backup og meta

ခြေသည်း မှိုစွဲတဲ့အခါ ဘာတွေစားပေးသင့်သလဲ။

ခြေထောက်ကို ငုံ့ကြည့်လိုက်တိုင်း ခြေသည်းက မှိုပိုးကြောင့် ဝါနေတာ၊ အက်ကွဲနေတာ၊ မည်းနေတာတွေ ဖြစ်လို့ စိတ်ညစ်နေပြီလား။ သေချာတာက ခြေသည်းမှာ ဒီလိုဖြစ်နေတယ်ဆိုတာက ခြေသည်း မှိုပိုး ဝင်နေတာပါ။ ဒီတော့ ခြေသည်း မှိုစွဲတဲ့အခါ ဘာတွေစားပေးသင့်သလဲ။ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

ခြေသည်း မှိုစွဲတဲ့အခါ ဘာတွေစားပေးသင့်သလဲ။

ခြေသည်း မှိုပိုးဝင်တယ် ဆိုတာ

ခြေသည်း မှိုပိုးဝင်တယ်ဆိုတာက Fungi လို့ခေါ်တဲ့ သေးငယ်တဲ့ မှိုလေးတွေက ခြေသည်း အောက်ဘက်ကို ဝင်ရောက်ကူးစက်ခြင်း ကနေဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာပါ။

ဒီမှိုပိုးက ခြေသည်းတွေ နဲ့ ခြေသည်းအောက်ဘက်က အရေပြားတွေမှာ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။

ခြေသည်း မှိုပိုးဝင်နေတဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာတွေ

ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ ပိုးအမျိုးအစားကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့

  • ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ ညိုမယ်၊ အစိမ်းရောင် ဒါမှမဟုတ် ခြေသည်းက ဖြူနေမယ်)
  • ခြေသည်း အောက်ဘက်မှာ ချေး (ဂျေး)တွေ ဝင်နေမယ်
  • ခြေသည်းခွံက အသားကနေ ကြွနေမယ်
  • ခြေသည်းက ထူထူကြီးဖြစ်နေမယ်
  • ခြေသည်းက အစအစတွေ ထွက်မယ်
  • ခြေသည်း ပါးလာမယ်
  • ခြေသည်းက ကွဲထွက်နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘာတွေကများ ခြေသည်းမှိုပိုးဝင်တာကို ဖြစ်စေတာလဲ

ပူနွေးစိုးစွတ်ပြီး မှောင်မိုက်တဲ့ နေရာတွေမှာ မှိုပိုးတွေ တွေ့ရများပါတယ်။ Gym၊ ရေကူးကန် နဲ့ အားကစားခန်းမရဲ့ ကြမ်းပြင်တွေကနေ ကူးစက်နိုင်ခြေ အများဆုံးပါ။ ဒါ့အပြင်

  • ခြေသည်း မှိုပိုးဝင်နေသူက ခြေဗလာနဲ့ လမ်းလျှောက်ထားတဲ့ နေရာကို လျှောက်မိရင်လည်း ပိုးဝင် ကူးစက်ခံရနိုင်ပါတယ်။
  • ခြေသည်းက တစ်ချိန်လုံး စိုစွတ်နေမယ်။
  • ခြေထောက် ချွေးထွက်များမယ်။
  • တစ်နေကုန် အပိတ် ဖိနပ် စီးထားမယ်။
  • ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ နေရတာ များမယ်။
  • ခြေထောက် သဲဝဲ စားနေမယ်။
  • အရင်က ခြေသည်းမှိုပိုး ဝင်ဖူးမယ်။
  • ဆီးချိုရောဂါ အခံရှိမယ်။
  • ခြေသည်းမှာ ထိခိုက် ဒဏ်ရာ ရဖူးမယ်။
  • ပြင်းထန်တဲ့ အရေပြားပြဿနာ ခံစားနေရမယ်။
  • ကိုယ်ခံအား နည်းမယ်။
  • ဆေးလိပ် သောက်မယ်။
  • ခြေဗလာနဲ့ လမ်းလျှောက်မိတဲ့ အချိန် များမယ်။
  • ခြေထောက်ကို ရေစိမ်တဲ့ အချိန် များမယ်။
  • ခြေထောက်သန့်ရှင်းရေး အားနည်းမယ်။

ခြေသည်း မှိုစွဲတဲ့အခါ ဘာတွေစားပေးသင့်သလဲ။

အစားအသောက် နဲ့ ကျန်းမာရေးက ဆက်စပ်မှု ရှိနေတယ်ဆိုတာကို အထွေအထူး ပြောနေစရာ မလိုလောက်ပါဘူး။ ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ခြေသည်း မှိုပိုးကိုပါ သက်သာစေမှာပါ။

ခြေသည်း မှိုပိုး သက်သာစေဖို့အတွက်

  • အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ ဒိန်ချဉ် စားပေးပါ။
  • ခြေသည်း အသစ်ဖြစ်ပေါ်စေဖို့အတွက် အားဖြည့်ပေးတဲ့ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ များများစားပေးပါ။ (ဥပမာ – ကြက်သား၊ အနီရောင် အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ များများစားပေးပါ။
  • ခြေသည်း ကြွပ်ဆတ်မှု ကင်းစေဖို့ သံဓာတ် ကြွယ်ဝတဲ့ ( အနီရောင် အသား၊ အသည်း၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ပင်လယ်စာ) စတာတွေ စားပေးပါ။
  • essential fatty acids ကြွယ်ဝတဲ့ ပဲပိစပ်၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့) စတာတွေ စားပေးပါ။
  • ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ (နို့ နဲ့ နို့ထွက် ပစ္စည်းတွေ) စားပေးပါ။
  • ဗီတာမင် D ကြွယ်ဝစေဖို့လည်း (နေရောင်ခြည် ခံပေးတာမျိုး) လုပ်ပေးပါ။ ကြက်ဥအနှစ် စားပေးလို့လည်း ရပါတယ်။

အစားအစာတွေက ခြေသည်းမှိုစွဲတာကို သက်သာအောင် အားဖြည့်ပေးရုံသက်သက်ပါ။ ဒါတွေစားရုံနဲ့တော့ မှိုစွဲတာ သက်သာလာမှာ မဟုတ်ပါဘူး။ မှိုစွဲတာ ပျောက်ကင်းဖို့ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Try One of These 10 Home Remedies for Toenail Fungus https://www.healthline.com/health/home-remedies-for-toenail-fungus Accessed Date 15 July 2020

7 Effective Ways to Get Rid of Toenail Fungus, According to Experts https://www.prevention.com/health/a20508670/6-natural-ways-to-deal-with-nail-fungus/ Accessed Date 15 July 2020

ယခုပုံစံ

21/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခြေသည်းလေးတွေက ပြောတဲ့စကား

လက်သည်းခြေသည်းတွေ က ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။