backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

မီးဖွားတယ်ဆိုတာ မိန်းမသားတွေအတွက်ကတော့ တကယ့်ကို အကြီးစားစိန်ခေါ်မှုကြီးတစ်ခုပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ပြောင်းလဲမှုတွေကြုံရမယ် မီးဖွားချိန်ဆိုရင်လည်း ဗိုက်နာကတစ်မျိုး ဒီကြားထဲ မီးဖွားပြီးရင်ရှောင်ရဆောင်ရမယ့် ပြဿနာ ခံစားရမယ့် ဝေဒနာတွေက ရှိသေးတယ်မလား။ ဒီတော့ မီးဖွားပြီးတဲ့ အမျိုးသမီးတိုင်း ဘာတွေ ဆက်ကြုံတွေ့ရနိုင်သလဲ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ကဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဒါတွေသိထားမှ ကိုယ်လည်းကျန်းမာ ကလေးကိုလည်းသေချာ ဂရုစိုက်နိုင်မှာလေ။

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံတွေ့ရနိုင်တာတွေကတော့

  • Postpartum hemorrhage

မီးဖွားပြီးနောက်ပိုင်း သွေးသွန်တတ်တာကတော့ ကြုံကိုကြုံရမယ့် ကိစ္စ တစ်ခု။ မီးဖွားပြီးပြီးချင်း ၁၀ ရက်လောက်မှာတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာများနေတတ်ပြီး နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်း နည်းသွားပါလိမ့်မယ်။ ဒါပေမယ့် ၆ ပတ် လောက်ဖြစ်တဲ့အထိတောင် သွေးဆင်းတာ များနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြဖို့ လိုအပ်နေပါပြီ။ ဆင်းတဲ့ သွေးပမာဏကလည်း တစ်နေ့ကို လစဉ်သုံးပစ္စည်း နှစ်ခုလောက်ပဲ ကုန်ရမှာပါ။ ဒါကို တစ်နာရီတည်းနဲ့ လစဉ်သုံးပစ္စည်း တစ်ခုလုံး ပြည့်အောင် သွေးသွန်နေပြီ ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ဆွေးနွေးဖို့လိုအပ်ပါတယ်။

  • Vagina hematoma

ရိုးရိုးမီးဖွားတဲ့ အချိန် ကြုံတွေ့ရတတ်တဲ့ မိန်းမကိုယ်ပတ်လည် ထိခိုက်ဒဏ်ရာရတာ စုတ်ပြဲတာတွေ နဲ့ မွေးလမ်းကြောင်းချဲ့တာတွေကြောင့် မိန်းမကိုယ်မှာ သွေးခြည်ဥတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

မွေးလမ်းကြောင်းချဲ့ပြီးတာ ပြန်ချုပ်လိုက်တယ် ဆိုပေမယ့် သေချာ သန့်ရှင်းရေးမလုပ် ဂရုမစိုက်တဲ့အခါ အဲဒီ ချဲ့ထားတဲ့ နေရာကနေ ပိုးဝင်ပြီး အနာရင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။

  • ဆီးသွားရတာ အခက်အခဲဖြစ်ခြင်း

ကိုယ်ဝန်ဆောင်ထားတဲ့ ဒဏ်နဲ့ မီးဖွားထားတဲ့ ဒဏ်တွေကြောင့် ဆီးအိမ်တင်း နေတာမျိုးတွေ ဖြစ်တတ်ပြီး မီးဖွားပြီးပြီးချင်း ဆီးသွားရတာ အခက်အခဲရှိတတ်ပါတယ်။

ကိုယ်ဝန်ကြောင့် ဝမ်းချုပ်ပြီး လိပ်ခေါင်းထွက်တာက တစ်မျိုး၊ မီးဖွားချိန် ညှစ်ထားရတော့ လိပ်ခေါင်း ထွက်ချင်တာ တစ်မျိုး၊ မွေးလမ်းကြောင်း ချဲ့ထားတော့ ဝမ်းသွားရမှာ စပ်နေတာက တစ်မျိုးနဲ့ ဝမ်းပိုချုပ် လိပ်ခေါင်း ပိုထွက်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါမျိုးတွေ ကြုံတွေ့ရတတ်တယ်ဆိုတော့ ဘယ်လိုတွေ ကြိုပြင်ဆင်ထားဖို့လိုမလဲ။

  • Kegel exercise – တင်ပဆုံကြွက်သား တစ်ဝိုက်ကို သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်တဲ့ Kegel exercise ပြန်လုပ်ပေးပါ။ ဒါမှ ဆီးသွားရခက်တာနဲ့ ဝမ်းသွားရခက်တဲ့ ပြဿနာတွေ ဖြေရှင်းပြီးသား ဖြစ်မှာပါ။
  • မီးဖွားပြီး ၄၅ ရက်အကြာ အမျိုးသားနဲ့ ပြန်နေချိန် မိန်းမကိုယ် ခြောက်သွေ့တဲ့ ပြဿနာတွေ ရှိနိုင်တာကြောင့် လိင်ဆက်ဆံတာ ချောမွေ့စေဖို့ ချောဆီသုံးဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။
  • ဝမ်းချုပ်တာကို ကာကွယ်ချင်ရင်တော့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ များများ စားပေးဖို့ လိုပါလိမ့်မယ်။
  • သွေးခြည်ဥတဲ့ ပြဿနာကို ပြေလည်စေချင်ရင်တော့ ဖောင်းနေတဲ့ နေရာကို ရေခဲဝတ် သန့်သန့်လေး ကပ်ပေးပါ။
  • နောက်ဆုံး နဲ့ အရေးအကြီးဆုံးကတော့ ဆရာဝန်ဆီ ရက်ချိန်းအတိုင်း မှန်မှန်ပြန်သွားပြဖို့ပဲ ဖြစ်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://flo.health/being-a-mom/recovering-from-birth/postpartum-problems/recovery-after-vaginal-birth]

accessed date 1.10.2019

https://my.clevelandclinic.org/health/articles/9675-pregnancy-types-of-delivery

accessed date 1.10.2019

ယခုပုံစံ

05/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မီးဖွားပြီး နောက်ပိုင်း ဘယ်အချိန်မှာ သန္ဓေတားဖို့ စလုပ်သင့်သလဲ ။ ။

မီးဖွားပြီးနောက်ပိုင်း အတူပြန်နေတဲ့အခါ နာကျင်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ