backup og meta

ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ

ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ

ဒီကိစ္စဟာ လူတွေ သတိမထားတတ်တာရော၊ ပြောရမှာ ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ခံစားနေရတာကြောင့်ရော သိပ်မပြောကြပါဘူး။ ဒါပေမယ့် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လိင်အင်္ဂါနား နီးစပ်နေတဲ့ ပေါင်ကြား (ပေါင်ခြံ) မည်းနိုင်ပါတယ်။ ဒီလိုနဂိုအသားအရောင် ပျောက်ပြီး မည်းလာတာ၊ အရောင်မွဲခြောက်လာတာ ဘာကြောင့်လဲ။ ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ ……..

နဂိုတည်းကလည်း ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ အရေပြားက မယ်လနင်ဓာတ်တွေ အများအပြား ထုတ်လွှတ်တဲ့အခါ အရေပြားဟာ မူလအရောင်မှိန်လာပြီး အချိန်ကြာလာတာနဲ့အမျှ အမည်းရောင်ကို ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေးအရ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ကမ်းခြေတွေ သွားလို့ အတိုအပြတ်တွေ ဝတ်တဲ့အခါမှာ ရှက်စရာ၊ ကိုယ့်စိတ်ထဲမှာ မလုံခြုံသလို ခံစားရနိုင်ပါတယ်။

ပေါင်ကြား မည်းလာရခြင်း အကြောင်းရင်းများ

၁။ လမ်းလျှောက်ချိန်၊ အားကစားလုပ်ချိန်မှာ အသားချင်း ပွတ်တိုက်မိတာ၊

၂။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ မိခင်နို့တိုက်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာ၊

၃။ တချို့သော ဓာတုကုထုံးတွေ၊ ပဋိဇီဝဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာ၊

၄။ နေရောင်ခြည်နဲ့ ထိတွေ့လွန်းတာ၊

၅။ အသားအရေ ခြောက်တာ၊

၆။ အဝတ်တွေ အထူးသဖြင့် ဘောင်းဘီကို ကျပ်နေအောင် ဝတ်တတ်တာ၊

၇။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာ၊

၈။ ဆီးချိုရောဂါနဲ့ အရေပြားရောဂါတွေကြောင့်လည်း ပေါင်ခြံ မည်းတဲ့ ပြဿနာ ကြုံလာနိုင်ပါတယ်။

ပေါင်ကြားမည်းတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ။

ပေါင်ကြားမည်းတဲ့ ပြဿနာ ဒီလို ဖြေရှင်းပါ။

၁။ ရေချိုးတဲ့အခါ သေချာဆေးကြောပါ။

၂။ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို သိပ်မဝတ်ပါနဲ့။ ချောင်ချောင်ချိချိ အဝတ်အထည်တွေ၊ လေဝင်လေထွက် ကောင်းမယ့် အဝတ်အစားတွေ များများ ဝတ်ပါ။

၃။ အတွင်းခံတွေကိုလည်း ကျပ်နေအောင် မဝတ်ပါနဲ့။ ပွတ်တိုက်ဖန်များပြီး ချွေးတွေ ထွက်လာတဲ့အခါ အရေပြား မည်းလာနိုင်သလို ရောဂါပိုးတွေ ပိုပြီး အောင်းနိုင်ပါတယ်။

၄။ လိင်အင်္ဂါတစ်ဝိုက်ကို မကြာခဏ အမွေးအမျှင်ရိတ်ခြင်း၊ wax လုပ်ခြင်း မပြုလုပ်ပါနဲ့။

၅။ ပေါင်ခြံကို Scrubအကြမ်းစားတွေနဲ့ မကြာခဏ တိုက်တာမျိုးကို ရှောင်ပါ။ Moisturizer လိမ်းပေးပါ။

ဘယ်လို သဘာဝနည်းလမ်းတွေနဲ့ ကုသလို့ ရမလဲ။

၁။ အုန်းဆီနဲ့ သံပုရာရည်

သံပုရာရည်မှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ အုန်းဆီရဲ့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိဟာ ပေါင်ခြံမည်းတဲ့သူတွေအတွက် အကောင်းဆုံး ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေထဲက တစ်မျိုးပါပဲ။

အုန်းဆီ ၂ဇွန်းလောက်ကို သံပုရာသီး တစ်ဝက်ညှစ်ပြီး ရောမွှေပါ။ မည်းနေတဲ့ အရေပြားကို ၁၀ မိနစ်ခန့် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးပါ။

၂။ သကြား scrub

သကြားဟာ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ကွာကျစေပါတယ်။ မည်းပြီး ကြမ်းတမ်းပျက်စီးနေတဲ့ အရေပြားအတွက် အလွန်သင့်လျော်တဲ့ နည်းလမ်းလေးပါ။

သံပုရာရည်၊ သကြား တစ်ဇွန်းနဲ့ ပျားရည် တစ်ဇွန်းကို သမအောင် ရောမွှေပြီး ပေါင်ခြံကို ပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။

၃။ ရှားစောင်းလက်ပက် ဂျယ်လ်

ရှားစောင်းလက်ပက်ဟာ အရေပြား အလှအပအတွက် အစွမ်းထက် ဆေးပစ္စည်းတစ်မျိုးပါပဲ။ အသားအရေ လှပစေတဲ့ နေရာမှာရော၊ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ အလွန်အာနိသင်ကောင်းတာကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

ရှားစောင်းလက်ပက်ကရတဲ့ ဂျယ်လ်ကို အရေပြားပေါ်မှာ ပွတ်လိမ်းပေးရုံနဲ့ မှိန်နေတဲ့ အသားအရောင်ဟာ ပြန်ပြီး ဝင်းပလာနိုင်ပါတယ်။ ဒီတိုင်းလိမ်းထားလို့လည်း ရသလို အသုံးပြုပြီးတဲ့အချိန်မှာ ရေနဲ့ ပြန်ဆေးပေးလို့လည်း ရပါတယ်။

၄။ အာလူးစိတ်

အရောင်မှိန်နေတဲ့ နေရာ၊ မည်းနေတဲ့ အသားအရေပေါ်မှာ အာလူးကို မထူ မပါး လှီးစိတ်ပြီး အနည်းဆုံး ၁၅မိနစ်ခန့် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ သေချာဆေးပေးပါ။

အာလူးမှာ ပါဝင်တဲ့ အင်ဇိုင်းဟာ အရေပြားကို ဝင်းပလာစေပြီး မည်းညစ်နေတဲ့ နေရာတွေကိုလည်း ပြန်လည်ဖြူလာစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Treating Dark Inner Thighs –https://www.healthline.com/health/dark-inner-thighs (Dec 26, 2018)

Home Remedies For Pigmentation –https://www.healthline.com/health/home-remedies-for-pigmentation (Dec 26, 2018)

ယခုပုံစံ

04/10/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေလည်း ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့လိုအပ်ပါတယ်

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement