ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Pruritus (အရေပြားယားယံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အရေပြားယားယံခြင်းအား ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်ခြင်းဖြင့် အတည်ပြုပါလိမ့်မည်။ ဆရာဝန်မှ အောက်ခံရောဂါတစ်ခုအား သံသယရှိလျှင် အောက်ပါစစ်ဆေးမှုများအား လုပ်ခိုင်းပါလိမ့်မည်။
- သွေးစစ်ခြင်း – ထိုစစ်ဆေးမှုမှ အရေပြားယားယံခြင်းကိုဖြစ်စေသည့် သံဓါတ်ချို့တဲ့ခြင်းလို အတွင်းပိုင်းရောဂါများ ရှိမရှိ ဆရာဝန်များ သိရှိနိုင်ပါသည်။
- ဓါတ်တုပစ္စည်းများစစ်ခြင်း – ထိုစစ်ဆေးခြင်းသည် သင့်၌ အသည်း သို့မဟုတ် ကျောက်ကပ် ကမောက်ကမရောဂါများ ရှိမရှိ စစ်ဆေးနိုင်ပါသည်။
- သိုင်းရွိက်ဂလင်းလုပ်ငန်းစဉ် စစ်ဆေးခြင်း – သိုင်းရွိက်ဟော်မုန်းများခြင်းလို သိုင်းရွိက်ပုံမှန်မဟုတ်သည်များအား ဆုံးဖြတ်ရန် ကူညီပေးနိုင်ပါသည်။ သိုင်းရွိက်ဟော်မုန်းများခြင်းသည် ယားယံမှုကို ဖြစ်စေနိုင်ပါသည်။
- ရင်ဘတ်ဓါတ်မှန် – ဓါတ်မှန်များသည် သင့်ရောဂါနှင့်ဆက်စပ်သည့် အောက်ခံရောဂါများအား ပြသနိုင်ပါသည်။
Pruritus (အရေပြားယားယံခြင်း) ကို ဘယ်လိုကုသပါသလဲ
အရေပြားယားယံခြင်းအား ကုသရန်အတွက် ကော်တီကိုစတီးရွိက်များကို ဆရာဝန်မှ ပေးပါလိမ့်မည်။ ထိုဆေးများအား ဖြစ်သည့်နေရာတွင် လိမ်းပြီးနောက် ပွယောင်းသည့် ဝါဂွမ်းအထည်များကို ရေစွတ်ပြီ သို့မဟုတ် တခြားအရည်များစိမ်ပြီး ဖုံးအုပ်ရပါမည်။ အဝတ်မှအစိုဓါတ်ကြောင့် အရေပြားသည် လိမ်းဆေးကို ကောင်းကောင်းစုပ်ယူနိုင်ပါလိမ့်မည်။
tacrolimus နှင့် pimecrolimus လိုဆေးများသည် calcineurin inhibitors များဖြစ်ပြီး တစ်ချို့ဖြစ်ရပ်များတွင် ပေးလေ့ရှိကြ၏။ အထူးသဖြင့် ယားယံမှုမဆိုးဝါးလျှင်ပေးသည်။
အရေပြားယားယံခြင်းသက်သာစေရန်အတွက် ဆရာဝန်မှ antihistamine ဆေးများကိုလည်း ပေးနိုင်ပါသည်။ ဤဆေးအုပ်စုမှဆေးများ – cetirizine နှင့် loratadine တို့သည် အိပ်ငိုက်ခြင်းကို မဖြစ်စေပါ။ ဘာမီတွန်လို ဆေးများကတော့ အိပ်ငိုက်စေနိုင်ပါသည်။ ယားယံမှုကြောင့် အိပ်မရဖြစ်နေပါက ဘာမီတွန်လိုဆေးများက အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။
ထို့အပြင် အရေပြားယားယံခြင်းကိုဖြစ်စေသော အောက်ခံရောဂါကိုလည်း ဆရာဝန်မှ ကုသပါလိမ့်မည်။ အတွင်းရောဂါတစ်ခုခုကို တွေ့ရပြီးနောက် ၎င်းကိုကုသပါမှ ယားယံမှုသက်သာမည်ဖြစ်သည်။ တခြားအယားပျောက်စေသည့်နည်းလမ်းများကိုလည်း အသုံးပြုရန် ညွှန်ထားပါသည်။
အလင်းကုထုံးသည် အရေပြားအား အလင်းလှိုင်းမြင့်သော ခရမ်းလွန်ရောင်ခြည်လှိုင်းများနှင့် ထိတွေ့ခြင်းသည်လည်း အရေပြားယားယံမှုကို သက်သာစေပါသည်။ ရောဂါအား ထိန်းချုပ်နိုင်ရန် ရောင်ခြည်ပြခြင်းအား ခဏခဏလုပ်ရန်လိုအပ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရေပြားယားယံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရေပြားယားယံခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
- ကုတ်ဖဲ့ခြင်းကိုရှောင်ပါ – ယားယံသည့် နေရာအား ဖုံးထားခြင်းဖြင့် ရှောင်လွှဲနိုင်ပါသည်။ မအိပ်ခင် လက်သည်းများကို ညှပ်ထားပါ။ လက်အိတ်ဝတ်ပါ။ ထိုသို့လုပ်ထားပါက အိပ်ပျော်စဉ်လည်း ကုတ်မိတော့မည်မဟုတ်ပါ။
- အေးမြစိုစွန်သော အဝတ်စကပ်ပါ။ ယားသည့်နေရာအား ပတ်တီးများဖြင့် စည်းပေးထားလျှင်လည်း အရေပြားကို ကာကွယ်ပေးပြီး မကုတ်မိအောင်လည်း ကာကွယ်ပေးပါလိမ့်မည်။
- ရေကြက်သီးနွေးဖြင့်စိမ်ချိုးပါ။ ယားယံမှုကို သက်သာစေမည့် အကောင်းဆုံးနည်းဖြစ်သည်။ မုန့်ဖုတ်ပေါင်ဒါ၊ မချက်သေးသည့် အုတ်ဂျုံတို့ကို ရေမချိုးခင်စိမ်ထားပေးနိုင်ပါသည်။
- အားပျော့ပြီး ဆိုးဆေးမပါ အနံ့မပါသည့် ဆပ်ပြာများကို ရွေးချယ်ပါ။ ဆိုးဆေးနှင့် အနံ့များသည် သင့်အခြေအနေအား ပိုဆိုးဝါးစေနိုင်ပါသည်။ ဆပ်ပြာတိုက်ပြီးပါက ပြောင်းစင်နေအောင် ရေနှင့်ဆေးချပါ။ ဆေးပြီးနောက် အစိုဓါတ်ထိန်းခရင်မ်တစ်ခုခု လိမ်းခြင်းဖြင့် အရေပြားကိုကာကွယ်ပါ။
- အရေပြားကျိန်းစပ်မှုဖြစ်သောပစ္စည်းများ သို့မဟုတ် အလက်ဂျစ်ဖြစ်စေသည့်အရာများ နီကယ်၊ လက်ဝတ်ရတနာ၊ ရေမွှေး သို့မဟုတ် အမွှေးနံ့ပါသည့် အရေပြားအလှကုန်များ၊ သန့်ရှင်းရေးပစ္စည်းများနှင့် အလှကုန်များ စသည်တို့ကို ရှောင်ပါ။
- ဖိစီမှုအားလျော့ချပါ။ ဖိစီးမှုသည် ယားယံခြင်းကို ပိုဆိုးဝါးစေပါသည်။ နှစ်သိမ့်ဆွေးနွေးခြင်း၊ အပြုအမူပြောင်းလဲသော ကုထုံး၊ တရားထိုင်ခြင်းနှင့် ယောဂတို့သည် ဖိစီးမှုအား လျော့ကျစေမည့် နည်းလမ်းတစ်ချို့ြုဖစ်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။