backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ Bioderma

အလှပျက်စေတဲ့ဝက်ခြံတွေ ဘာလို့ဖြစ်လာရတာလဲ၊ဘယ်လိုကာကွယ်မလဲ

မျက်နှာလေးက လှချင်ပါလျက် ရုပ်လေးကဖျက်တယ်တဲ့။ပြောမနာဆိုမနာ သူငယ်ချင်းတွေကြား စနောက်ကြတဲ့စကား။ ဒါပေမယ့် ဝက်ခြံရှိတဲ့သူလေးတွေအတွက် တကယ်မှန်နေပါရော။ နဂိုမျက်နှာလေးက လှသားနဲ့ ဝက်ခြံတွေကရှုပ်နေတဲ့အခါ ရုပ်ရည်အသွင်အပြင်မှာ အားနည်းချက်တစ်ခုလိုခံစားရစေပါတယ်။ ဝက်ခြံကင်းပြီး ကြည်ကြည်ရှင်းရှင်းလေးဆိုရင် သိပ်မချောလည်း လှနေမှာပါပဲ။

ဒီလိုအလှပျက်စေတဲ့ ဝက်ခြံတွေက ဘာလို့ဖြစ်လာရတာလဲ၊ ဘာလို့များမပျောက်ရတာလဲလို့ အမြဲကိုမေးချင်နေမှာနော်။ ဝက်ခြံပျောက်ဆေးတွေဝယ်သုံးလည်းဖြစ်နေတာပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အကြောင်းရင်းကို အရင်ဆုံးသိထားတာကောင်းပါတယ်။ အနည်းဆုံးတော့ မပျောက်သေးရင်တောင် ပိုမဆိုးအောင် ထိန်းလို့ရတာပေါ့။

ဝက်ခြံတွေ ဘာလို့ဖြစ်ရလဲ

ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်။

  • မျက်နှာမှာ အဆီထွက်ရှိတာများနေတာကြောင့်
  • ချွေးပေါက်တွေမှာ အဆီနဲ့ အရေပြားဆဲလ်သေတွေပိတ်ဆို့နေတာကြောင့်
  • ဘက်တီးရီးယားကြောင့်
  • Androgen ဟော်မုန်းကြောင့်ဖြစ်ပါတယ်။

ဝက်ခြံဖြစ်လာအောင် ဒါမှမဟုတ် ပိုဆိုးအောင် ပံ့ပိုးပေးနေတဲ့အရာတွေကတော့ –

  • ဟော်မုန်း – Androgen ဟော်မုန်းတွေဟာယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပျိုဖော်ဝင်ချိန်မှာ ပိုများလာတတ်ပြီး အဆီဂလင်းလေးတွေကို ကြီးလာစေ၊ အဆီပိုထွက်စေတဲ့ဟော်မုန်းတွေပါ။ ပျိုဖော်ဝင်ချိန်မှာဖြစ်တဲ့ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လာတတ်တဲ့ဟော်မုန်းအပြောင်းအလဲနဲ့ ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးတွေ ကြောင့်လည်း ဝက်ခြံဖြစ်စေပါတယ်။
  • အစားအသောက်နွားနို့၊ အချိုများတဲ့အစားအသောက်တွေ၊ အသင့်အမြန်စား အစားအစာတွေ၊ အပူအစပ်တွေကြောင့် ဝက်ခြံဖြစ်လာစေဖို့ အလားအလာပိုများစေနိုင်ပါတယ်။
  • စိတ်ဖိစီးမှုစိတ်ဖိစီးမှုကြောင့် ထွက်လာတတ်တဲ့Cortisol နဲ့ Androgen ဟော်မုန်းတွေက မျက်နှာအသားအရေမှာ အဆီပိုထွက်စေပြီး ဘက်တီးရီးယားကိုဖိတ်ခေါ်တာမို့ ဝက်ခြံဖြစ်စေနိုင်၊ ဝက်ခြံရှိရင်ပိုဆိုးစေနိုင်ပါတယ်။

ဝက်ခြံမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဝက်ခြံမဖြစ်အောင်ကာကွယ်ဖို့က ခလုတ်တစ်ချက်နှိပ်သလိုတော့ တစ်ခါတည်းအဆင်မပြေနိုင်ပါဘူး။ စိတ်ရှည်ရပါမယ်၊ ပုံမှန်ဂရုစိုက်ရပါမယ်၊ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ အသားအရေထိန်းပစ္စည်းတွေကိုရွေးချယ်သုံးရပါမယ်။ ဒီသုံးချက်ကိုသဘောတူလက်ခံတယ်ဆို ကာကွယ်ဂရုစိုက်မှုလေးတွေ လုပ်ဖို့ ဆက်ပြောပြမယ်။

မျက်နှာကိုသန့်စင်ပါ

ဝက်ခြံရှိရှိ၊ မရှိရှိ မျက်နှာကို ပုံမှန်သန့်စင်ရမှာအခြေခံကျဆုံးအဆင့်ပါ။ ကိုယ်တိုက်ဆပ်ပြာတွေတော့မသုံးနဲ့ပေါ့။ ကိုယ်တိုက်ဆပ်ပြာခဲ၊ ဆပ်ပြာရည်တွေနဲ့မျက်နှာသစ်တာက အသားအရေကို ထိခိုက်စေနိုင်တယ်။ BIODERMA ကထုတ်တဲ့ Sebium Gel Moussant မျက်နှာသစ်ဆပ်ပြာဂျယ်လ် ဒါမှမဟုတ်Sebium H2O Miscellar Water သုံးပြီး တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။ ဝက်ခြံနဲ့ဆားဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ပိတ်ဆို့နေတဲ့၊ အဆီတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ဖို့ BIODERMA တာဝန်ထားပါ။

Pore Refiner သုံးပါ

မျက်နှာသန့်စင်ပြီးတဲ့အခါ အသားအရေကိုနူးညံ့စေပြီးချွေးပေါက်ကိုကျဉ်းစေတဲ့BIODERMA Pore Refinerလေးသုံးပေးပါ။ ဆားဝက်ခြံကိုပါ သက်သာစေတဲ့ Pore Refinerလေးက အသားအရေအဆီပြန်ခြင်းကိုကာကွယ်ပေးတဲ့ Mattifying Powders နည်းပညာနဲ့ထုတ်လုပ်ထားလို့ မိတ်ကပ် foundation အဖြစ်သုံးလို့တောင်ရပါတယ်။

Moisturizer သုံးပါ

ဝက်ခြံရှိသူတွေ အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါ မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုက အသားအရေကိုအစိုဓါတ်ထိန်းပေးဖို့ပါ။အဆီပြန်တဲ့အသားအရေနဲ့ ဝက်ခြံထွက်တတ်သူတွေမှာ အဆီထိန်းပေးပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို နှိမ်နင်းပေးနိုင်တဲ့ အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးမျိုးကိုလူးပေးရပါမယ်။ ဒါကြောင့်ဝက်ခြံကင်းပြီး အသားအရေကို စိုပြေကြည်လင်စေဖို့ဆိုရင် sebium global အစိုဓါတ်ထိန်းခရင်မ်ကိုညဘက်အိပ်ရာဝင်ခါနီးတိုင်းလူးပေးပါ။

အပေါ်မှာပြောခဲ့တဲ့ မျက်နှာအသားအရေထိန်း အခြေခံအဆင့်သုံးဆင့်ကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ပြီးရင်တော့ ဆင်ခြင်သင့်တဲ့အချက်လေးတွေ ဆက်ကြည့်ရအောင်။

ဆံပင်ကို ဂရုစိုက်ပါ

ဆံပင်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား၊ဖုန်မှုန့်၊ အညစ်အကြေးတွေ၊ ဆီတွေက မျက်နှာကိုထိတွေ့တဲ့အခါ ဝက်ခြံဖြစ်လွယ်တဲ့သူတွေမှာ ပိုဆိုးစေနိုင်ပါတယ်။ခေါင်းပုံမှန်လျှော်ပါ၊ မျက်နှာပေါ်ဆံပင်တွေအမြဲကျမနေအောင် ဂရုစိုက်ပါ။

မျက်နှာကိုလက်နဲ့ခဏခဏမကိုင်ပါနဲ့

ပါး သို့မဟုတ်မေးစေ့ကို လက်နဲ့ကိုင်တွယ်တာ၊ဝက်ခြံကိုကုတ်ဖဲ့တာ၊ညှစ်တာတွေက လက်မှာကပ်နေတဲ့ဘက်တီးရီးယားတွေ မျက်နှာကိုပျံ့နှံ့စေပါတယ်။ လက်နဲ့ထိတွေ့လို့ ပိုးဝင်ပြီးဖြစ်လာတဲ့ ဝက်ခြံက ပိုဆိုးပြီး အမာရွတ်ဖြစ်ကျန်စေနိုင်ပါတယ်။

နေလောင်တာကို ကာကွယ်ပါ

ဝက်ခြံသမားတွေအတွက် နေလောင်ရင် ဝက်ခြံတွေပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့်နေလောင်ကာခရင်မ်လိမ်းရပါမယ်။ ဝက်ခြံနဂိုကတည်းကရှိနေတာဆိုတော့ ချွေးပေါက်ပိတ်ဆို့မှုတွေမဖြစ်စေနိုင်တဲ့ နေလောင်ကာခရင်မ်ကိုရွေးချယ်ရပါမယ်။

အခုပြောခဲ့တဲ့အဆင့်လေးတွေကို သေချာလေးဂရုစိုက်လိုက်နာပေးမယ်ဆိုရင် ဝက်ခြံတွေကင်းပြီး ကြည်လင်သန့်စင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာအသေအချာပါနော်။ အသားအရေကြည်လင်ပြီး သန့်စင်လှပလိုတဲ့သူတိုင်း ဝက်ခြံကင်းတဲ့လှပခြင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်…

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/skin/acne

Accessed June 6, 2019.

https://www.mayoclinic.org/diseases-conditions/acne/symptoms-causes/syc-20368047

Accessed June 6, 2019.

https://www.webmd.com/skin-problems-and-treatments/acne/10-tips-for-preventing-pimples#1

Accessed June 6, 2019.

ယခုပုံစံ

16/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Seint Lei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေလောင်ကာခရင်မ် ဘာကြောင့် လိမ်းသင့်တာလဲ။

ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement