brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

ဟော်မုန်းဆိုတာဘာလဲ။ သူတို့တွေ ဘယ်ကနေထွက်လာကြတာလဲ ။ ။

လူကစိတ်ကထိန်းချုပ်တယ်၊ စိတ်ကို ဟော်မုန်းကထိန်းချုပ်တယ်တဲ့။ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းစဉ်တွေ မှာ ပါဝင်နေတဲ့ ဟော်မုန်းပေါင်းများစွာရှိပါတယ်။ သူတို့ တစ်ခုချင်းဆီက ကိုယ်ခန္ဓါအတွက် အရေးပါလှပြီး သူတို့နည်းချင်း များခြင်းဟာ ပုံမှန် မဟုတ်တဲ့ ပြဿနာတွေကိုဖြစ်စေပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟော်မုန်း တွေနဲ့ ပက်သက်တဲ့အကြောင်းလေးတွေကို ပြည့်ပြည့်စုံစုံ ပြောပြပေးသွားမှာဖြစ်လို့ ကိုယ့်ကိုယ်ခန္ဓါအကြောင်း စိတ်ဝင်စားတဲ့သူတိုင်း ဖတ်သင့်တယ်နော် ။ ။

ဟော်မုန်းဆိုတာဘာလဲ ။ ။

ဟော်မုန်းဆိုတာ chemical messengers လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ဓါတုအချက်ပြစနစ်လေးတွေဖြစ်ပြီး သူတို့ကို endocrine glands တွေကနေ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီအချက်ပြစနစ်လေးတွေက ကိုယ်ခန္ဓါ ဘက်ညီစွာ လှုပ်ရှားနိုင်ဖို့၊ အခြား အခြေခံအချက်တွေဖြစ်တဲ့ ဗိုက်ဆာတာ၊ အိပ်စက်တာ ကနေ ရှုပ်ထွေးတဲ့အဆင့်တွေဖြစ်တဲ့ မျိုးပွားခြင်း လုပ်ငန်းစဉ်တွေ အထိ သူတို မပါလို့ မဖြစ်ပါဘူး။ နောက်ပြီး စိတ်ပျော်တာ၊ စိတ်တိုလွယ် ဒေါသထွက်လွယ်တဲ့ ဖြစ်စဉ်တွေမှာလည်း သူတို့ပါပါတယ်။ ဒါ့ကြောင့် ဟော်မုန်း တွေက ကိုယ်ခန္ဓါရဲ့ ခေါင်ချုပ်ကြီး ဖြစ်နေတာပေါ့ ။

ဒီတော့ ဟော်မုန်းတွေ အကြောင်းနားလည်ထားရင် ကိုယ့်ကိုယ်ခန္ဓါရဲ့ ကျန်းမာရေး အခြေအနေကို ဆရာဝန် ဆီမရောက်ခင်တည်းက သိနိုင်မှာ ဖြစ်ပါတယ်။ ကဲ ကြည့်ရအောင် ။ ။

The Endocrine System

အပေါ်မှာ ဟော်မုန်းတွေကို endocrine glands ကနေထုတ်တယ်လို့ ပြောထားခဲ့တယ်ဆိုတော့ ဟော်မုန်း နည်းခြင်း များခြင်းဟာ ဒီ endocrine glands တွေအပေါ် အများကြီး မူတည်နေပါတယ်။ ဒီတော့ ဟော်မုန်းထုတ်ပေးနေတဲ့ အဓိက endocrine glands တွေအကြောင်း သိဖို့လိုလာပြီလေနော်။ ဟော်မုန်း အဓိက ထုတ်ပေးနေတဲ့ endocrine glands တွေကတော့

· Hypothalamus:ကိုယ်ခန္ဓါရဲ့ အပူချိန် ဆာလောင်ြခင်း နဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေထုတ်ပေးတဲ့ gland တစ်ခုဖြစ်ပြီး့ ရေဆာတာ၊ အိပ်စက်တာ နဲ့ လိင်ကိစ္စတွေမှာ စိတ်ဝင်စားတာစတဲ့ ဟော်မုန်းတွေကို အခြား ဂလင်းကထုတ်တဲ့အပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။

· Thyroid: လည်ပင်းမှာရှိနေတဲ့ လိပ်ပြာပုံ သိုင်းရွိုက်ဂလင်းလေးကနေ ကိုယ်ခန္ဓါရဲ့ ကယ်လိုရီနဲ့ နှလုံးခုန်နှုန်းအပေါ် သက်ရောက်တဲ့ ဟော်မုန်းတွေထုတ်ပေးပါတယ်။

· Parathyroid: လည်ပင်းက လိပ်ပြာပုံ သိုင်းရွိုက်ဂလင်းလေးနားမှာရှိတဲ့ Parathyroid ဂလင်းက ကိုယ်တွင်း ကယ်လ်ဆီယမ် ပမာဏကို ထိန်းချုပ်ပေးနေတဲ့ နေရာတစ်ခုပါ။

· Thymus : ရင်ညွန့်ရိုးအောက် တည့်တည့်မှာရှိတဲ့ ဒီ ဂလင်းလေးကတော့ ခုခံအားစနစ်အတွက် အရေးပါတဲ့ T cells တွေကို ထုတ်ပေးတဲ့ ဂလင်းတစ်ခုပါ။

· Pancreas : အားလုံး သိကြတဲ့အတိုင်း ဒီ ဂလင်းလေးကတော့ သွေးတွင်းသကြားဓါတ်ထိန်းပေးရာမှာ အရေးပါတဲ့ အင်ဆူလင်ဟော်မုန်းထွက်ရာနေရာပဲ ဖြစ်ပါတယ်။

· Adrenal : ကျောက်ကပ်အပေါ်နားလေးမှာရှိတဲ့ ဒီ ဂလင်းလေးတွေက စိတ်ဖိစီး စေတဲ့ ဟော်မုန်း ဖြစ်တဲ့ cortisol ဟော်မုန်းထွက်ရာနေရာတစ်ခုဖြစ်ပြီး လိင်မှုကိစ္စတွေ အပေါ် သက်ရောက်မှုရှိတဲ့ ဟော်မုန်းတွေ ထုတ်ပေးတဲ့ ဂလင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။

· Pituitary: ဂလင်းအပေါင်းတို့ရဲ့ ခေ ါင်ချုပ်ကြီးပါ။ သူကနေ အခြား ဂလင်းတွေကို ထိန်းချုပ်တဲ့ ဟော်မုန်းထွက်ရာနေရာတစ်ခုပါ။ ကိုယ်ခန္ဓါကြီးထွားမှုကို ချုပ်ကိုင်တဲ့ ဟော်မုန်းကို ထုတ်ပေးရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

· Pineal: thalamus လို့လည်းခေါ်တဲ့ ဒီဂလင်းလေးဟာ အိပ်စက်ခြင်း စက်ဝန်းအတွက် အရေးပါတဲ့ melatonin ထုတ်ပေးရာ နေရာတစ်ခုပါ။

· Ovaries : မမျိုးဥအိမ်လို့ လူသိများတဲ့ ဒီ ဂလင်းလေးဟာ estrogen, testosterone နဲ့ progesterone တို့ကို ထုတ်ပေးတဲ့ နေရာတစ်ခုပါ။

· Testes: ဒါကတော့ အမျိုးသားတွေမှာသာရှိတဲ့ ဂလင်းတစ်ခုဖြစ်ပြီး အမျိုးသား sex hormone၊ testosterone နဲ့ သုက်ပိုး ကောင်လေးတွေ ထုတ်ပေးတဲ့ နေရာတစ်ခုပါ။

ဒီ ဂလင်းတွေ အတူတကွ အလုပ်လုပ်ကြပြီး ဘက်ညီနေမှာ ကိုယ်တွင်း ဟော်မုန်းစနစ်လည်း မျှတပြီး ကျန်းမာရေး ကောင်းနေမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။