backup og meta

သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

    သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့)

    ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။

    ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။

    ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။

    ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က ထိန်းညှိပေးပြီးတော့ သူက သင်ခန္ဓါကိုယ်ရဲ့ အရည်ပမာဏ ထိန်းညှိမှုကို လုပ်ဆောင်ပါတယ်။ ဆားဟာ အာရုံကြော နှိုးဆွမှု ဖြစ်စေပြီး ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကို အကျိုးသက်ရောက်ပါတယ်။ ဆားဟာ ရေ သိုလှောင်ခြင်းကို ထိန်းညှိပေးတဲ့အတွက် သင့်ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဟာ သွေးပမာဏနဲ့ ဖိအားကို ထိန်းချုပ်တဲ့နေရာမှာ အလွန်အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆားကို တစ်နေ့ ၆ဂရမ်ထက်ပိုပြီး မစားသင့်ပါဘူး။ ဒါပေမယ့် လူအတော်များများကတော့ ပိုပြီး စားနေကြပါတယ်။

    ညီမျှမှုကတော့ အလွန်အသေးစိတ်ပါတယ်။ ဆားအများကြီး စားခြင်းဟာ သွေးဖိအားနဲ့ဆက်နွယ်နေတဲ့ ကိုယ်ခန္ဓါထဲမှာ အရည်တွေ သိုလှောင်ထားခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒါဟာ မော်လီကျူးအဆင့်မှာ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိရှိမှု နည်းပါးတယ်လို့ ဆိုပါတယ်။

    နေ့စဉ်စားသောက်တဲ့ ဆားပမာဏအများစုဟာ မမြင်နိုင်ပါဘူး။ အကြမ်းဖျင်းအားဖြင့် ၈၀ ရာခိုင်နှုန်းသော ဆားတွေဟာ ပြုလုပ်ပြီးသား အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ မနက်စာ စားသောက်ဖွယ်၊ အသင့်စား အစားအသောက်တွေနဲ့ ယူဆောင်သွားလို့ရတဲ့ အစားအသောက်တွေ အတွင်းမှာ တည်ရှိနေပါတယ်။ ၂၀ ရာခိုင်နှုန်းကသာ ဟင်းချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆား ပုံစံနဲ့ လာပါတယ်။

    ဆားပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ။

    မမြင်နိုင်တဲ့ ဆားပမာဏကို လျှော့ချဖို့ နဲ့ဆားစားတာ လျှော့ ဖို့ဆိုရင် ဆားနည်းနည်းပဲ ပါတဲ့အစားအသောက်တွေ စားသောက်ခြင်းနဲ့ ဟင်းချက်တဲ့အခါ ဆားမထည့်ခြင်းက အကောင်းဆုံး နည်းလမ်းပါပဲ။

    အစားအသောက် အညွှန်းတွေမှာ ဆားပမာဏ နည်းလား၊ အနေတော်လား၊ များလားဆိုတာ မြင်တွေ့နိုင်ပါတယ်။ (ဆိုဒီယမ်နဲ့ မမှားသင့်ပါဘူး)

  • နည်း – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၃ ဂရမ် ဆား (သို့) ဝ.၃ ဂရမ်အောက် (ဒီလိုအစားမျိုးကို များများစားပါ)
  • အသင့်အတင့် – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၃ ကနေ ၁.၅ ဂရမ် ဆား (ဒီလိုအစားမျိုးကို တစ်ခါတရံစားပါ)
  • များ – အစားအသောက် ၁၀၀ဂရမ်မှာ ၁.၅ ဂရမ် နဲ အထက် ဆား (ဒီလိုအစားမျိုးကို လုံးဝရှောင်ကြဉ်ပါ)
  • ဆိုဒီယမ် ပမာဏဆိုတာ ဘာကိုဆိုလိုပါသလဲ

    တချို့အညွှန်းတွေမှာတော့ ဆားဘယ်လောက်ပါတယ်ဆိုတာ ပြောမှာ မဟုတ်ပဲ ဆိုဒီယမ် ဘယ်လောက်ပါလဲဆိုတာသာ ပါနိုင်ပါတယ်။ ဆိုဒီယမ်ဟာ ဆားမှာပါတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဆိုဒီယမ် ၁ ဂရမ် ဟာ ဆား ၂.၅ ဂရမ်နဲ့ ညီမျှပါတယ်။

    • နည်း – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၁ ဂရမ် ဆိုဒီယမ် (သို့) ဝ.၁ ဂရမ်အောက် (ဒီလိုအစားမျိုးကို များများစားပါ)
    • အသင့်အတင့် – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၁ ကနေ ဝ.၆ ဂရမ် ဆိုဒီယမ် (ဒီလိုအစားမျိုးကို တခါတရံစားပါ)
    • များ – အစားအသောက် ၁၀၀ဂရမ်မှာ ဝ.၆ ဂရမ် နဲ့ အထက် ဆိုဒီယမ် (ဒီလိုအစားမျိုးကို လုံးဝရှောင်ကြဉ်ပါ)

    တကယ်လို့ အညွှန်းမှာ ဆား (သို့) ဆိုဒီယမ် ဘယ်လောက်ပါလဲ ပြောမထားဘူးဆိုရင် ပါဝင်ပစ္စည်း စာရင်းကို ကြည့်ပါ။ ဆားဟာ စာရင်းရဲ့ အပေါ်ကိုရောက်လေလေ ဆားများများ ပါနိုင်လေလေပါပဲ။

    ဆိုဒီယမ်ဟာ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ။

    သူဟာ သွေးပေါင်ထိုးတက်စေကာ အသံတိတ်လူသတ်သမားလို့လဲ ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လက္ခဏာတွေဟာ အမြဲတမ်း ထင်ထင်ရှားရှား မရှိသောကြောင့် ဖြစ်တယ်။

    • ဒါဟာ နှလုံးရောဂါဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းများထဲက တစ်ခုဖြစ်ပြီးတော့ ကမ္ဘာတလွှား သေနှုန်း အမြင့်ဆုံး နံပါတ်တစ် လည်း ဖြစ်ပါတယ်။
    • အမေရိကမှာ အမျိုးသမီးသေဆုံးမှုအတွက် အဓိက ကျတဲ့ အကြောင်းရင်းဖြစ်ပြီး အမျိုးသားသေဆုံးမှုအတွက်ကတော့ ဒုတိယမြောက် အကြောင်းရင်းဖြစ်ပါတယ်။
    • အမေရိကန်အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံဟာ သွေးတိုးရောဂါ ရှိပါတယ်။ ၉၀ရာခိုင်နှုန်းသော အမေရိကန်အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ သွေးတိုးဖို့ အလားအလာ ရှိပါတယ်။
    • စပိန် (သို့ စပိန်စကားပြောနိုင်ငံများမှ မဟုတ်သော လူမည်း ၄၀ရာခိုင်နှုန်း ကျော်မှာလည်း သွေးပေါင်တက်ကြပါတယ်။ လူမည်းတွေမှာ လူဖြူတွေထက် သွေးတိုးပိုဖြစ်ပွားရုံသာမက အသက်ငယ်ငယ်မှာလဲ ပိုစဖြစ်တတ်ကြပါတယ်။

    သင့်မှာ သွေးတိုးမရှိဘူးရင်တောင် ဆိုဒီယံကိုအနည်းငယ်သာ စားသုံးခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်လာတဲ့ သွေးပေါင်တက်ခြင်း၊ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ အစားအိမ်ကင်ဆာနဲ့ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပွားနှုန်းကို လျှော့ချပေးပါတယ်။ ကိုယ်ခန္ဓါထဲ ရှိ ပိုလျှံနေတဲ့ ရေတွေဟာ ကိုယ်အလေးချိန်တက်ခြင်းကိုလဲ ဖြစ်စေပါတယ်။

    ဆားလျှော့စားပြီး သွေးဖိအားထိန်းသိမ်းနည်း ရှစ်ချက်

    • ဟင်းချက်စဉ် ဆားမထည့်ပါနဲ့။ ဒါဟာ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်နဲ့ ဟင်းခတ်တုံးတွေလည်း ပါဝင်ပါတယ်။
    • အရသာကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ငရုတ်သီး၊ ဂျင်း၊ သံပရာသီးနဲ့ သံပရိုသီးတို့က တစ်ဆင့် ရယူပါ။
    • သင်ဟာ ဆားအရသာ မရလို့ မဖြစ်ဘူးဆိုရင် ဆိုဒီယမ်မာဏနည်းတဲ့ ဆားအစားထိုးအရာကို အသုံးပြုနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ဆီးချို ရောဂါရှိရင် ဆရာဝန် (သို့) သူနာပြုဆရာမ နဲ့ ပြသပါ။
    • ဆော့စ် နဲ့ ဆားရည်စိမ် ပါင်းသီးပါင်းရွက်တွေဟာ ဆားအများအပြားပါဝင်ပါတယ်။ အညွှန်းကိုကြည့်ပြီး ဆားနည်းတာကို ရွေးချယ်ပါ။
    • မနက်စာ အစားအစာနဲ့ ပေါင်မုန့်တွေမှာလည်း ဆားများစွာ ပါဝင်ပါတယ်။ တံဆိပ်တွေယှဉ်ကြည့်ပြီး အညွှန်းတွေကို ကြည့်ရှုပါ။
    • ကျပ်တိုက်ထားတဲ့ အသားငါးတွေမှာလည်း ဆားများစွာပါဝင်ပါတယ်။ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
    • အပြင်ထွက်စားသောက်မယ်ဆိုရင် သင့်အစားအစာကို ဆားလျှော့ထည့်ခိုင်းပါ။ ဒါဟာ ပြောလို့ရချင်မှရနိုင်ပေမယ့် ကြိုးစားကြည့်သင့်ပါတယ်။
    • ဆားအနည်းငယ်သာပါဝင်တဲ့ ဟင်းချက်နည်းတွေကို ရှာဖွေပါ။ အပြင်မှာ ရှာဖွေလို့ရတဲ့ ဆားအနည်းငယ်သာ အသုံးပြုတဲ့ ဟင်းချက်နည်း စာအုပ်တွေ ရှိပြီး အင်တာနက်ပေါ်ကလည်း ရှာဖွေနိုင်ပါတယ်။
    • သင်စားတဲ့ ဆားပမာဏအတိအကျကို လိုက်ပြီး ပူပန်မနေသင့်ပဲ ဆားအနည်းငယ်ပါဝင်တဲ့ အစားအစာကိုသာ စားသုံးပါ။ တစ်နေ့ကို ၆ဂရမ်ဟာ သင် အများဆုံး စားသင့်တဲ့ ပမာဏဖြစ်ပြီး နည်းနည်း စားလေ ကောင်းလေပါပဲ။
    • အစမှာတော့ အရသာတစ်မျိုးကြီး ဖြစ်နေနိုင်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ သင့်ရဲ့ အရသာအရုံခံတဲ့ အဖုလေးတွေဟာ သူ့ဟာသူ ထိန်းညှိပေးပြီး ဆားအနည်းငယ်သာ ပါတဲ့ အစားအစာတွေကို သင်ကြိုက်နှစ်သက်လာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement