အိမ်ထောင်ပြုတာ နောက်ကျလို့ပဲဖြစ်ဖြစ် ဘဝအတွက် ရုန်းကန်နေရလို့ ကလေးယူချိန်နောက်ကျလို့ပဲဖြစ်ဖြစ် တချို့သော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ချိန် နောက်ကျနေတတ်ပါတယ်။ အထူးသဖြင့် အသက် ၃၅ နှစ်နောက်ပိုင်းကာလတွေကို ကိုယ်ဝန်ဆောင်ဖို့ အန္တရာယ်များတဲ့အချိန် နောက်ကျတဲ့အချိန်လို့ လူအများစုက လက်ခံထားကြပါတယ်။