backup og meta

လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး

    ကာမကိစ္စတွေနဲ့ ကင်းဝေးနိုင်တဲ့ လူသားတွေဆိုတာ တော်တော်လေးကို ရှားပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ မှားယွင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အန္တရာယ်ကင်းစွာ လိင်ဆက်ဆံနိုင်ဖို့တော့ လိုအပ်တာပေါ့။ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဆိုရင် ပိုပြီးတောင် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်

    စအိုကို အသုံးပြုပြီး လိင်ဆက်ဆံခြင်း

    • လိင်ဆက်ဆံဖော် တစ်ဦးထက် များနေတတ်ခြင်း

    • အုပ်စုဖွဲ့ လိင်ဆက်ဆံခြင်း

    မူးယစ်ဆေးများ အသုံးပြုမိတဲ့အခါ ကွန်ဒုံးသုံးဖို့ကို မေ့လျော့တတ်ခြင်း စတဲ့ အချက်တွေကြောင့် HIV အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါရဖို့ အခွင့်အလမ်း အရမ်းများပါတယ်။

    ဒါကြောင့် လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း PrEP ဆေးအကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ PrEP ဆေးဆိုတာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ်က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် PrEP ကို ပုံမှန်သောက်ပေးသင့်ပါတယ်။

    PrEP ဆေးအကြောင်း သိထားသင့်သမျှ

    • ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။

    • အဓိကကတော့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

    • HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။

    • နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရက် ရှိဖို့ လိုအပ်ပါတယ်။

    • နေ့တိုင်း PrEPဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။

    • ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

    • မူးဝေတာ၊ အော့အန်တာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။

    • ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစွဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။

    • PrEPဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။

    • ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။

    • ၃လခြား တစ်ခါ HIV ပိုးရှိ၊ မရှိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။

    ဒီဆေးဟာ HIV ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပေမယ့် ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ခြင်း မဟုတ်တဲ့အတွက် တတ်နိုင်ရင်တော့ ကွန်ဒုံးအသုံးပြုပြီး လိင်ဆက်ဆံဖို့၊ လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုပြီး မများစေဖို့ကို ထပ်ပြီး အကြံပေးချင်ပါတယ်။ လိင်တူဆက်ဆံတဲ့သူတွေဟာ စအိုကို အသုံးပြုတာဖြစ်တဲ့အတွက် ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုး ကူးစက်ခံရဖို့ အလားအလာ ပိုများတာကြောင့် တတ်နိုင်သလောက် ကိုယ့်ဘက်က ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement