brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းက အဆိပ်အတောက်တွေကို Detox Water သောက်ပြီး ဖယ်ရှားရင် ကျန်းမာတဲ့ ဘေ​ဘီလေး မွေးဖွားလာမယ်လို့များ တွေးမိနေပြီလား။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေကို မသုံးဘဲ အသီးအနှံတွေနဲ့ ဆေးဖက်ဝင် အပင်တွေ ထည့်သွင်းပြုလုပ်ထားတဲ့ Detox water သောက်ရင်ရော ရလားလို့များ သိချင်နေပြီလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ ရလား။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။ ဆိုတော့ ကိုယ်ဝန်ဆောင် အနေနဲ့ Detox Water မသောက်သင့်ပါဘူး။ အကြောင်းကတော့ ကိုယ်ဝန်​ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့ လိုတာရယ် Detox Waterကြောင့် ကလေးကို ဘာမှာ အကျိုးထူး မသွားစေတာကြောင့် မသောက်တာ ကောင်းပါတယ်။

ပါဝင်ပစ္စည်းတွေကြောင့် အခန့်မသင့်ရင် မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ Detox Water မသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း

ကိုယ်ဝန်ဆောင်နေချိန်မှာ Detox Water သောက်မယ်ဆိုရင်

ဆေးဖက်ဝင် အပင်တွေက ဘေဘီလေးကို ထိခိုက်စေနိုင်တယ်

Detox Water အများစုမှာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ ဆေးဖက်ဝင် အပင်တွေ ပါနေတတ်ပါတယ်။ ဆေးဖက်ဝင် အပင်တွေ၊ အရွက်တွေနဲ့ ဓာတုပစ္စည်းတွေက ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးအတွက် ဘေးမကင်းပါဘူး။

ကိုယ်ဝန် အစောပိုင်းမှာ ဆေးဖက်ဝင် အပင်တွေကို အများအပြား စားသုံးမိမယ်ဆိုရင် ကိုယ်ဝန် ပျက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ Detox Water  မသောက်ပါနဲ့။

အဆိပ် ဖြစ်စေနိုင်တယ်

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox Water သောက်တဲ့အခါ အရင်ဆုံး ကိုယ်တွင်းအင်္ဂါက အဆိပ်အတောက်တွေကို သွေးထဲကို အရင်ရောက်ရှိမှာပါ။ ပြီးမှ အူမကြီး၊ ကျောက်ကပ်၊ အရေပြားနဲ့ အဆုတ်တို့ကနေ တဆင့် အပြင်ကို စွန့်ထုတ်တာပါ။

ဒီလိုရောက်ရှိမှုက သာမန်လူတွေအတွက် ပြဿနာ မရှိပေမယ့် ကိုယ်ဝန်ဆောင်မေမေအတွက်တော့ သွေးထဲမှာ အဆိပ်အတောက်ရှိနေတာက ကိုယ်တိုင်ကိုရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ရေဓာတ် ခမ်းခြောက်စေနိုင်တယ်

Detox Water သောက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီး ဒါမှမဟုတ် ချွေး နဲ့ ဝမ်းကနေ စွန့်ထုတ်ပါမယ်။ ဒါက ပုံမှန် ဖြစ်စဉ်ဆိုပေမယ့် ကိုယ်ဝန်ဆောင် မေမေအတွက်တော့ စိတ်ချရတဲ့ အခြေအနေ မဟုတ်ပါဘူး။

ဒီအရာတွေ အားလုံး လုပ်ဆောင်ဖို့က ရေဓာတ်ကို မဖြစ်မနေ လိုအပ်မှာပါ။ ဒီအနေအထားက ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေမှာပါ။ ရေဓာတ် ခမ်းခြောက်တာက ကလေးရဲ့ အနေအထားကို ထိခိုက်စေနိုင်သလို မေမေ့ ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။ ကိုယ်တွင်းမှာ electrolyte မမျှတတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဗီတာမင် C ပမာဏ တအားများနေတာ

Detox Water တွေမှာ ဗီတာမင် C ပါဝင်မှုက တအားများပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင် C များလွန်းတာက ကိုယ်ဝန်ဆောင်မိခင်အတွက် အရေးပါတဲ့ ဟော်မုန်းဖြစ်တဲ့ progesterone ဟော်မုန်း ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။

အာဟာရ ချို့တဲ့စေနိုင်တယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့က အရေးအကြီးဆုံးပါ။ ပုံမှန်အတိုင်းဆိုရင် Detox Water က ဘေးကင်းတယ်ဆိုပေမယ့် အာဟာရပြည့်ဝမှုတော့ အားနည်းပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝဖို့ အရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝစွာနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ Detox Water မသောက်ပါနဲ့။

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝဖို့က အရေးအကြီးဆုံးဖြစ်တာကြောင့် Detox Water ကို လုံးဝမသောက်ဘဲ ရေများများသောက်ပေးဖို့ ပြောပါရစေ။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 29/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။