backup og meta

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်းလမ်းညွှန် 

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်နိုင်စေဖို့ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့

ခေါင်းလျှော်ပါ

ခေါင်းလျှော်တာက ဆံသား ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့်တစ်ရပ်ပါ။ ဒီလိုဆိုတာနဲ့ ခဏခဏခေါင်းလျှော်နေဖို့တော့ မလိုပါဘူး။ ခေါင်းမလျှော်တာက ဆံသားကို ထိခိုက်စေသလို ခဏခဏ ခေါင်းလျှော်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် ဆံသား အမျိုးအစားကို လိုက်ပြီး တစ်ပတ်ကို ၂ ကြိမ် ဒါမှမဟုတ် ၂ ရက်ခြား တစ်ကြိမ်လောက် လျှော်ပေးဖို့ လိုပါမယ်။ အားကစား လုပ်တဲ့သူဆိုရင်တော့ အားကစား လုပ်ပြီးတိုင်း ခေါင်းလျှော်ပေးဖို့ လိုပါမယ်။

ခေါင်းလျှော်တိုင်းမှာ ခေါင်းလျှော်ရည်တွေကို ပြောင်စင်အောင် ဆေးကြောပစ်ဖို့ မမေ့ပါနဲ့။

Conditioner သုံးပါ

ခေါင်းလျှော်တာက ဆံသား ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့် ပထမအဆင့်ဆိုရင် conditioner သုံးတာက ဆံသား ကျန်းမာစေဖို့ လိုက်နာရမယ့် ဒုတိယ အဆင့်ပါ။ ဆံပင်ကို conditioner  သုံးမှ ဆံပင်က ခြောက်သွေ့ ပွရောင်းတာ၊ ပျက်စီးတာမျိုး မရှိစေမှာပါ။

ဒါကြောင့် ဆံပင်ကို ခေါင်းလျှော်ပြီးတိုင်း conditioner  သုံးပေးပါ။

အပူချိန် ပြင်းပြင်းရှောင်ပါ

ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို တဘက်နဲ့ ခပ်ဖွဖွလေး သုတ်ပါ။ ပြီးရင် လေးအေးအေးနဲ့ အခြောက်ခံပါ။ Dryer ကို အပူချိန် မြင့်မြင့်သုံးပြီး အခြောက်ခံတာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဆံသားကို ပျက်စီးစေနိုင်လို့ပါ။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့

ခေါင်းလျှော်ပြီးလို့ ဆံပင်သုတ်တဲ့အခါ ခပ်ဖွဖွလေးပဲ သုတ်ပါ။ ကြမ်းကြမ်းတမ်းတမ်း ဖိပွတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဆံသားကို ထိခိုက်စေနိုင်လို့ပါ။

ဆီလိမ်းပါ

ဆံပင်ကို လိုအပ်တဲ့ အာဟာရ ဖြည့်နိုင်ဖို့ သံလွင်ဆီအုန်းဆီ စတာတွေကို တစ်ပတ်တစ်ကြိမ်လောက် ပုံမှန် လိမ်းပေးပါ။ ခပ်ပါးပါးလေး လိမ်းလို့ရသလို ခေါင်းမလျှော်ခင်မှာ ဦးရေပြားအထိ ရောက်အောင် လိမ်းပေးပြီး နာရီဝက်လောက်ထားလို့ ခေါင်းလျှော်ချလိုက်လို့လည်း ရပါတယ်။

ဆံသားကို ကျန်းမာစေပြီး လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးမှာပါ။

အာဟာရ ပြည့်ဝအောင် စားပါ

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုသလို ဆံသား ကျန်းမာစေဖို့အတွက်လည်း အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ဒါ​ကြောင့် ကျန်းမာ သန်စွမ်းတဲ့ ဆံသား ပိုင်ဆိုင်စေဖို့ဆိုရင် အာဟာရ ပြည့်ဝမျှတအောင် စားပေးပါ။

ဗောက်ပြဿနာ သတိပြုပါ

ဗောက်က ဆယ်ကျော်သက်တိုင်းလိုလို ခံစားရတဲ့ ဆံသား ပြဿနာပေါ့။ ဒီတော့ ခေါင်းလျှော်တဲ့အခါ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်တာ၊ ဦးရေပြားကို နှိပ်နယ်တာမျိုး၊ ဆီလိမ်းတာမျိုး လုပ်ပြီး ဗောက်ပြဿနာကို ကာကွယ်ပါ။

အရမ်းပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Head Lice https://www.cdc.gov/parasites/lice/head/treatment.html Accessed Date 22 September 2020

Lice https://www.cdc.gov/parasites/lice/ Accessed Date 22 September 2020

ယခုပုံစံ

29/09/2020

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်

ဆယ်ကျော်သက်တို့ ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထ အချို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement