ဒီတော့ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူပြန်နေတဲ့ခါ သွေးဆင်းရတာ ဘာ့ကြောင့်လဲ။
( ၁ ) မီးဖွားပြီးနောက်ပိုင်း ပုံမှန်ဆင်းတဲ့သွေး မရပ်ခင် အတူနေမိတာကြောင့် ဖြစ်နိုင်ပါတယ်။
မီးဖွားပြီးနောက်ပိုင်း သွေးဆင်းတတ်တာ ပုံမှန်ဖြစ်နေကျပါ။ ကလေးမွေးထားပြီးရင် မီးနေသွေးဆိုတာ ဆင်းပါတယ်။ သားအိမ်ကနေ သွေးတွေ၊ အကျိအချွဲတွေနဲ့ တစ်ရှူးစတွေ မီးဖွားပြီးနောက်ပိုင်း ဆင်းကိုဆင်းလာရပါတယ်။ ဒီလို သွေးဆင်းတာဟာ မီးဖွားပြီးပြီးချင်းရက်တွေမှာ များတတ်ပြီး နောက်ပိုင်း တဖြည်းဖြည်းနည်းသွားတတ်ကာ အချိန်ကတော့ ၁လခွဲလောက်အထိ ကြာကြာ သွေးဆင်းတတ်ပါတယ်။
အဲဒီ အချိန်ဟာ အနာကျက်ဖို့ အားယူနေတဲ့ သားအိမ် အနူးညံ့ဆုံးနဲ့ ပိုးဝင်ဖို့ အလွယ်ဆုံးအချိန် ဖြစ်နေတာပါပဲ။ ဒါကြောင့် အဲဒီအချိန်အတွင်း ( ၄၅ ရက် အတွင်း ) အတူတူမနေဖို့ တားမြစ်ထားတာပဲ ဖြစ်ပါတယ်။
( ၂ ) အဆင်သင့်မဖြစ်သေးတဲ့အချိန် ဆက်ဆံမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။