backup og meta

ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု ။ ။

အာလုံးသိကြမှာ။ ပန်းနာရင်ကြပ်သမားတွေ ဆောင်းရာသီကို ကြောက်ကြတယ်ဆိုတာ။ ဆောင်းတွင်းမှာပြင်ပကလေအေးတွေကြောင့် လေပြွန်တွေ ကျဉ်းနေမယ့် အပြင် ပြင်ပက အမှုန်တွေကို နဂိုတည်းက ဓါတ်မတည့်အတွက် ချွဲပိုထပြီး အသက်ရှူရပိုကြပ်စေပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေအပေါ် သက်ရောက်တာဆောင်းရာသီ တစ်ခုတည်းမဟုတ်ပါဘူး။ အခြား ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေကလည်း သက်ရောက်သေးတာကြောင့် တစ်ခုချင်းစီအကြောင်း ဆက်ကြည့်လိုက်ရအောင် ။ ။

Heat ( အပူချိန်)

လေပူတွေကို ရှူသွင်းလိုက်တဲ့ခါ နဂိုကျဉ်းပြီးသား လေပြွန်တွေကို ပိုကျဉ်းသွားတဲ့အပြင် ဖုန်ထတဲ့နွေရာသီကြောင့် ချွဲပိုထပြီး အသက်ရှူပိုကြပ်သွားတတ်ပါတယ်။

Cold( အအေး ) ။

အပူထက်စာရင် အအေးက ပန်းနာရင်ကြပ်သမားတွေကို အသက်ရှူပိုကြပ်စေမှာပါ။ အေးတဲံလေတွေက လေပြွန်တွေထဲမှာ ရှိတဲံ တစ်ရှူးတွေကို ခြောက်သွားစေပြီး လေပြွန်ပိတ်မလို အခြေအနေတောင် ဖြစ်သွားစေပါတယ်။ ဒီလို အချိန်မျိုးတွေမှာဆို လည်စည်းလေးကို မျက်နှာအောက်နားလောက်မှာ ပတ်ထားလိုက်ပါ။ အပြင်က လေအေးတွေသိပ်မဝင်တော့ဘဲ အာငွေ့လေးနဲ့ ပူနွေးတဲ့လေတွေကိုပဲ ရှူုရမှာပါ။

Humidity (စိုထိုင်းဆ)

ပတ်ဝန်းကျင်ရဲ့ စိုထိုင်းဆက မှိုတွေနဲ့ အခြား ဓါတ်မတည့်စေမယ့် အရာတွေကို ပိုအားပေးသလိုဖြစ်တာကြောင့် စိုထိုင်းဆများတဲ့ ပတ်ဝန်းကျင်နဲ့ ပန်းနာရင်ကြပ်သမားတွေ မတည့်ပြန်ပါဘူး။ အခန်းထဲများနေတဲ့ စိုထိုင်းဆတွေ ခြောက်သွားအောင် အဲယားကွန်းဖွင့်ပေးသင့်သလို အပြင်သွားရင်လည်း စိုထိုင်းဆနည်းတဲ့ နေ့ခင်းပိုင်း ညနေပိုင်း တွေကို ပိုရွေးချယ်သင့်ပါတယ်။

ပန်းဝတ်မှုန်တွေ များနေတဲ့ ကာလ။

သစ်ပင်နဲ့ပန်းပွင့်တွေကနေထွက်တဲ့ ပန်းဝတ်မှုန်တွေ လေထဲပါလာတဲ့ အချိန်တွေဟာ ပန်းနာရင်ကြပ်သမားတွေအတွက် ရောဂါပြန်ထတဲ့အချိန်ပါ။

မုန်တိုင်းနဲ့ မိုးကြိုး

မုန်တိုင်းနဲ့ မိုးကြိုးတွေပြင်းထန်နေတဲ့ ကာလမှာ မြေပြင်က ဖုန်တွေပိုထွက်၊ စိုထိုင်းဆတွေပိုများပြီး လေပြင်းတွေကြောင့် ပန်းဝတ်မှုန်တွေပိုကြွေတာကြောင့် ဒီကာလဟာလည်း ပန်းနာရင်ကြပ်သမားတွေ သတိထားရတဲ့ ကာလတစ်ခုပါ။

ဒီတော့ ရာသီတိုင်းက ပန်းနာရင်ကြပ်သမားနဲ့ မတည့်သလိုဖြစ်နေတာကြောင့် ကိုယ့်ဘက်က ဝေဒနာပိုမဆိုးအောင် ထိန်းဖို့လိုပါတယ်။

  • သောက်ရမယ့်ဆေးတွေ မှန်မှန်သောက်ပေးမယ်
  • ရှူဆေးကို နည်းမှန်လမ်းမှန်နဲ့ ရှူမယ်
  • ကိုယ်နဲ့ မတည့်တဲ့အရာတွေကိုလည်း သေချာမှတ်သားထားမယ်
  • ဆေးလိပ် ငွေ့တွေကို ရှောင်မယ်။
  • လေ့ကျင့်ခန်းတွေလည်း လုပ်ပေးမယ်ဆိုရင် ဖြစ်နေတဲ့ ပန်းနာရင်ကြပ် ပြဿနာတွေ သက်သာသွားပါလိမ့်မယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://hellosayarwon.com/health/asthma-%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%94%E1%80%AC%E1%80%9B%E1%80%84%E1%80%B9%E1%80%80%E1%80%BA%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%82%E1%80%AB/

Accessed Date 23.8.2019

https://www.mayoclinic.org/diseases-conditions/asthma/symptoms-causes/syc-20369653

Accessed Date 23.8.2019

ယခုပုံစံ

08/07/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။