backup og meta

ကမ္ဘာတစ်ဝှမ်းက ကွန်ဒုံးအမျိုးအစား ဒီဇိုင်းအဆန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းက ကွန်ဒုံးအမျိုးအစား ဒီဇိုင်းအဆန်းများ

    ကွန်ဒုံးကို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့အတွက် လိင်ဆက်ဆံတဲ့အခါ အသုံးပြုရပါတယ်။ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ကွန်ဒုံးဆိုရင် ဝယ်ရမှာ သိပ်ရှက်ကြတယ်။ ဝယ်ပြီဆိုရင်လည်း စတိုးဆိုင်မှာ တွေ့တဲ့ တံဆိပ်လှမ်းဆွဲပြီး ဝယ်လိုက်တာပဲလေ။ ဒါက သိပ်ပြဿနာမရှိပေမဲ့ အသစ်အဆန်းလေးတွေ ကြိုက်တတ်တဲ့ ကိုယ့်လူတွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သိထားသင့်တဲ့ ကွန်ဒုံး ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ မီးရောင်လက်တဲ့ ကွန်ဒုံး (Glow-In-The-Dark Condoms)

    အမှောင်ထဲမှာ ကြိုက်တယ်ဆိုပေမယ့် လုံးဝမှောင်နေတာမျိုး မကြိုက်တဲ့သူတွေအတွက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ကွန်ဒုံးကတော့ သာမန်ကွန်ဒုံးတွေလို ပုံစံပါပဲ။ ဘာကွာသွားလဲဆိုတော့ နေရောင် သို့မဟုတ် မီးရောင်အလင်းထဲမှာ စက္ကန့် ၃၀ လောက် ထားပြီးမှ စွပ်ပြီး အမှောင်ထဲ ဝင်လိုက်ရင် ကွန်ဒုံးက နီယွန်မီးရောင် လင်းလာတာပေါ့။ Latex ရာဘာသားကိုမှ အလွှာ ၃ လွှာနဲ့ လုပ်ထားတာဖြစ်ပြီး အတွင်းပိုင်း လိင်တံနဲ့ ထိတွေ့နေတဲ့ အလွှာကနေ မီးရောင်ထွက်ပါတယ်။ ထူးထူးခြားခြား အာနိသင်မရှိပေမဲ့ ဆန်းဆန်းပြားပြားတွေကိုမှ ကြိုက်တဲ့ စုံတွဲတွေအတွက် အဆင်ပြေစေပါတယ်။

    ၂။ အရသာမျိုးစုံနဲ့ ကွန်ဒုံး (Flavored Condoms)

    ကိုယ်ပုံမှန် သကြားလုံး၊ ရေခဲချောင်း စုပ်ရင် ရတဲ့ အရသာလိုမျိုး ကွန်ဒုံးရဲ့ ချောဆီမှာ ထည့်သွင်းပေးထားပြီး မျိုချလို့လည်း အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲဌာန FDA ရဲ့ ခွင့်ပြုချက်ကို ရယူထားတာ ဖြစ်တဲ့အတွက် မျိုချလိုက်ရင်လည်း ဓာတုအဆိပ်သင့်တာမျိုး မဖြစ်စေပါဘူး။ အမျိုးသားအင်္ဂါကို ပါးစပ်နဲ့ စုပ်ယူတဲ့အခါ ချိုချဉ်အရသာလေး ပါနေတော့ ဆက်ဆံဖော်အတွက်လည်း အဆင်ပြေစေတာပေါ့။ ထိုးသွင်းဆက်ဆံခြင်းမှာတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူး။

    ၃။ ပူရှိန်းအရသာ ကွန်ဒုံး (Kiss of Mint Condoms)

    ပါးစပ်နဲ့ လိင်ဆက်ဆံရတာ ကြိုက်သူတိုင်း ဆောင်ထားသင့်တဲ့ ဒုတိယကွန်ဒုံးအမျိုးအစားပါ။ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ သုက်ရည်မျိုချခြင်း မဖြစ်စေဖို့၊ ရောဂါပိုးမွှားတွေ မဝင်စေဖို့ ကာကွယ်ပေးသလို စုပ်ယူတဲ့သူအတွက်လည်း အရသာမျိုးစုံကို ခံစားလို့ ရတယ်။ အမျိုးသားတွေအတွက် ပိုကောင်းသွားတာက အထဲမှာ ပူရှိန်းလိုမျိုး အေးမြတဲ့ခံစားမှုမျိုး ရတဲ့အတွက် ကာမသုခကို အပြည့်အဝ ခံစားရစေနိုင်ပါတယ်။

    ၄။ ဘုသီးလေးတွေ ပါတဲ့ ကွန်ဒုံး (Studded or Textured Condoms)

    အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ ထိုးသွင်းဆက်ဆံရာမှာ ပုံမှန်တဲ့ ပိုထူးကဲ ကောင်းမွန်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ ကွန်ဒုံးပါ။ တံဆိပ်အမျိုးအစားပေါ် မူတည်ပြီး ကွန်ဒုံးထိပ်၊ ပတ်လည်၊ အဖျားတွေမှာ ဘုသီးလေးတွေ ထည့်ပေးထားတာကြောင့် ထိုးသွင်းနေစဉ်မှာ အမျိုးသမီးတွေအတွက်လည်း ကာမစိတ်ကို နှိုးဆွပေးရာ ရောက်ပါတယ်။ အမျိုးသားတွေအတွက်လည်း အထဲမှာ လိင်တံကို နှိုးဆွပေးနိုင်ဖို့ ဘုသီးလေးများ ပါတာကြောင့် အဆင်ပြေစေပါတယ်။

    ၅။ ပူနွေးနွေး ကွန်ဒုံး (Warming Condoms)

    အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရလို့ မကြိုက်ဘူးဆိုတဲ့ စုံတွဲတွေအတွက် Latex အလွှာပါးပါးလေးကိုမှ အနွေးဓာတ်ခံစားမှုမျိုး ပေးနိုင်တဲ့ ချောဆီများများ သုံးပေးထားတာဖြစ်လို့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရသလို နူးညံ့တဲ့ အထိအတွေ့မျိုးကို ဆက်ဆံဖော် ၂ ဦးလုံး ခံစားရမှာပါ။

    ၆။ ထိပ်ကြီး ကွန်ဒုံး (Pleasure-Shaped Condoms)

    လုံးပတ်က ပုံမှန်အတိုင်းပဲ ဖြစ်ပြီး အမျိုးသားအင်္ဂါရဲ့ ထိပ်ဖူးနေရာမှာ ကွန်ဒုံးကို ပိုကြီးနေအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က လိင်တံထိပ်ဖူးပေါ် ကွန်ဒုံးရဲ့ ပွတ်တိုက်မှုကြောင့် အမျိုးသားတွေကို ကာမသုခ ပိုမိုပေးစွမ်းနိုင်ပြီး သုက်လွှတ်ကြာတဲ့ သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

    ၇။ အသွင်းအချွတ်လုပ်ဖို့ လွယ်ကူတဲ့ ကွန်ဒုံး (Sensis Condoms with Quik Strips)

    တစ်ခါတလေ အမျိုးသားတွေ ကွန်ဒုံးစွပ်တဲ့နေရာမှာ အခက်အခဲရှိတတ်ပါတယ်။ ချောဆီကြောင့် လက်က စေးကပ်နေပြီး ကောင်းကောင်း စွပ်ချလို့ မရတာမျိုး၊ ဘက်ပြောင်းပြန်ဖြစ်တာ၊ အလယ်မှာ ကျပ်နေတဲ့ ပြဿနာမျိုးပေါ့။ ဒီကွန်ဒုံး အမျိုးအစားမှာတော့ သုက်ရည်သိုလှောင်တဲ့ အိတ်ငယ်လေးမှာ ကြိုး နှစ်ချောင်းပါပြီး လိင်အင်္ဂါရဲ့ အပေါ်မှာ ကွန်ဒုံးကို တင်ထားလိုက်ရုံပါ။ ပြီးသွားရင် ဘေးက ကြိုးနှစ်ချောင်းကို အောက်ဆွဲချလိုက်တာနဲ့ ကွန်ဒုံးစွပ်ပြီးသား ဖြစ်သွားပါပြီ။

    ၈။ ဝါးစားလို့ရတဲ့ ကွန်ဒုံး (Edible Condoms)

    သူ့ရဲ့ အဓိက အားသာချက်က ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့နေရာမှာ အရသာတစ်မျိုး ပေးစွမ်းနိုင်သလို သုက်ရည်မျိုချရတာ ကြိုက်တယ်ဆိုရင်လည်း လိင်ဆက်ဆံပြီးလို့ သုက်လွှတ်ပြီးတာနဲ့ ကွန်ဒုံးကိုပါ ဝါးစားလို့ရတာမျိုးပါ။ မကောင်းတဲ့အချက်ကတော့ အပျော်သက်သက် ထုတ်ထားတာဖြစ်ပြီး ကိုယ်ဝန်နဲ့ တခြားလိင်မှတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။

    ခုပြောပြခဲ့တဲ့ ကွန်ဒုံးအမျိုးအစားတွေက ဆန်းဆန်းပြားပြားတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ လိင်မှုကိစ္စမှာ ပုံမှန်ထက် ထူးကဲတဲ့ အရသာနဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်မယ်လို့ ထင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီအမျိုးအစား တော်တော်များများက မြန်မာနိုင်ငံမှာ တရားဝင် ရောင်းချထားခြင်း မရှိသေးလို့ ဝယ်မယ်ဆိုရင်တော့ နိုင်ငံခြား ခရီးထွက်တဲ့အချိန်မျိုး၊ ဒါမှမဟုတ် အွန်လိုင်းကနေ တစ်ဆင့်ပဲ ဝယ်လို့ ရမှာဖြစ်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement