backup og meta

ဝက်ခြံအမာရွတ်တွေနဲ့ ကြက်ဆူဆီ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်တွေနဲ့ ကြက်ဆူဆီ

    ကြက်ဆူဆီ ဆိုတာ ဘာလဲ။

    ကြက်ဆူပင်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး ဒီအပင်ကရတဲ့ အစေ့တွေကို ကြက်ဆူဆီထုတ်လုပ်ဖို့အတွက် အသုံးပြုပါတယ်။ ကြက်ဆူဆီဟာ သင့်အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ များစွာ အကျိုးရှိလှပါတယ်။ ကြက်ဆူဆီကို ပဋိသန္ဓေတားဆေးအဖြစ် အချို့က အသုံးပြုကြပါသေးတယ်။ ဒါတင်မကသေးပါဘူး။ ကြက်ဆူဆီကို ကလေးမီးဖွားတဲ့အချိန်မှာ အသုံးပြုနိုင်သလို မီးဖွားပြီးချိန်မှာလည်း မိခင်နို့ကောင်းကောင်းထွက်ဖို့အတွက် အသုံးပြုနိုင်ပါသေးတယ်။ တချို့တွေကျပြန်တော့ မျက်လုံးထဲဝင်နေတဲ့ အမှုန်အမွှားစတွေကို ဖယ်ထုတ်ဖို့ ကြက်ဆူဆီကို အသုံးပြုကြပါတယ်။

    တကယ်တော့ ကုန်ကျစရိတ်သက်သာပြီး အကျိုးသက်ရောက်မှုကောင်းတဲ့ အလှအပထိန်းသိမ်းရေးပစ္စည်းအဖြစ် ကြက်ဆူဆီကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။ ကြက်ဆူဆီကို လိမ်းပေးမယ်ဆိုရင် သင့်အသားအရေကို ကျန်းမာလှပနုပျိုစေမှာပဲ ဖြစ်ပါတယ်။ ဝက်ခြံကုသရာမှာ ဒါမှမဟုတ် အမာရွတ်တွေ ဖယ်ရှားပစ်ရာမှာလည်း ကြက်ဆူဆီကို သုံးနိုင်ပါတယ်။

    ဝက်ခြံအမာရွတ်တွေကို ကြက်ဆူဆီက ဘယ်လိုသက်သာစေသလဲ။

    ကြက်ဆူဆီမှာ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေဟာ အနာကျက်မြန်စေပြီး ခန္ဓါကိုယ်မှာ အမာရွတ်ဖြစ်ပေါ်မှုကိုလည်း လျော့နည်းစေပါတယ်။ ကြက်ဆူဆီဟာ အရေပြားအောက်ခြေအထိ စိမ့်ဝင်ပြီး ကျန်းမာကောင်းမွန်တဲ့ ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေတာကြောင့် အရေပြားတစ်ရှူးအသစ်တွေပေါ်ထွက်လာစေပါတယ်။ ဒါပေမယ့် ကြက်ဆူဆီကို ဒီနေ့သုံးပြီး မနက်ဖြန် အကျိုးသက်ရောက်မှုလိုချင်လို့တော့ မရပါဘူး။ သင့်အမာရွတ်တွေကို သက်သာပျောက်ကင်းသွားစေဖို့ အချိန်အတိုင်းအတာတခုတော့ ကြာမှာ ဖြစ်ပြီး အမာရွတ်တွေအနေနဲ့ ဖြည်းဖြည်းချင်း သက်သာလာမှာ ဖြစ်ပါတယ်။

    အသုံးပြုနည်း

    ကြက်ဆူဆီဟာ ဝက်ခြံကို ကုသပေးနိုင်ပြီး အမာရွတ်တွေကိုလည်း သက်သာစေနိုင်တာမို့ သင့်အတွက် အကျိုးရှိစေပါမယ်။ သင့်အရေပြားပေါ်က ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပစ်ဖို့နည်းလမ်းတွေကို အောက်မှာဖော်ပြထားပါတယ်။

    ရေနွေးနဲ့ မျက်နှာသစ်ဆေး အသုံးပြုပြီး သင့်မျက်နှာကို သန့်စင်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ အရေပြားပေါ်က အညစ်အကြေးတွေနဲ့ မလိုလားအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တာမို့ မွေးညှင်းပေါက်တွေကို ပွင့်စေပါလိမ့်မယ်။

    သင့်လက်ချောင်းထိပ်လေးကို အသုံးပြုပြီး အမာရွတ်ရှိတဲ့နေရာတွေကို ကြက်ဆူဆီ လိမ်းပေးပါ။ နည်းနည်းပဲ လိမ်းဖို့လိုပါတယ်။

    လိမ်းပြီးတဲ့ နေရာတွေကို သုံးမိနစ်လောက် နှိပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းဟာ မွေးညင်းပေါက်တွေကို ပွင့်စေတဲ့အတွက် ကြက်ဆူဆီတွေကို အရေပြားအောက်ခြေနက်နက်ထိ စိမ့်ဝင်စေပြီး အမာရွတ်ကို နူးညံ့သွားစေပါတယ်။ နှိပ်တဲ့အခါ အသာအယာနှိပ်ရမှာဖြစ်ပြီး နာကျင်လာတာမျိုး ဒါမှမဟုတ် ကသိကအောင့်ဖြစ်လာတာမျိုး ခံစားရရင် နှိပ်နေတာကို ချက်ချင်းရပ်လိုက်ပါ။ ကြက်ဆူဆီကို အနာတွေထဲ၊ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ ဝက်ခြံတွေထဲ ဒါမှမဟုတ် မျက်လုံးထဲ မထည့်ရပါ။

    ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သင့်လက်ကို စင်ကြယ်အောင် ဆေးပါ။ အဝတ်အစားမှာ ကြက်ဆူဆီတွေ ကပ်နေတာမျိုးရှိရင် လျှော်ပစ်ပါ။

    အမာရွတ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အထက်ဖော်ပြပါ နည်းစဉ်အတိုင်း တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ အမာရွတ်တွေအပေါ် ကြက်ဆူဆီရဲ့ အာနိသင်ပြသဖို့အတွက် ၁၅ ရက်လောက် ကြာနိုင်ပါတယ်။

    လိမ်းပြီးတဲ့အခါ သင့်အရေပြားကို ဂရုတစိုက် စောင့်ကြည့်နေဖို့လိုပြီး နီရဲရောင်ရမ်းတာ ဒါမှမဟုတ် သွေးထွက်တာ အစရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာရင် ကြက်ဆူဆီအသုံးပြုတာကို ချက်ချင်းရပ်ရမှာ ဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။

    ကြက်ဆူဆီကို ရောဂါဘယတွေ ကုသဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာပါ။ ဒါကြောင့် ကြက်ဆူဆီကို လိမ်းပေးမယ်ဆိုရင် သင့်ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေမယ်ဆိုတာ အံ့ဩစရာတော့ မရှိပါဘူး။ ဒါပေမယ့် ပြင်းထန်ဆိုးရွားတဲ့ ဓါတ်မတည့်မှု ပြဿနာတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် ကြက်ဆူဆီကို အသုံးမပြုခင်မှာ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement