အရောင်အသွေး၊ အနံ့အရသာပြည့်စုံတဲ့ စတော်ဘယ်ရီ သီးလေးတွေက စားလို့တင်အရသာရှိတာမဟုတ်ပါဘူး။ လေဒီလေးတွေရဲ့ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘယ်လိုများ အသုံးဝင်လဲ တူတူကြည့်ရအောင်လား……
စတော်ဘယ်ရီ ကပေးတဲ့ အလှအပတရား
အရောင်နီနီရဲရဲ အနံ့မွှေးမွှေးလေးရှိပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ စတော်ဘယ်ရီ သီးလေးက ပေးတဲ့ကျန်းမာရေး အာနိသင်က တော်တော်လေးတော့များပါ။ ဒါတွထဲကမှ အလှအပအတွက် ဘယ်လိုတွေထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးပါရစေလား။
သွယ်လျလှပပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်အချိုးအစားက ပျိုမေလေးတွေကို အလှတိုးစေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ စတော်ဘယ်ရီ မှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။
နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းက ဟော်မုန်းတွေ ကိုလည်း အကောင်းဆုံးထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစားစားချင်စိကို ထိန်းညှိ ပေးနိုင်တဲ့ adiponectin ခေါ်တဲ့ ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းက အဆီတွေကို အကောင်းဆုံး ချေဖျက်ပေးနိုင်ပါတယ်။
အသားအရေ ကျန်းမာစေနိုင်တယ်
စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီးတော်တော်များများမှာ အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှား ပေးပြီး အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်မှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ alpha-hydroxy အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။
စတော်ဘယ်ရီမှာပါတဲ့ salicylic အက်ဆစ် နဲ့ ellagic အက်ဆစ်တွေက အသားအရောင်မညီတာ၊ အရေပြားမှာ အစက်အပြောက်တွေမဖြစ်အောင် ကာကွယ်ပေးသလို အရေပြားပေါ်က အမဲစက်တွေ၊ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးပြီး အသာအးရေကို တင်းရင်းလှပစေနိုင်ပါတယ်။ ဝက်ခြံတွေမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင် C ကြွယ်ဝမှုကလည်း အသာအးရေကို ကြည်လင်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အသားအရေ ကောင်းခြင်းကို ဖြစ်စေပြီး ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေနိုင်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ်ကနေလည်း အသားကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
အပြုံးလှစေဖို့ အရေးပါတဲ့ သွားတွေကို ကျန်းမာစေတယ်
လှပတဲ့ အပြုံးကလည်း လေဒီလေးတွေကို အလှအပတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါ။ သွားတွေက အရောင်ပြောင်း နေမယ်။ သွားပိုးစားနေမယ်ဆိုရင် ပြုံးရင်လှဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ဖြူဖွေးကြံ့ခိုင်ပြီး လှပတဲ့ သွားနဲ့ ခံတွင်းနံ့ဆိုး ကင်းတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် စတော်ဘယ်ရီ စားပေးလို့ရပါတယ်။
အရွယ်တင် နုပျိုစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု၊ အရွယ်မတိုင်ခင် အိုမင်းမှု ဖြစ်စေတာတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ lycopene ပါဝင်နေမှုက အရွယ်တင်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။
ဆံပင်မကျွတ်အောင် ကာကွယ်ပေးတယ်
ဆံပင်က ဒုတိယမျက်နှာပါ။ ပိတုန်းရောင်ဆံသားထူထူထဲထဲလေးက လေဒီတွေကို အလှတိုးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဆံသားကျန်းမာရေးကို ဂရိုစိုက်ဖို့ကလည်း လေဒီလေးတိုင်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။ စတော်ဘယ်ရီ မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ဆံသားကျန်းမာရေးကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်ပါ တယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သံဓာတ်နည်းလို့ပါ။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ ကင်းစေချင်ရင် စတော်ဘယ်ရီ စားပြီး ဆံသားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]