backup og meta

ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ

ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံး သောက်ရတဲ့ အားဆေးက ဖောလစ်အက်စစ်နဲ့  သံဓာတ် အားဆေးတွေပါ။ ဖောလစ်အက်စစ်က သန္ဓေသား ဖွံ့ဖြိုးမှုကို အကျိုးပြုတယ် ဆိုတာတော့ သိတယ်။ ဒါဆို သံဓာတ်ကရော။ ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ ။ ဘာလို့ အရေးပါတာလဲ၊ သောက်ရင် ဘာအကျိုးတွေ ထူးမှာလဲ ဆိုပြီး Hello ဆရာဝန်ရဲ့ မေမေဗိုက်တို့ လာလာမေးကြတယ်လေ။

ကိုယ်ဝန်ဆောင်မေမေတွေကို ဘာလို့ သံဓာတ်အားဆေးသောက်ခိုင်းတာလဲ

တကယ်တော့ ကိုယ်ဝန် စရှိပြီ ဆိုတာနဲ့ ခန္ဓာကိုယ်က ဘေဘီလေး အတွက် သွေးတွေ ပိုဖြစ်တည်လာဖို့ သံဓာတ် ပိုသုံးလာရတယ်။ ဒီတော့ ကိုယ့်မှာ သံဓာတ် လိုအပ်ချက်က အရင်ကထက် နှစ်ဆ ပိုများလာပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မေမေတွေမှာ အရေးပါတဲ့ သံဓာတ် ချို့တဲ့တာ၊ မလုံလောက်တာက အဖြစ်များတဲ့ ကိစ္စပါ။

ဒါကို ဖြည့်တင်းနိုင်ဖို့က သံဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ စားဖို့နဲ့ ဆရာဝန် ညွှန်ကြားတဲ့ သံဓာတ်အားဆေးတွေ သောက်သုံးဖို့ပဲ ရှိပါတယ်။

သံဓာတ်က ဘာတွေအကျိုးပြုတာလဲ

အပေါ်မှာ ပြောခဲ့သလိုပဲ။ မေမေနဲ့ ရင်သွေးလေး အတွက် ဟေမိုဂလိုဘင် လိုအပ်ချက်ကြောင့် သံဓာတ်ကို ခန္ဓာကိုယ်က ပိုအသုံးပြုရ ပါတယ်။ သံဓာတ်က သွေးနီဥကနေတဆင့် ခန္ဓာကိုယ် တစ်ခုလုံးကိုရော၊ ဗိုက်ထဲက ဘေဘီလေးဆီကိုပါ အောက်စီဂျင် ပေးပို့ဖို့ အထောက်အကူပေး ပါတယ်။

သံဓာတ်ကို လုံလောက်အောင် ရရှိမှ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ့ကို ပင်ပန်းနွမ်းနယ်တာ၊ သွေးအားနည်းတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သံဓာတ် ချို့တဲ့ပြီး သွေးအားနည်းတဲ့ မေမေဟာ ဘေဘီလေးကို ပေါင်မပြည့်ဘဲ မွေးတာ ဒါမှမဟုတ် လမစေ့ဘဲ မွေးတာတွေ ဖြစ်လာနိုင်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုရော သိထားပြီလား

အများအားဖြင့်တော့ အသားတွေ၊ အသီးအရွက်တွေကနေ သံဓာတ်ကို ရနိုင်ပါတယ်။ ဒါ့ပြင် သံဓာတ် ကြွယ်ဝတဲ့ တခြားအစားအစာတွေကတော့ အသည်း၊ အမဲသား၊ ကြက်သား၊ ကြက်ဆင်သားနဲ့ ဝက်သားတို့ဖြစ်ပါတယ်။ သက်သတ်လွတ် ထဲမှာဆို ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ တို့ဟူး၊ သံဓာတ် ဖြည့်စွက်ထားတဲ့ အသင့်သောက် ကွေကာနဲ့ အာဟာရ ဖျော်ရည်တွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် ကနေ သံဓာတ် အလုံအလောက် ရရှိဖို့က သိပ်မလွယ်တဲ့ အတွက် ဆရာဝန်တွေက လိုအပ်မယ့်ဓာတ်တွေ အစုံ ပါဝင်ပြီးသား ကိုယ်ဝန်ဆောင် အားဆေးတွေကို ညွှန်ကြားကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်မေမေက အသား မကြိုက်တဲ့သူ၊ အသီးအရွက်ပဲ စားတတ်တဲ့သူဆို ပိုဆိုးပါတယ်။ သူတို့မှာ သွေးအားနည်းခြင်း၊ သံဓာတ် အားနည်းခြင်း မဖြစ်ရအောင် ပိုဂရုစိုက်သင့်ပါတယ်။

ဘယ်အချက်တွေကို ဂရုစိုက်သင့်တာလဲ

အားဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပမာဏ အတိအကျ သောက်ပါ။ သံဓာတ် အားဆေးကို လိုအပ်တဲ့ ပမာဏထက် ကျော်လွန်ပြီး သောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုး တချို့ဖြစ်လာစေ နိုင်တာကြောင့်ပါ။

သံဓာတ်အားဆေးက ဘေးထွက်ဆိုးကျိုးအနေနဲ့ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးက ကိုယ့်ဆရာဝန်နဲ့သာ အရာရာ တိုင်ပင်ပါ၊ ညွှန်ကြားချက်တွေ လိုက်နာပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.parents.com/pregnancy/my-body/nutrition/iron-and-pregnancy-why-you-need-it-how-much-and-how-to-get-it/

Accessed Date Nov 13, 2019.

https://www.webmd.com/baby/are-you-getting-enough-iron#1

Accessed Date Nov 13, 2019.

 

ယခုပုံစံ

27/09/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။

မူးတယ်၊ မောတယ်၊ သံဓာတ် အားနည်းတယ်ဆို ဘာစားကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement