backup og meta

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။

ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ……. ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant) ဆိုတာ ဘာလဲ

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ တတ်ကျွမ်းတဲ့သူ လုပ်ပေးမှတော့ ရမှာပါ။

လက်မောင်းထဲ ထည့်သွင်းတဲ့ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးပြီး ၃နှစ်၊ ၅နှစ် စသဖြင့် အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်းပါဝင်တာကြောင့် သားအိမ်နဲ့ သားအိမ်ခေါင်းနံရံက အချွဲမြှေးတွေကို ထူစေပြီး မျိုးမအောင်အောင်တားဆီးပေးတဲ့ သန္ဓေတားနည်းလမ်းတစ်ခုပေါ့။

လက်မောင်းတွင်းထည့်ပစ္စည်းရဲ့ ကောင်းကျိုးတွေ

  • လက်မောင်းတွင်းထည့်ပစ္စည်းက အလုပ်များတဲ့လေဒီတွေအတွက် နှစ်နဲ့ချီပြီး ဂရုစိုက်စရာမလိုတဲ့ သားဆက်ခြားနည်းပါ။
  • ပစ္စည်းပေါ်မူတည်ပြီး ၃ နှစ်၊ ၅နှစ် စသဖြင့် ခံပါတယ်။
  • ၉၉ ရာခိုင်နှုန်းကျော်အထိ စိတ်ချရတဲ့ သားဆက်ခြားနည်း တစ်ခုပါ။
  • ထည့်မယ့်အချိန်မှာပဲ ဆေးခန်းကို သွားရမှာဖြစ်ပြီး ပုံမှန်စစ်ဆေးနေစရာမလိုပါဘူး။

  • ဖယ်လိုက်တာနဲ့ ကိုယ်ဝန် ပြန်ဆောင်လို့ ရနိုင်ပါတယ်။

ဒီလောက်ဆိုရင် အလုပ်ရှုပ်မခံချင်တဲ့ လေဒီလေးတွေအတွက် အဆင်ပြေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတယ်ဆိုသလိုပဲ Implant မှာ အခုလို ကောင်းကျိုးတွေ အားသာချက်တွေ ရှိသလို အားနည်းချက် အချို့လည်း ရှိပါတယ်။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း( Implant )ရဲ့ ဆိုးပြစ်တွေ

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းရဲ့ ဆိုးပြစ်တွေက

  • လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်ပေးနိုင်ဘူး။
  • စထည့်ထည့်ချင်း လအနည်းငယ်မှာ ရာသီမမှန်တာ၊ ရာသီမလာတာ ဖြစ်တတ်ပါတယ်။
  • လက်မောင်းထဲ ထည့်ဖို့၊ ပြန်ထုတ်ဖို့အတွက် ဆရာဝန်ဆီ သွားဖို့ လိုပါမယ်။
  • နှစ်ပြည့်တဲ့အခါ ကလေးယူချင်ရင် ပြန်ထုတ်ဖို့လိုပြီး၊ ဆက်တားချင်တဲ့အခါ အသစ်လဲရပါမယ်။
  • ထည့်လိုက်တဲ့နေရာမှာ ထည့်တုန်းကအတိုင်း ရှိမနေတာကြောင့် ဖယ်တဲ့အခါ ခက်ခက်ခဲခဲ ရှာရတာမျိုး ရှိနိုင်ပါတယ်။

ကောင်းကျိုးတွေရော ဆိုးပြစ်ရော သိပြီးပြီဆိုတော့ ဒီ သားဆက်ခြားနည်းကို ဘယ်သူတွေ သုံးလို့ အဆင်မပြေဘူးလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

ဘယ်သူတွေ လက်မောင်းတွင်းထည့်ပစ္စည်း သုံးလို့ အဆင်မပြေဘူးလဲ

တကယ်လို့ လေဒီလေးက ဒီလိုအခြေအနေမျိုးတွေ ရှိနေရင်တော့ လက်မောင်းတွင်းထည့်ပစ္စည်း အသုံးမပြုသင့်ပါဘူး။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ ဆိုတာကို သေသေချာချာ သိလောက်ပြီ ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ အကြံပြုတာက ဒီ သားဆက်ခြားနည်းကို အသုံးမပြုခင်မှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ပါ။

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းက သေးငယ်ပြီး အသုံးပြုရလွယ်ကူတဲ့ ပလပ်စတစ် အချောင်းလေးပါ။ လက်မောင်း အထက်ပိုင်း အရေပြားအောက်ဘက်ထဲမှာ ထားရတာ ဖြစ်ပါတယ်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းက ပရိုဂျက်စတုန်း ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး ကိုယ်ဝန် မရရှိအောင် တားပေးပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Contraceptive implant https://www.nhs.uk/conditions/contraception/contraceptive-implant/ Accessed Date 2 May 2022

What to know about the birth control implant https://www.medicalnewstoday.com/articles/birth-control-implants Accessed Date 2 May 2022

Contraceptive implants https://www.thewomens.org.au/health-information/contraception/contraceptive-implants Accessed Date 2 May 2022

Contraceptive implant https://www.healthdirect.gov.au/contraceptive-implant Accessed Date 2 May 2022

CONTRACEPTIVE IMPLANT https://www.brook.org.uk/your-life/contraceptive-implant/ Accessed Date 2 May 2022

ယခုပုံစံ

02/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement