backup og meta

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

    သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီဆိုရင် သားဆက်ခြား ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ သဘာဝဘေးအန္တရာယ်တွေ ပြီးသွားလို့ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အချိန်အတွင်းမှာတောင် ဆေးရုံဆေးခန်း သွားဖို့ မလွယ်တာကြောင့် မတော်တဆ ကိုယ်ဝန်ရလာခဲ့ရင် ဒီကိုယ်ဝန်ကို ကောင်းကောင်းစောင့်ရှောက်နိုင်မလားဆိုတာ မသေချာပါဘူး။ အထူးဂရုစိုက်ဖို့ လိုတဲ့ လနုချိန်မှာ ဒီကိုယ်ဝန်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူးဆိုရင် အမေရော ကလေးရော အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သဘာဝဘေးနဲ့ ကြုံနေရချိန်မှာ ကိုယ်ဝန်ယူဖို့ ခဏလောက် နောက်ဆုတ်ထားစေချင်ပါတယ်။

    ဒီလို နောက်ဆုတ်ထားမယ်ဆိုရင် သားဆက်ခြားနည်းလမ်းတွေက အရေးပါလာပါပြီ။ တချို့ကလည်း နဂိုတည်းက ကိုယ်ဝန်မလိုချင်သေးလို့ သားဆက်ခြားပြီးသားတွေ ရှိပါတယ်။ သူတို့တွေရော သဘာဝဘေးကာလမှာ ဘယ်လိုဆက်ပြီး သားဆက်ခြားမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    သားဆက်ခြား နည်းရွေးချယ်ကြမယ်

    လူသုံးများတဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ ဒါတွေကို ဘယ်လို ဆက်လုပ်သင့်လဲဆိုတာ အကြံပေးရရင်

    • တားဆေးကတ်

    ဟော်မုန်းပါ သောက်ဆေးကတ်တွေပါ။ ဟော်မုန်း တစ်မျိုး၊ နှစ်မျိုး စသဖြင့် ရှိပါတယ်။ တားဆေးသောက်လက်စ သူတွေက ဆေးပဲ ဆက်သောက်မယ်ဆို ကတ်အပိုဝယ်ထားပါ။ ၃-၄လစာ ပိုဝယ်ထားတာ ကောင်းပါတယ်။ ပြေးရင်း ပြုရင်း မေ့ပြီး ဆေးမသောက်မိမှာ ကြောက်တယ်ဆိုရင်လည်း ဆေးသောက်ဖို့ မေ့ရင် ဘာဆက်လုပ်ရမလဲဆိုတာကို ကြိုလေ့လာထားပါ။ အလုပ်ရှုပ်တယ်။ ထိုးဆေးပြောင်းမယ်ဆိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြောင်းပါ။

    • ထိုးဆေး

    ထိုးဆေးက ၃လခံ၊ ၁လခံ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ သူတို့က တစ်ခါထိုးရင် လနဲ့ချီ ခံတာဆိုတော့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဒါကိုမှ စိတ်မချသေးဘူးဆိုရင် ကိုယ်တိုင်ထိုးလို့ရတဲ့ တားဆေးတွေ ရှိပါတယ်။ Depoနဲ့ တူတူပါပဲ။ အပ်သေးသေးလေးနဲ့ ကိုယ်တိုင် ထိုးလို့ရပါတယ်။ အဲ့ဒါကို ဝယ်ပြီး သေချာသိမ်းထားပါ။

    • သားအိမ်ထဲ ပစ္စည်းထည့်တာ

    သူတို့ကလည်း နှစ်ချီခံလို့ ပြဿနာ မရှိပါဘူး။ စထည့်ထည့်ချင်း သူတွေကတော့ သားအိမ်ထဲ ကြိုးပျောက်တာ ဖြစ်တတ်ပါတယ်။ ကြိုးပျောက်ရင် ဘာလုပ်လို့ရမလဲ ဒီမှာ ဖတ်ပါ။

    ဒါလည်း စိုးရိမ်စရာ မရှိပါဘူး။ နှစ်ရှည်ခံလို့ပါ။

    ကွန်ဒုံးက တစ်ခါသုံးဖြစ်လို့ များများပိုဝယ်ထားပါ။ မပျက်စီးအောင် သေချာသိမ်းပါ။ ကွန်ဒုံးသုံးတာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်လို့ ပိုပြီး အဆင်ပြေပါတယ်။ သဘာဝဘေးကာလမှာ ရောဂါတစ်ခုတော့ စိတ်ချရပါတယ်။ ဒါ့ပြင် တားဆေးသောက်ဖို့ မေ့သွားလို့၊ ဆေးထိုးဖို့ မေ့သွားဖို့ အတူနေချင်တယ်ဆို ကွန်ဒုံးကို သုံးလို့ရပါတယ်။

    ဒါလည်း ဆောင်ထားသင့်ပါတယ်။ ဒါပေမယ့် အမြဲတမ်း မသုံးသင့်ပါဘူး။ တားဆေးအစားထိုးပြီး သုံးဖို့လည်း မသင့်တော်ပါဘူး။ ဆေးသောက်ဖို့ မေ့သွားပြီး ရှေ့ရက်တွေမှာ အတူနေထားရင်ဖြစ်ဖြစ်၊ မတော်တဆ အကာအကွယ်မဲ့ အတူနေမိလို့ ဖြစ်ဖြစ် အရေးပေါ် သုံးလို့ရအောင်ပါ။

    စစ်တမ်းတွေအရ သဘာဝဘေးကာလတွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေလည်း ဖြစ်တတ်ပါတယ်။ မဖြစ်လာရင် ကောင်းပေမယ့် ဖြစ်လာရင် ကာကွယ်လို့ရအောင် ဆောင်ထားသင့်ပါတယ်။

    • ရက်ရှောင်နည်း

    ရာသီရက်မမှန်ဘူးဆိုရင် မသုံးတာကောင်းပါတယ်။ အထူးသဖြင့် သဘာဝဘေးကြောင့် ရှောင်နေရတဲ့အချိန်မျိုးမှာ စိတ်ဖိစီးပြီး ရာသီမမှန်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရက်တွက်မှားနိုင်လို့ သတိထားသင့်ပါတယ်။

    တခြား အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ

    တခြားအနေနဲ့ကတော့ ရာသီသုံး ပစ္စည်းလေးတွေပါ။ Pad, Tampon, Cup စသဖြင့် အမျိုးအစား အများကြီး ရှိတာကြောင့် ကိုယ်အဆင်ပြေရာကိုသာ သုံးပါ။ Padနဲ့ Tamponဆို ၃လစာလောက် အပိုဆောင်ထားပါ။ Cupဆိုရင်တော့ တစ်ခုရှိရုံနဲ့ ရပါတယ်။

    နောက်ပြီး အိမ်ထောင်ရှိ အမျိုးသမီးတွေ ကိုယ်ဝန်ရှိမရှိ စစ်တဲ့ ဆီးစစ်တံလေး ဆောင်ထားသင့်ပါတယ်။ ဆေးသောက်ဖို့ မေ့သွားလို့ ရာသီထိမ်သွားခဲ့ရင် စစ်နိုင်အောင်ပါ။ မတော်တဆ ကိုယ်ဝန်ရှိလာတော့လည်း ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရတာပေါ့။

    ကိုယ်ဝန်သည်များ သတိထားစရာ

    ကိုယ်ဝန်ဆောင်တွေကတော့ ကိုယ့်ကိုယ်ဝန်လအလိုက် ပြင်စရာရှိတာ ပြင်ထားပါ။ သန့်သန့်ရှင်းရှင်း ကလေးမွေးတတ်၊ ချက်ကြိုးဖြတ်တတ်ဖို့ ကြိုတင်လေ့လာထားပါ။ မတော်တဆ ရေကြီးလို့၊ မုန်တိုင်းတိုက်လို့ ဘယ်မှထွက်မရဘူးဆို ကိုယ့်အားကိုယ်ကိုးပြီး မွေးရမှာပါ။ အတူနေ မိသားစုကိုပါ သင်ပေးထားပါ။ မွေးစကလေး ပြုစုနည်း၊ နို့တိုက်နည်း၊ မီးနေသည် စောင့်ရှောက်နည်း စတာတွေကို သိထားရင် ပိုကောင်းပါတယ်။

    သဘာဝဘေးနဲ့ ကြုံရပြီဆို မဖြစ်သင့်တာတွေ မဖြစ်ရအောင် အမျိုးသမီးများအနေနဲ့ ပြင်စရာရှိတာ ပြင်ထားကြပါတော့လို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement