backup og meta

သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး

သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး

အသားအရေ ကျန်းမာမှုက လူတိုင်းအတွက် အတော်လေး အရေးကြီးပါတယ်။ အရေပြားက ခန္ဓာကိုယ်မှာ အကြီးမားဆုံး အစိတ်အပိုင်းဖြစ်သလို ခန္ဓာကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်ပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ အသားအရေကို အမြဲမပြတ် ဂရုစိုက်တာကို အရင်က သိပ်မလုပ်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ တော်တော်များများ လုပ်ဆောင်လာကြပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ အသားအရေကို ထောက်ကူပေးမယ့် သဘာဝ ပစ္စည်းလေး တစ်မျိုးဖြစ်တဲ့ သော်ကပင်မှာ အသားအရေ ကျန်းမာရေးအတွက် ဘယ်လို အစွမ်းသတ္တိတွေ ပါဝင်နေလဲ ဆိုတာကို  ပြောပြပေးသွားပါမယ်။

သော်ကပင် ဆိုတာ

သော်ကပင် ဆိုတာက မိုးသစ်တောအပင် တစ်မျိုးပါ။ အိန္ဒိယတိုက်ထဲမှာ တွေ့ရနိုင်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အစိမ်းရင့်ရောင် အရွက်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါတယ်။ အပင်ရဲ့ ပုံပန်းသဏ္ဍာန်က ကတော့ မှောက်ရက်အနေအထားနဲ့ တူပါတယ်။ လိမ္မော်ရောင် နဲ့ အဝါရောင် ပန်းလေးတွေ အခိုင်လိုက် ပွင့်တတ်ပြီး မကြွေခင်မှာ အနီရောင် ပြောင်းသွားတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေ အမြတ်တနိုးထားကြတဲ့ အပင်တစ်မျိုးပါ။

သော်ကပင်မှာပါတဲ့ အာဟာရဓာတ်တွေ

သော်ကပင်မှာ များစွာသော အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • tannin
  • glycoside
  • essential oils
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • ကာဗွန်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး

ကဲ …. သော်ကပင်နဲ့ အသားအရေ ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်နော်။ သော်ကပင်က အသားအရေကို အခုလို ကျန်းမာစေပါတယ်။

  • ဝက်ခြံ သက်သာစေတယ်

သော်ကပင် အခေါက်ကို ပြုတ်ပြီး အနှစ်တိုက်လိုက်ပါ။ ပြီးရင် မုန်ညှင်းဆီထည့်ပြီး အအေးခံလို့ အရေပြားပေါ်မှာ လိမ်းပေးတာက ဝက်ခြံ သက်သာစေနိုင်ပါတယ်။

  • အရေးအကြောင်းတွေကို သက်သာစေတယ်

သော်ကပင်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကို အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • အသားအရောင် ညီစေတယ်

သော်ကပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • အရောင်ကျစေနိုင်တယ်

သော်ကပင်ခေါက်ကို သွေးပြီး သောက်ပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

  • ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်

သော်ကပင်မှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

  • အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်

ရေဓာတ် ကြွယ်ဝတဲ့ သော်ကပင်က အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။ အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှုရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။

  • အသားအရေ ကြည်လင်စေတယ်

သော်ကပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေမှုက အသားအရေ ကြည်လင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကဲ …… အသားအရေ လှပစေဖို့ သော်ကပင်ကို အားကိုးလို့ ရပါတယ်။ ဒါပေမယ့် သော်ကပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုသေးတာကြောင့် ကိုယ့်ရဲ့ အရေပြားပြဿနာတွေက တအားဆိုးနေရင် စနစ်တကျကုသမှုခံယူပါ။ ဓာတ်မတည့်ပြဿနာရှိသူတွေ၊ ထိခိုက်လွယ်အသားအရေရှိသူတွေဆိုရင်လည်း သတိထားပြီး သုံးဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Benefits Of Ashoka Tree And Its Side Effects https://www.lybrate.com/topic/ashoka-tree-uses-benefits-and-side-effects Accessed Date 27 October 2022

Ashokarishta: Uses, Benefits, Side Effects, Precautions & More! https://pharmeasy.in/blog/ayurveda-uses-benefits-side-effects-of-ashokarishta/ Accessed Date 27 October 2022

Ashoka Benefits https://www.indigo-herbs.co.uk/natural-health-guide/benefits/ashoka#:~:text=Skin%20Health%20%2D%20The%20root%2C%20bark,freckles%20and%20calm%20down%20inflammation. Accessed Date 27 October 2022

ASHOKA https://www.1mg.com/ayurveda/ashoka-101 Accessed Date 27 October 2022

Ashoka/ Saraca indica: Uses, Benefits, Indications, Dosage, Doshas, Side-Effects And Precautions https://www.netmeds.com/health-library/post/ashoka-saraca-indica-uses-benefits-indications-dosage-doshas-side-effects-and-precautions Accessed Date 27 October 2022

ယခုပုံစံ

06/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား

Royal Jelly နဲ့ အသားအရေ ကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement