backup og meta

4

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။
ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာက ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေ၊ ဆားတွေ စုပုံပြီး အစိုင်အခဲ ဖြစ်လာတာပါ။ ဒီအစိုင်အခဲလေးတွေကို ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်တဲ့အခါ နာကျင်မှုကို ခံစားရပါတယ်။ များသောအားဖြင့်ကတော့ ဆီးထဲမှာပါတဲ့ အရည်ဓာတ်က စွန့်ထုတ်လိုက်တဲ့အရာတွေကို တစ်ခုနဲ့တစ်ခု ပေါင်းပြီး အစိုင်အခဲ ဖြစ်မသွားစေဖို့ ကာကွယ်ပေးပါတယ်။ ကျောက်တည်တာက ဆီးလမ်းကျောက်တည်တယ်လို့ ပြောကြပေမယ့် များသောအားဖြင့်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်မတည်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ဘယ်လိုကာကွယ်ကြမလဲ။

ကျောက်ကပ်မှာ ကျောက်တည်ရခြင်းက များသောအားဖြင့် ရေသောက်နည်းတာကနေ စတာပါ။ ဒါ​ကြောင့် ကျောက်ကပ် ကျောက်မတည်စေဖို့ဆိုရင်

ဆီးထဲမှာ ရေဓာတ် များများပါတာက ဆီးထဲက သတ္တုဓာတ်တွေနဲ့ ဆားဓာတ်တွေကို  စုပုံတာမျိုး ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားတဲ့အခါတိုင်း ဆီးအရောင်ကို ကြည့်ပါ။

ဆီးအရောင်က ဝါကျင့်မနေအောင် များများသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်သောက်တာက ကျောက်ကပ်မှာ ကျောက်မတည်စေဖို့ ကာကွယ်ရာရောက်ပါတယ်။

ဆိုဒီယမ်၊ ဆား အစားများတာက ရေတွေစုပြီး ဖောတာရောင်တာကို ဖြစ်စေနိုင်သလို၊ ရေဓာတ် ကုန်ခမ်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာမှာ ဆားပမာဏ များများ စားသုံးတာက ကိုယ်တွင်းရေဓာတ်ကို ကျစေပြီး ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။

ဒါ​ကြောင့် တတ်နိုင်သမျှ ဆားလျှော့စားပါ။ အငန်ကဲတဲ့ အစားအစာတွေကို လျှော့စားပါ။

အဝလွန်တာက ကျောက်ကပ်ကို ဝန်ပိစေနိုင်တာကြောင့် ကျောက်ကပ်လေး ကျန်းမာစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းဖို့ လိုပါမယ်။ ကိုယ်အလေးချိန်များလို့ ပရိုတင်းတွေ စားပြီး ဝိတ်ချမယ်ဆိုရင်လည်း တစ်နေ့တာ လိုအပ်ချက်ထက် ပိုမစားမိဖို့ လိုပါတယ်။ တိရစ္ဆာန်တွေကရတဲ့ ပရိုတင်းတွေကို အလွန်အကျွံ စားတာကလည်း ဆီးကျောက်တည်နိုင်‌ခြေကို များစေပါတယ်။

  • Oxalateပါတဲ့ အစားအစာတွေကို အလွန်အကျွံ မစားပါနဲ့။

Oxalate ပါဝင်တဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။ ဒါကြောင့် ဂရိတ်ဖရု၊ ခရင်မ်ဘယ်ရီ၊ အာလူး၊ ပဲပိစပ်၊ဟင်းနုနွယ်၊ မြေပဲ၊ သီဟိုဠ်စေ့၊ ချောကလက်၊ ကညွတ်၊ ဘယ်ရီသီးတွေစတာတွေကို လျှော့စားပါ။

  • ကယ်ဆီယမ် အစားနည်းတာ

ကယ်ဆီယမ်က ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ Oxalate တွေကို ဆီးလမ်းကြောင်း‌ကနေ စွန့်ထုတ်ပေးဖို့ ကူညီပေးပါတယ်။ ကယ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို အစားနည်းတဲ့အခါ Oxalate တွေကို မစွန့်ထုတ်နိုင်တာကြောင့် ဆီးကျောက်တည်နိုင်ခြေ ပိုများပါတယ်။

ကဖင်း အများကြီးသောက်တာ၊ စားတာက ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ကိုယ်တွင်း ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ကဖင်းပမာဏ ၄၀၀ မီဘီဂရမ်သာ စားသုံးပေးဖို့ လိုပါမယ်။

ကဖင်းဆိုတဲ့နေရာမှာ ကော်ဖီအပြင် ဆိုဒါ၊ ချောကလက်၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စတာတွေကို လျှော့ဖို့ လိုပါမယ်။

အချိုကဲတဲ့ အချိုရည်တွေက ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ ဒါကြောင့် ရေအစား အချိုရည်သောက်တာ၊ အချိုရည်တွေကို အတိုင်းထက်အလွန် သောက်တာမျိုး မလုပ်ပါနဲ့။

  • ဗီတာမင် ဒီအလွန်အကျွံသောက်တာ

ဗီတာမင်ဒီကြောင့် ကျောက်တည်တာက အစားအသောက်တွေကြောင့်ဆိုတာထက် အားဆေးတွေ အလွန်အကျွံသောက်ပြီး ပိုလျှံနေတာကြောင့်ပါ။ ဒါကြောင့် ဗီတာမင်ဒီကို အားဆေးအနေနဲ့ သောက်မယ်ဆိုရင် လိုမှသောက်ပါ။ အညွှန်းအတိုင်း သောက်ပါ။

ဒါတွေကတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကြောင့် ဆီးကျောက်တည်နိုင်ခြေ များစေတဲ့ အချက်တွေပါ။ ရောဂါအခံတွေ၊ ဆေးဝါးတွေကြောင့်လည်း ဆီးကျောက်ဖြစ်နိုင်တာကြောင့် လက္ခဏာတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What are Kidney Stones? https://www.urologyhealth.org/urology-a-z/k/kidney-stones Accessed Date 10 Deceber 2020

Kidney Stones (nephrolithiasis) https://www.medicinenet.com/kidney_stones/article.htm Accessed Date 10 Deceber 2020

ယခုပုံစံ

21/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement