ကြက်ဟင်းခါးသီး အသားအရေ လှစေသလား ……

ကြက်ဟင်းခါးသီး အသားအရေ လှစေသလား …… ဆိုတော့ လှစေနိုင်ပါတယ်။ ကြက်ဟင်းခါးသီးက အသားအရေ လှပမှုကို ဘယ်လိုများ ထောက်ကူပေးနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
အနာအဆာ ကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ် ကြက်ဟင်းခါးသီး စားပေးပါ။ ကြက်ဟင်းခါးသီးမှာ ဓာတ်ဆိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။ အရွယ်တင်စေပြီး အရေးအကြောင်း ကင်းစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် အသားအရေကို ကြည်လင်လှပစေမှာပါ။
ကြက်ဟင်းခါးသီးရဲ့ နောက်ထပ် အသားအရေကို အထောက်အကူပြုပေးတဲ့ အကျိုးကျေးဇူး တစ်ရပ်ကတော့ အရေပြားကို နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတာပါ။ နေပူဒဏ်ကြောင့် အရေပြား နေလောင်မွဲခြောက်တာကို သက်သာစေနိုင်ပါတယ်။ UV ကြောင့် အရေးအကြောင်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။
ကြက်ဟင်းခါးသီးက ပိုးဝင်တာကို အတွင်းပိုင်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောင့်ဖြစ်တဲ့ အသားယားတာ၊ ပွေး၊ ဆိုရီရေးစစ် နဲ့ အခြားသော မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ အရောင်ကျစေနိုင်ပြီး ဝက်ခြံတွေကို သက်သာစေသလို ပိုးဝင်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
ကြက်ဟင်းခါးသီးမှာ ဗီတာမင် A၊ ဗီတာမင် C၊ ဇင့် နဲ့ ဘိုင်အိုတင်တို့ ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အရွယ်တင်စေနိုင်ပါတယ်။
သွေးမသန့်တာကြောင့် ဖြစ်တဲ့ အရေပြား ယားယံတာကို သက်သာစေနိုင်ပါတယ်။ အရေပြား ယားယံတာကို အမျိုးမျိုးကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြား ပိုးဝင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
ပွေး၊ သဲဝဲတို့လိုမျိုး အရေပြားပြဿနာတွေ၊ ဆိုရီရေးစစ်နဲ့ နှင်းခူတို့လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ သက်သာစေဖို့ ကြက်ဟင်းခါးသီး စားပေးပါ။
ဗီတာမင် C ကြွယ်ဝမှုက အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ကင်းပြီး အရေပြား လှစေဖို့ ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။
နွေရာသီလိုမျိုး ပူပြင်းတဲ့အချိန်မှာ ခံစားရလေ့ရှိတဲ့ အရေပြားပြဿနာ တစ်ရပ်ဖြစ်တဲ့ မိတ်သက်သာစေဖို့လည်း ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။ စားပေးလို့ ရသလို အရည်ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် သုံးပေးလို့လည်း ရပါတယ်။
ကြိတ်ရည်ကို ချိုးရေထဲ ထည့်ချိုးပေးလို့လည်း ရပါတယ်။ နွေရာသီမှာ အရေပြား ပြဿနာ ကင်းစေဖို့ ကြက်ဟင်းခါးသီးက ထောက်ကူပေးနိုင်ပါတယ်။
ကဲ….. အဖြေထွက်ပြီဟုတ်။
ကြက်ဟင်းခါးသီး အသားအရေ လှစေပါတယ်
ကြက်ဟင်းခါးသီး အသားအရေ လှစေပါတယ်
- အသားအရေကို ကြည်လင်လှပစေတယ်
- ခရမ်းလွန်ရောင်ခြည်က ကာကွယ်ပေးတယ်
- ဝက်ခြံ သက်သာစေတယ်
- အရွယ်တင်စေနိုင်တယ်
- အရေပြားယားယံတာကို သက်သာစေတယ်
- အရေပြား ပြဿနာတွေကို သက်သာစေနိုင်တယ်
- အမည်းစက်တွေ သက်သာစေတယ်
- မိတ် သက်သာစေနိုင်တယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။