backup og meta

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်လုတ်ကြောင့် ဘေဘီလေး ထိခိုက်သွားမလားဆိုပြီး စိုးရိမ်တဲ့စိတ် မေမေတိုင်းမှာ ရှိပါတယ်။ ဒီလို စိုးရိမ်မှုက ဘေဘီလေးကို စပြီး ကိုယ်ဝန်ဆောင်ထားချိန်ကနေစလို့ မမွေးဖွားခင်အထိ ၉ လကျော် ၁၀ လ နီးပါးလုံးပါ။ ဒီတစ်ခေါက်တော့ အမောပြေအနေနဲ့ သောက်မိတဲ့ အုန်းစိမ်းရည် လေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ။ မေမေနဲ့ ဘေဘီလေးကို ကျန်းမာစေလား ……. ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့အတွက်ပါ။

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ….

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား …. ဆိုတော့ သောက်လို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အုန်းစိမ်းရည် နုနုချိုချိုလေး သောက်ပေးတာက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေတာမျိုး မရှိပါဘူး။

ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါ။ အများကြီး မသောက်ဖို့တော့ လိုပါမယ်။ အကြောင်းကတော့ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်လိုမျိုး သတ္တုဓာတ်တွေ ပါဝင်နေလို့ပါ။ ဒါကြောင့် အုန်းစိမ်းရည်ကို အများကြီး သောက်မယ်ဆိုရင် ပိုတက်ဆီယမ် လွန်ကဲမှု ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ကိုယ်တွင်းမှာ သတ္တုဓာတ်တွေ လွန်ကဲတာ electrolyteတွေ မျှခြေပျက်တာက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည်သောက်တဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်ချိန်မှာ အုန်းစိမ်းရည် သောက်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ဆီးရွှင်စေတယ်။

အုန်းစိမ်းရည်က ဆီးရွှင်စေနိုင်တဲ့ သဘာဝဖျော်ရည် တစ်မျိုးပါ။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဆီးသွားဖို့ လှုံ့ဆော်ပေးပါတယ်။

ဆီးသွားတာက ကိုယ်တွင်းနဲ့ ဆီးလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကျောက်ကပ် ပိုးမဝင်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်နိုင်တာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘေဘီလေးကို ဖွံ့ဖြိုးစေတယ်။

လေ့လာမှုတွေအရ အုန်းစိမ်းရည်က သန္ဓေသား ဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်နေပါတယ်။ မိခင်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်သလို ဘေဘီလေးရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကိုလည်း ထောက်ကူပေးပါတယ်။

ရေမြွာရည် တိုးစေနိုင်တယ်။

အုန်းစိမ်းရည် သောက်တာ အထူးသဖြင့် တတိယသုံးလပတ်ကာလမှာ သောက်သုံးတာက ရေမြွာရည် တိုးစေနိုင်သလို သွေးပမာဏ တိုးစေပြီး သွေးလည်ပတ်မှု ကောင်းစေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှုတွေ များတာကြောင့် electrolytes တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။

ဒီပြဿနာကို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အုန်းစိမ်းရည်က အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ အကြောင်းကတော့ အုန်းစိမ်းရည်မှာ ကိုယ်ဝန်ဆောင်မေမေတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ရင်ပူတာကို သက်သာစေနိုင်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ရင်ပူတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေကို ခံစားရနိုင်ပါတယ်။ အုန်းစိမ်းရည်ကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးပေါင် ထိန်းညှိပေးနိုင်တယ်။

​သွေးတိုးတတ်မယ် ဒါမှမဟုတ် ကိုယ်ဝန်ဆောင် သွေးတိုး ခံစားနေရမယ်ဆိုရင် အုန်းစိမ်းရည် သောက်ပေးလို့ ရပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။

ကဲ …….ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား …. ဆိုတော့ သောက်လို့ရတဲ့အပြင် အခုလို အကျိုးကျေးဇူးလေးတွေကိုပါ ရရှိစေနိုင်မှာပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

12 Possible Benefits Of Drinking Coconut Water In Pregnancy https://www.momjunction.com/articles/benefits-of-drinking-coconut-water-while-pregnant_00377645/ Accessed Date 27 December 2021

Drinking Coconut Water During Pregnancy https://parenting.firstcry.com/articles/drinking-coconut-water-during-pregnancy/ Accessed Date 27 December 2021

ယခုပုံစံ

31/10/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို အုန်းစိမ်းရည်တိုက်လို့ရလား

ဝိတ်ချနေတဲ့သူတွေ အုန်းစိမ်းရည်သောက်လို့ရတယ်နော်


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 31/10/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement