လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 18, 2020 . 2 mins read
Share now

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက်ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။

ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ… ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။

သားဥကြွေမယ့်ရက်ကို သိရှိခြင်းရဲ့ ကောင်းကျိုး

လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက်ကို သိရှိထားမယ်ဆိုရင်

ကိုယ့်ရဲ့ ရာသီစက်ဝန်းကို သိရှိနိုင်မယ်

လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် တူဖို့ကတေ့ မဖြစ်နိုင်ပါဘူး။

ဒါ​ကြောင့် ကိုယ်က ဘယ်လို ရာသီစက်ဝန်း အမျိုးအစားထဲမှာ ပါသလဲ။ လတစ်လရဲ့ ဘယ်နေ့တွေမှာ ရာသီသွေးပေါ်နိုင်လဲဆိုတာကို သိရှိပြီး လိုအပ်တာတွေကို ပြင်ဆင်နိုင်မှာပါ။ ကိုယ့်ရဲ့ ရာသီစက်ဝန်းကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး တွက်ချက်ကြည့်လို့ ရပါတယ်။

ကိုယ်ဝန်ရရှိမှုကို ထိန်းချုပ်နိုင်မယ်

မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့ တားဆီးနိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိထားဖို့ လိုပါမယ်။  ဒါကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို တားဆီးဖို့ဆိုရင် လေဒီတွေအနေနဲ့ သားဥကြွေမယ့်ရက်ကို သေချာလေး သိထားဖို့ လိုပါမယ်။

ဘေဘီလေး လိုချင်တဲ့ လေဒီတွေ အနေနဲ့လည်း သားဥကြွေချိန်ကို သေချာ သိထားဖို့ လိုပါမယ်။

စိတ်ခံစားမှုကို ထိန်းချုပ်နိုင်မယ်

ရာသီလာခါနီးရက်တွေမှာ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အလိုလိုနေရင်း စိတ်တိုတာ၊ ဒေါသထွက်တာ၊ ငိုချင်တာ၊ ဝမ်းနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် ကြိုတင်ပြင်ဆင်မှု နည်းလမ်းတွေကို လုပ်နိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိရှိထားဖို့ လိုပါမယ်။

သားဥကြွေတော့မှာလား………

သားဥကြွေခါနီးပြီဆိုရင် လေဒီလေးတွေရဲ့ ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေ ပြောင်းလဲတာ – သားဥကြွေခါနီး မိန်းမကိုယ်က ထွက်တဲ့ အချွဲမြှေးတွေဟာ ကြက်ဥ အကာရည်လိုမျိုး ကြည်ပြီး ခပ်ချွဲချွဲဖြစ်နေပါမယ်။

ခန္ဓာကိုယ် အပူချိန် ပြောင်းလဲမယ် – သားဥကြွေခါနီး ၃ – ၄ ရက် အလိုမှာ ခန္ဓာကိုယ်အပူချိန်က ပုံမှန်ထက် မြင့်တက်နေနိုင်ပါတယ်။
ဗိုက်ထဲကအောင့်မယ်ရာသီလာစဉ် နာကျင်ကိုက်ခဲသလိုမျိုး ဗိုက်နဲ့ ဆီစပ်နားက ကိုက်တာ၊ အောင့်တာတွေ ခံစားရနိုင်ပါတယ်။
ရင်သားတွေ နာကျင်မယ် – သားဥကြွေခါနီးမှာ ခံစားရနိုင်တဲ့ နောက်ထပ် လက္ခဏာတစ်ခုက ရင်သားတွေ တင်းပြီး ရင်သားထိပ်တွေ နာကျင်တာပါ။
ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ သားဥကြွေတော့မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအစာလေးတွေ စားပေးလို့ ရတယ်ဆိုတာကို သိပြီးပြီလား...... ကြောက်ရွံ့တာကို သက်သာစေမယ့် အစားအစာတွေက ဘာတွေ ဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read