မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လိင်ဆက်ဆံခြင်းဖြင့် စိတ်ဖိစီးမှုတွေ ပြေလျော့စေနိုင်ပါတယ် ….. လိင်ဆက်ဆံတာက ခံစားမှုကောင်းတာတင်မဟုတ်ပါဘူး။ ကျန်းမာစေဖို့ပါ အထောက်အကူပြုသလို စိတ်ဖိစီးမှုကိုပါ ကင်းစေနိုင်ပါသတဲ့။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်တွင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ကျဆင်းသွားတာကြောင့်ပါ။
အမျိုးသားနဲ့ အမျိုးသမီး အတူနေချိန်မှာ အချစ်ဟော်မုန်းလို့ တင်စား ခေါ်ဝေါ်ကြတဲ့ oxytocin နဲ့ endorphins ဟော်မုန်းတို့ ထွက်လာကြပါတယ်။ ဒီလို ထွက်ရှိလာမှုက စိတ်ထဲမှာ ဖြစ်နေတဲ့ စိုးရိမ်မှု၊ ပူပန်မှုတွေကို ပြေလျော့သွားစေဖို့ အထောက်အပံ့ ပေးပါတယ်။ စိတ်ကို တည်ငြိမ်သွားစေသလို စိတ်ခံစားမှု ကောင်းမွန်လာစေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ကူညီပေးပါသေးတယ်။
နောက်ထပ် ကောင်းကျိုး တစ်ခုကတော့ အချင်းချင်း ကြားမှာ နားလည်မှု၊ ယုံကြည်မှုတွေ တိုးစေတာပါ။ အချစ်ရေး အဆင်ပြေနေမှုက လူမှုဆက်ဆံရေးမှာရော အလုပ်ခွင်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြည့်ဝနေပြီး နေ့စဉ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့အတွက်ဆိုရင် လိင်ဆက်ဆံတာကလည်း ချန်လှပ်ထားလို့ မရတဲ့ ကိစ္စတစ်ခု ပါနော်။ ဒါတွေတင် မကပါဘူး။ လိင်ဆက်ဆံမှုကနေ ရရှိနိုင်တဲ့ အခြား ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်နော်။
လူရယ်လို့ဖြစ်ပြီး အရွယ်ရောက်လာရင် ဒီကိစ္စက ရှောင်လွှဲလို့ မရတဲ့ ကိစ္စ တစ်ခုပါ။ ဒီလို နေ့စဉ်ဘဝမှာ လုပ်မိနေတဲ့ အလေ့အထလေးက စိတ်ဖိစီးမှုကို ပြေလျော့စေတယ်ဆိုတဲ့ မဆိုးဘူးပေါ့နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။