backup og meta

အသက်ရှူကျပ်ခြင်းကို ဖြစ်စေမယ်လို့ လုံးဝကို မထင်မှတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာစေမယ့်နည်းတွေ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှူကျပ်ခြင်းကို ဖြစ်စေမယ်လို့ လုံးဝကို မထင်မှတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာစေမယ့်နည်းတွေ။

    အသက်ရှုရကျပ်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူရခက်တာ စတဲ့ ပြဿနာတွေကို ကောင်းကောင်းသိတာ အဆုတ်ရောဂါသည်တွေနဲ့ နှလုံးရောဂါသည်တွေပါ။ ဒါပေမယ့် သူတို့ မဟုတ်ဘဲ အခြား ထင်မှတ်စရာ မရှိတဲ့ ကျန်းမာရေးအခြေအနေတချို့ကလည်း အသက်ရှူရကျပ်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကိုယ့်မှာ အဆုတ်နဲ့ နှလုံးရောဂါလည်း မရှိပါဘဲနဲ့ အသက်ရှိုက်ရှူတာတောင် မဝသလိုဖြစ်နေရတာ ဘာ့ကြောင့်လဲ။

    ကြည့်လိုက်ရင် မဆက်စပ်သလိုလိုနဲ့ အသက်ရှူရကျပ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ။

    ( ၁ ) သွေးအားနည်းခြင်း ။

    ကိုယ်တွင်းက ကလီစာတွေဆီကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးနေတဲ့တာဝန်ကို အဓိကယူရတဲ့ သွေးနီဥဆဲလ် လေးတွေ နည်းသွားတဲ့အခါ ၊ အောက်ဆီဂျင်တွေ သွေးနီဥဆဲလ်တွေဆီကပ်နေအောင် တာဝန်ယူပေးရတဲ့ သံဓါတ်နည်းတဲ့အခါ( သံဓါတ်ချို့တဲ့ သွေးအားနည်းခြင်း) မျိုးတွေမှာ အသက်ရှူရကျပ်တာမျိုး ဖြစ်တတ်ပါတယ်။

    • ဒါကိုသက်သာချင်ရင်တော့ သံဓါတ်များတဲ့ အစားအစာတွေ၊ သွေးအားဖြည့်ပေးမယ့် အစားအစာတွေ၊ သံဓါတ်ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပေးဖို့လိုပါတယ်။

    ( ၂ ) စိုးရိမ်ပူပန်မှု လွန်ကဲခြင်း။

    စိတ်ဖိစီးမှု များတဲ့အချိန်၊ စိုးရိမ်ပူပန်မှု လွန်ကဲနေတဲ့အချိန်မျိုးမှာ အသက်ရှူအောင်လုပ်ဆောင်ပေးနေတဲ့ ကြွက်သားတွေက တင်းသွားတတ်ပါတယ်။ အဲဒီအခါ အသက်ရှူရကြပ်လာသလို ဖြစ်သွားပြီး ပုံမှန်ထက် အသက်မြန်မြန်ပိုရှူနေရပါလိမ့်မယ်။ အဲဒီအခါ အသက်ရှူလို့မရဘူး၊ အသက်ရှူမဝဘူးဆိုတဲ့ အသိက စိတ်ကို ထပ်ပြီးဖိစီးပြီး အသက်ရှူရပိုခက်နေပါလိမ့်မယ်။ ဒီလိုအခါမျိုးရောက်နေတော့

  • စိတ်ကိုအေးအေးထားလိုက်ပါ။
  • ထိုင်ခုံမှာ သေချာနောက်လျှောမှီလိုက်ပါ ( ဒါမှမဟုတ်) လှဲလိုက်ပါ။
  • နှာခေါင်းနဲ့ ၄ စက္ကန့်လောက်အသက်ရှူပါ။ ပြီးရင် ဖယောင်းတိုင်မှုတ်မယ့် အနေအထားနဲ့ ပါးစပ်ကိုဆူပြီး လေရှူသွင်းတာ ၈ ကြိမ်လောက်လုပ်ပေးပါ။ သက်သာသွားပါလိမ့်မယ်။
  • ( ၃ ) ဓါတ်မတည့်ခြင်း။

    အိမ်ထဲမှာရှိတဲ့ မှိုတွေ၊ ဖုန်တွေ၊ လေထဲကနေပါလာတဲ့ ဝတ်မှုန်တွေနဲ့ ဓါတ်မတည့်တဲ့အခါမျိုးတွေမှာ နှာစေးတာ၊ မျက်လုံးယားတာ၊ တစ်ချိန်လုံးနှာချေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီ အမှုန်တွေ ၊ဝတ်မှုန်တွေ ဖုန်တွေက အဆုတ်ထဲက လေပြွန်တွေကိုလည်း ကျဉ်သွားစေတာကြောင့် အသက်ရှူကျပ်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

    • ဒီလိုအခါမျိုးတွေမှာ ဓါတ်မတည့်ခြင်းကို သက်သာစေမယ့် ဆေးဝါးတွေ သောက်ပေးလို့ရသလို လေပြွန် တွေ ပြန်ပွင့်ဖို့၊ အသက်ရှူကျပ်နေတာကို ချက်ချင်းသက်သာစေဖို့ဆို ပန်းနာရင်ကျပ်သမားတွေ ရှူတဲ့ ရှူဆေးရှူပေးလို့ရပါတယ်။

    ( ၄ ) အဆုတ်ပိုးဝင်ခြင်း။

    ကြားဖူနေကျ ပန်းနာရင်ကျပ်၊ တီဘီရောဂါ စတဲ့ အဆုတ်ရောဂါမျိုးမဟုတ်ဘဲ နှာခေါင်းနဲ့ ပါးစပ်ကနေတစ်ဆင့်ဝင်လာတဲ့ ပိုးမွှားတွေ အဆုတ်ထဲရောက်သွားပြီး နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ပိုးခြင်း ပြဿနာကလည်း အသက်ရှူရခက်စေတဲ့ အကြောင်းအချက်တွေထဲက တစ်ခုပါ။ လူတိုင်း အဆုတ်ထဲပိုးဝင်နိုင်ပေမယ့် ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ ပန်းနာရင်ကျပ်သမားတွေနဲ့ ဆေးလိပ်သောက်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။

    • ပိုးဝင်တာကို နိုင်ဖို့အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်ပေးဖို့လိုပါတယ်။ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဖို့ မမေ့ပါနဲ့ဦး။

    ( ၅ ) သန်ထခြင်း။

    hookworm ချိတ်သံကောင်တွေ ရှိနေတဲ့ မြေကြီးမှာ ခြေဖလာနဲ့ လမ်းလျှောက်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ hookworm ချိတ်သန်ကောင်ဥတွေပါသွားတဲ့အခါမျိုးတွေမှာ ဗိုက်ထဲ သန်တွေ ပွားနေပါလိမ့်မယ်။ ချိတ်သန်ကောင်တွေကို အစာအဖြစ် သွေးကို စုပ်တာကြောင့် သွေးအားနည်းတဲ့ ပြဿနာတွေ ဖြစ်ပြီး အသက်ရှူရခက်နေတတ်ပါတယ်။

    • ချိတ်သန်ကောင်ကိုနိုင်တဲ့ သန်ချ ဆေးကို ညအိပ်ရာဝင်ခါနီးသောက်လိုက်ပါ။ တစ်နှစ်တစ်ခါ မှန်မှန်သန်ချပေးပါ။ ဖိနပ်စီးပါ။ လက်ကိုသေချာဆေးပါ။ အစားအစာတွေကို ကျက်အောင်ချက်ပါ။

    ( ၆) ကြွက်သားအားပျော့ရောဂါ ( Myasthenia Gravis)

    ခုခံအားဆိုင်ရာ ကြွက်သားပြဿနာတစ်ခုဖြစ်တဲ့ Myasthenia Gravis ကြောင့် အသက်ရှူချိန် ကူညီပေးတဲ့ကြွက်သားတွေ အားပျော့သွားပြီး အသက်ရှူရခက်တတ်ပါတယ်။

  • ညနေပိုင်းလောက်ရောက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ မျက်ခွံတွေလေးနေတာ၊ ပုံရိပ် ၂ထပ်ပေါ်တာ၊ စကားပြောရလေးတာ၊ အစာမျိုချရခက်တာ၊ အကြောင်းအရင်းမရှိဘဲ ပင်ပန်းနေတာ၊ ခြေထောက်တွေ အားပျော့နေတာနဲ့ အသက်ရှူရခက်တာမျိုးတွေ ရှိရင် ဆရာဝန်မြန်မြန်သွားပြဖို့လိုအပ်နေပါပြီ။
  • ( ၇ ) ကင်ဆာ

    တချို့ကင်ဆာရောဂါတွေက အဆုတ်နဲ့ ရင်ဘက်နံရံကြားထဲ အလွှာပါးလေးမှာအရည်စုခြင်းကို ဖြစ်စေတတ်တာကြောင့် အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အသက်ရှူရကျပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

    တစ်ချို့ကင်ဆာရောဂါတွေက အဆုတ်နဲ့ ရင်ဘက်နံရံကြားထဲ အလွှာပါးလေးမှာအရည်စုခြင်းကို ဖြစ်စေတတ်တာကြောင့် အဆုတ်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ အသက်ရှူရကျပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

    • ရင်ဘတ်ပေါ်မှာ တစ်ခုခု ဖိထားသလိုမောနေတာ၊ လှဲအိပ်လိုက်ရင်ပိုဆိုးတာတွေ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်ဆီ သွားပြပါ။ စုနေတဲ့ အရည်တွေကို စုပ်ထုတ်ဖို့လိုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement