လူ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ခုခံအားစနစ်ဟာ ရောဂါပိုးတွေကနေ ကာကွယ်တိုက်ထုတ်ပေးပါတယ်။ များသောအားဖြင့် ခုခံအားစနစ်ဟာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် တစ်ခါတရံမှာတော့ ခုခံအားစနစ်ယိုယွင်းနေတတ်ပါတယ်။ အဲဒီအခါ ကျွန်မတို့တတွေ ဖျားနာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အရှိန်မြင့်စေတဲ့ နည်းတွေရှိပါတယ်။