backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးယူ ဖို့ ဘယ်အသက်အရွယ်က အကောင်းဆုံးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Khine Phoo Ngon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးယူ ဖို့ ဘယ်အသက်အရွယ်က အကောင်းဆုံးလဲ

လက်ထပ်ပြီး အခြေတကျဖြစ်ပြီးချိန်မှာ အမျိုးသမီးအများစုက ကလေးယူ ပြီး မိသားစုဘဝလေးကို စတင်တည်ထောင်ဖို့ စီစဉ်လာကြပါတယ်။ ဒါ့ကြောင့် အသက် ၂၀၊ ၃၀ ဝန်းကျင် အမျိုးသမီးတွေအတွက် ဘယ်အချိန်မှာ ကိုယ်ဝန်ဆောင်သင့်သလဲဆိုတဲ့မေးခွန်းက လွှမ်းမိုးနေလေ့ရှိပါတယ်။ မိခင်သာမက ကလေးကျန်းမာရေးအတွက်ပါ စဉ်းစားပြီး အကောင်းဆုံးပြင်ဆင်နိုင်ဖို့အတွက် နည်းလမ်းကျကျ အချက်အလက်တွေနဲ့ စဉ်းစားဆုံးဖြတ်ကြဖို့ အကြံပြုလိုပါတယ်။

ဘယ်အသက်အရွယ်မှာ ကလေးယူ ဖို့ အကောင်းဆုံးလဲ

၂၀ ကျော်အသက်အရွယ်ဟာ ကလေးယူဖို့နဲ့ ကလေးကိုစောင့်ရှောက်နိုင်တဲ့ အကောင်းဆုံးအချိန်ပါ။ ယောက်ျားရော မိန်းမတွေအတွက်ပါ မျိုးဆက်ပွားဖို့ အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ အသက်အရွယ်တွေဖြစ်ပါတယ်။ အဲဒီအသက်အရွယ်ဟာ မိန်းကလေးတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ရာသီလာ(သွေးဆင်း)တဲ့ အချိန်တွေက ပိုပြီးပုံမှန်ဖြစ်နေပြီး မမျိုးဥလေးတွေကလည်း သန်မာကောင်းမွန်နေချိန် ဖြစ်ပါတယ်။ ( ဘ၀ တလျှောက်လုံး မမျိုးဥပေါင်း ၄၀၀၀၀၀ ခန့်ထွက်ပါတယ်။)

ဒါ့ကြောင့် အဲ့ဒီအသက်အရွယ်မှာ မျိုးမအောင်ဖို့ အခွင့်အရေးဆိုတာ မရှိသလောက်နည်းပါတယ်။ ပျှမ်းမျှအားဖြင့် အသက် ၂၀ မှ ၂၄ နှစ်အတွင်း မိန်းကလေးတစ်ယောက်အတွက် အကာအကွယ်မသုံးဘဲ အကြိမ်များစွာ လိင်ဆက်ဆံလျှင် ကိုယ်ဝန်ရနိုင်ခြေ မှာ တစ်လလျှင် ၂၀ရာခိုင်နှုန်း ကျော်ရှိပါတယ်။

အသက် ၂၀ကျော်မှာ ကလေးရှိခြင်း အတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေ ရှိနိုင်သလဲ

  • အသက်ငယ်ရွယ်စဉ် ကလေးရှိခြင်းရဲ့ ကောင်းကျိုးများ

အသက် ၂၀ကျော် မိခင်တစ်ယောက် ဖြစ်တဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်းလိုမျိုး အသက်ကြီး ကိုယ်ဝန်ဆောင်သူတွေမှာ ပိုဖြစ်တတ်တဲ့ အန္တရာယ်တွေ လျော့နည်းနိုင်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေတွေ (ဥပမာ ပေါင်မပြည့်ဘဲမွေးခြင်း၊ နေ့မစေ့ လမစေ့ဘဲ မွေးခြင်း) လည်း နည်းပါတယ်။ သားအိမ်အတွင်း အလုံးဖြစ်ခြင်း၊ သွေးပေါင်ချိန် တက်ခြင်း၊ ဆီးချိုဖြစ်ခြင်း ၊ သားအိမ်နံရံထူလာခြင်း အစရှိတဲ့ ရောဂါအခြေအနေတွေကိုလည်း လျော့ကျနိုင်စေပါတယ်။ အသက်အရွယ်ငယ်သေးတဲ့အတွက် ကလေးအပေါ် ဂရုစိုက်ဖို့ အားအင်လည်းပိုရှိပါတယ်။

အသက်၂၀ အစောပိုင်းမှာ ကလေးယူထားခြင်းက ကျန်းမာရေးအတွက် ပိုကောင်းပြီး၊ အသက်၃၀ ဝန်းကျင်မှာဆိုရင်တော့ စီးပွားရေး အနေအထားဘက်ကကြည့်ရင် ပိုပြီး စိတ်ချရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီ ၃၀ အရွယ်ဟာ အမျိုးသမီးတွေအတွက် ပိုပြီးတည်တံ့တဲ့ အလုပ်အကိုင်ရှိပြီး ကလေးမွေးဖို့ ခွင့်ယူလိုက်ရင်တောင် အလုပ်နဲ့ ဝေးသွားတာမျိုး မရှိနိုင်ပါဘူး။

ဒါ့အပြင် ကလေးမွေးပြီးတဲ့ အခါ အလုပ်ပြန်ဝင်နိုင်ပြီး အလုပ်ရဲ့ အပြောင်းအလဲအသစ်တွေနဲ့လည်း အဆက်အသွယ်မပြတ် ဆက်လက် လုပ်ဆောင်နိုင်ပါတယ်။ အဲဒါတွေအပြင် အသက် ၂၀ ကျော်၊ ၃၀ အရွယ်ဟာ ဘ၀ ခံယူချက်အမြင်အရ အတွေ့အကြုံရှိပြီး ကလေးကို စောင့်ရှောက်ဖို့ ပိုပြီးကောင်းမွန်အောင် ပြင်ဆင်နိုင်တဲ့ အရွယ်ဖြစ်ပါတယ်။ ဘ၀ အပြောင်းအလဲ အတက်အကျတွေကို အသက်၂၀ ဝန်းကျင်တွေထက် ပိုရင်ဆိုင်နိုင်ပြီး အသက် ၄၀ တွေလောက်လည်း အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်းရဲ့ ကျန်းမာရေးထိခိုက်မှုဒဏ်ကိုမခံစားရပါဘူး။

ကိုယ်ဝန်ဆောင်ချိန်ကို နောက်ဆုတ်ချင်ရင် ဘာလုပ်နိုင်မလဲ။

ငွေကြေးအခက်အခဲ ကြောင့်ဖြစ်စေ၊ မိသားစုကြောင့်ဖြစ်စေ၊ လက်တွဲဖော်ကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အခါ ကိုယ်ဝန်ဆောင်တဲ့အချိန်ကို နောက်ဆုတ်ချင်ကြပါလိမ့်မယ်။ နောက်ဆုတ်ချင်ပေမယ့် အပေါ်မှာပြောပြခဲ့တဲ့အတိုင်း အရည်အသွေး အကောင်းမွန်ဆုံး မမျိုးဥကို ထုတ်လုပ်နိုင်တဲ့ အချိန်ကလည်း ကုန်ဆုံးတော့မယ်ဆိုရင် တစ်နည်း အသက်ကြီးလာပြီဆိုရင် မမျိုးဥကို အေးခဲအောင်လုပ်ပြီးသိမ်းထားနိုင်တဲ့ နည်းလမ်းကို စဉ်းစားနိုင်ပါတယ်။

အဲဒီ နည်းလမ်းအတွက် ကုန်ကျစရိတ် အတော်အတန်ကြီးမားပေမယ့် အရွယ်လွန် အသက် ၃၀ကျော် ၄၀ အရွယ် ( အောင်မြင်စွာ ကိုယ်ဝန် ရနိုင်ချေ နည်းသောအသက်အရွယ်) ရောက်မှ မျိုးအောင်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေတာထက်စာရင်တော့ ပိုမိုကောင်းမွန်ပါတယ်။ မျိုးပွားမှုအတွက်အကူအညီပေးတဲ့ နည်းပညာ ကိုသုံးပြီး အောင်မြင်နိုင်ချေ အခွင့်အလမ်းသည် ငယ်ရွယ်သူများတွင် ပိုများပါသည်။

ဘာရောဂါ အခြေအနေမှမရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက် ကလေးယူမည်ဆိုပါက အသက်၃၅ နှစ်မတိုင်ခင် ကလေးယူရန်သေချာ အစီစဉ်ချသင့်ပါတယ်၊၊ဘာကြောင့်လည်းဆိုတော့ အသက် ၃၅ မတိုင်ခင်ဟာ မျိုးအောင်ဖို့ အကောင်းဆုံး အသက်ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Khine Phoo Ngon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement