
သိုင်းရွိုက်ဂလင်းကျန်းမာအောင် စားပေးသင့်တာတွေက
ဥအမျိုးမျိုး – ကြက်ဥအနှစ်မှာ အိုင်အိုဒင်းနဲ့ ဆီလီနီယမ်တို့ပါဝင်နေပြီး အကာမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။
အနီရောင် အသားများ – အသားတွေမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။
ငါး – ပင်လယ်ငါးတွေမှာ အိုင်အိုဒင်းနဲ့ အကျိုးပြုအဆီတွေပါဝင်နေတာကြောင့် သိုင်းရွိုက်ကျန်းမာဖို့ အထောက်အပံ့ပေးနိုင်မှာပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – မဂ္ဂနီဆီယမ်နဲ့ သိုင်းရွိုက်ဂလင်း ကျန်းမာဖို့အတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်နေတဲ့ အစားအစာအရင်းအမြစ်တွေပါ။ ပုံမှန်စားသုံးပေးသင့်ပါတယ်။
သစ်သီးတွေ – ဘယ်ရီသီးတွေ၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီးတွေမှာ သိုင်းရွိုက်အတွက် လိုအပ်တဲ့ ဓါတ်တွေပါဝင်နေပါတယ်။
အစေ့အဆန်တွေ – ဖရုံစေ့လိုမျိုး အစေ့အဆန်တွေမှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းကျန်းမာဖို့ စားပေးသင့်ပါတယ်။
အခွံမာသီးတွေ – သစ်ကြားသီး၊ သီဟိုဠ်သီးတို့လိုမျိုးအခွံမာသီးတွေမှာ သံဓါတ်ကြွယ်ဝစွာပါဝင်နေပြီး သိုင်းရွိုက်ဂလင်းကျန်းမာဖို့ စားပေးသင့်ပါတယ်။
နို့ထွက်ပစ္စည်းတွေ – နွားနို့၊ ချိစ်၊ ဒိန်ချဉ်တို့ကလည်း သိုင်းရွိုက်ဂလင်းကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
သောက်စရာတွေ –ရေနဲ့အခြားသော ကဖင်းမပါတဲ့သောက်စရာတွေကလည်း သိုင်းရွိုက်ဂလင်းကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
ဆား – သိုင်းရွိုက်ကျန်းမာဖို့ အိုင်အိုဒင်းကမဖြစ်မနေလိုအပ်တာပါ။ ဒါကြောင့် အိုင်အိုဒင်းပါတဲ့ ဆားကို စားသုံးပေးဖို့ မမေ့ပါနဲ့။
[embed-health-tool-bmi]