backup og meta

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

မျက်နှာပေါ်က ဝက်ခြံတွေတော့ သက်သာသွားပါရဲ့။ ဝက်ခြံအမာရွတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဆုံးရှုံးပြီး မှန်ကြည့်မိတိုင်း စိတ်ညစ်နေရတဲ့သူလေးတွေ ရှိလား။

ဝက်ခြံအမာရွတ်တွေက အလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ယုံကြည်မှု ပျက်စီးစေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။

ဘယ်လို အစားအစာလေးတွေ စားပေးရင် ဝက်ခြံ အမာရွတ်တွေ သက်သာစေမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။

အလှပျက်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ဆိုရင်

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ

  • အမျှင်ဓာတ်
  • ဗီတာမင် B6
  • ဗီတာမင် C
  • ဗီတာမင် K
  • ဖောလိတ်
  • မဂ္ဂနီဆီယမ်
  • phosphorus တို့ ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ histidine ပါဝင်နေပါတယ်။ ဒီအက်ဆစ်က အရေပြားကို ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကနေ ကာကွယ်ပေးပြီးအလင်းတန်းတွေ၊ နေရောင်တွေကြောင့် ဝက်ခြံအမာရွတ်တွေ ပိုဆိုးမလာစေဖို့ ကူညီပေးပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာ

သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်နေပြီး ဒီအင်ဇိုင်းက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာ၊ ချွေးပေါက်တွေ ပွင့်စေတာ၊ ဝက်ခြံ အမာရွတ်တွေကို သက်သာစေတာ၊ အရေပြားကို ရေဓာတ် ဖြည့်ပေးတာ၊ ဝက်ခြံထပ်ဖြစ်မလာအောင် ကာကွယ်ပေးတာ စတဲ့ အသားအရေကျန်းမာရေးတွေကို လုပ်ဆောင်ပေးပါတယ်။ အရေးအကြောင်းနဲ့ အမဲစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

ရွှေဖရုံသီး

ရွှေဖရုံသီးမှာ

  • ဇင့်ဓာတ်
  • အမျှင်ဓာတ်
  • alpha hydroxy acids
  • အသီးအင်ဇိုင်း စတာတွေ ပါဝင်နေပါတယ်။

ရွှေဖရုံသီးက အသားလှစေသလို အသားအရေရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဘက်တီးရီးယားတွေကြောင့် ဝက်ခြံ ဖြစ်တာ၊ ဝက်ခြံအမာရွတ်ဖြစ်တာတွေကို အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ

  • ဗီတာမင် A
  • အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။

ဗီတာမင် A ကြွယ်ဝမှုက အသားအရေကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို အရေးအကြောင်းတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ချွေးပေါက်ပိတ်တာကို သက်သာစေပြီး၊ ရောင်ရမ်းတာ၊ ဝက်ခြံ အမာရွတ်ဖြစ်တာတွကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။

ကိုက်လန်

ကိုက်လန်မှာ

  • ဗီတာမင် A
  • ဗီတာမင်  B6
  • ဗီတာမင် C
  • ဗီတာမင် K
  • မဂ္ဂနိ့
  • ကယ်လ်ဆီယမ်
  • copper
  • ပိုတက်ဆီယမ်
  • မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။
ကိုက်လန်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပြီး အသားအရောင်ကို ညီညာစေသလို ကော်လာဂျင်ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံ အမာရွတ်​တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
ဒါတွေအပြင် ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့
  • ဘယ်ရီသီးတွေ
  • သံပရာသီး
  • သံပရိုသီး
  • ပန်းဂေါ်ဖီစိမ်း
  • ဆယ်လ်မွန်ငါး
  • ပဲတောင့်ရှည် စတာတွေကို စားပေးလို့ရပါသေးတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

11 Foods to Reduce Acne Scars https://www.nutriadvice.in/foods-reduce-acne-scars/ Accessed Date 6 November 2020

Treating Acne Scars: What’s New? https://www.ncbi.nlm.nih.gov/pmc/articles/PMC4570086/ Accessed Date 6 November 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံ နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ဝက်ခြံ ဖြစ်လွယ်သူတွေ Mask တပ်ကြတဲ့အခါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement