လှပမှုကို လေဒီလေးတိုင်း သဘောကျကြပါတယ်။ အသားအရေ လှပမှု။ ဆံသား လှပမှု စတာတွေပေါ့။ ငွေကုန်ကြေးကျခံပြီး လှပမှုကို ဖန်တီးယူကြတာတွေလည်း ရှိပါတယ်။ skin care အမျိုးမျိုး ဝယ်ပြီး အလှအပအတွက် ပြင်ဆင်မှုကလည်း အမျိုးမျိုးပါ။
အခုတစ်ခေါက်တော့ လှပမှုကို မြတ်နိုးတဲ့ လေဒီလေးတိုင်းအတွက် ငွေကုန်ကြေးကျ မများဘဲ အသားအရေ လှပစေမယ့် နည်းလမ်းလေးကို ဝေမျှပေးပါရစေ။
မနက်နိုးတိုင်း ရေနွေးနွေးလေး တစ်ခွက် ပုံမှန်သောက်ပါ လေဒီ
မနက် နိုးနိုးချင်း ရေနွေးတစ်ခွက်ကို အအေးခံလို့ ခပ်နွေးနွေး အနေအထားမှာ သောက်ပေးမယ်ဆိုရင် အသားအရေ လှပမှု အနေနဲ့ အခုလို အကျိုးကျေးဇူးလေးတွေကို ရရှိစေမှာပါ။
ရေနွေးနွေးလေးကို နေ့စဉ်ပုံမှန် သောက်သုံးပေးတာက အသားအရေကို အစိုဓာတ်ပြည့်ဝစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဆဲလ်တွေကို ကျန်းမာစေပြီး အရည်ဓာတ် ကနေတဆင့် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝလုံလောက်စွာ ရရှိစေနိုင်ပါတယ်။
- အသားအရေက fresh ဖြစ်တယ်
အသားအရေလေးက ကြည့်လိုက်ရင် ကြည်ကြည်လင်လင်လေးနဲ့ လန်းနေတယ်ဆိုတာမျိုးက ရေနွေးနွေးလေး သောက်ပေးတတ်တဲ့ အကျင့်ရဲ့ ရလဒ်ပါ။နေ့စဉ် ရေနွေးနွေးလေး သောက်ပေးတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာ ရောက်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးရာလည်း ရောက်ပါတယ်။
- အရေပြား ပိုးမဝင်အောင် ကာကွယ်ပေးတယ်
ရေနွေးနွေးလေးသောက်ပေးတာက အရေပြားရော အစာခြေစနစ်ကိုပါ ကျန်းမာသန့်စင်စေပါတယ်။ ရေနွေးနွေးသောက်တဲ့အခါ ချွေးထွက်သလို ဆီးနဲ့ဝမ်းလည်းမှန်စေပါတယ်။ ဝမ်းထဲမှာ အဆိပ်အတောက် ကင်းစေသလို အသားအရေကိုလည်း ကြည်လင်စေပြီး အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးလို့ ပိုးဝင်ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးပါတယ်။
- အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်
လေဒီတိုင်း ကြောက်တာ တစ်ခု ရှိပါတယ်။ ဒါကတော့ အသက်ထက် ရုပ်က အိုနေတာပါ။ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ရှိနေတာက လူကို မြန်မြန်အိုမင်းစေနိုင်ပါတယ်။ ဒီ ပြဿနာ ကင်းချင်ရင်တော့ ရေနွေးနွေးလေး ပုံမှန် သောက်ပေးပါ။
ရေနွေးနွေးလေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တာကြောင့် ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးသလို အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း ဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းတာကို အကောင်းဆုံး ကာကွယ်နိုင်မှာပါ။
ကဲ … မနက်တိုင်း ရေနွေးနွေးလေး တစ်ခွက်သောက်လို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းနဲ့ အသားအရေ လှပမှုကို ရယူလိုက်ကြစို့လား ……….. လေဒီလေးတို့ရေ …………..
[embed-health-tool-bmi]