backup og meta

ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး

    ဝက်ခြံတွြေဖစ်နေတယ်။နေ့တိုင်း ဝက်ခြံကြောင့် စိတ်အနှောင့်အယြှက်ဖစ်ရလို့ ဝက်ခြံတွေပျောက်ချင်နေတယ်။ ဒါပေမယ့်ဆေးဝါးတွေ မသုံးချင်ဘူး။ သဘာဝနည်းလေးနဲ့ပဲသက်သာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဝက်ခြံသက်သာစေမယ့် သဘာဝကုထုံးလေးတွေကို မျှဝေပါရစေ။

    ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံးသဘာဝနည်းလမ်း ၅ သွယ်

    (၁) လက်ဖက်ဆီ

    ဝက်ခြံဖြစ်တဲ့နေရာမှာလက်ဖက်ဆီလေးလူးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်ဆီက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာကို သန့်စင်ပြီး ဝက်ခြံရှိတဲ့နေရာလေးတွေမှာ လက်ဖက်ဆီ ခပ်ပါးပါးလူးလို့ အိပ်ရာဝင်လိုက်ရုံပါ။
    ပျားရည်က ဝက်ခြံအပါအဝင်အရေပြားပြဿနာတွေအတွက် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ သဘာဝဆေးနည်းပါ။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့်ချွေးပေါက်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာကိုသန့်စင်အောင်သစ်ပြီး လက်ချောင်းလေးတွေသုံးလို့ မျက်နှာပေါ်မှာ ခပ်ပါးပါးလူးပေးပါ။ခြောက်တဲ့အထိထားပြီး မျက်နှာကို ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။
    ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓါတ်ထိန်းပေးလို့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး သဘာဝဆေးတစ်မျိုးပေါ့။ ရှားစောင်းလက်ပပ်ဂျယ်လီသားကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်ကို လူးပေးပြီးခြောက်တဲ့အထိထားလိုက်ပါ။ခြောက်သွားရင်ရေအေးနဲ့ဆေးချလိုက်ပါ။
    ကူးစက်ပိုးတွေကို နှိမ်နှင်းပေးပြီးရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေကို အထိရောက်ဆုံး ကုသပေးနိုင်မှာပါ။ ကြက်သွန်ဖြူကို စားပေးတာ၊ရေနွေးကြမ်းထဲထည့်သောက်တာအပြင် ဝက်ခြံပေါ်မှာ တိုက်ရိုက်အသုံးပြုတာမျိုးလုပ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement