မိခင်သေဆုံးနှုန်းများရတဲ့ အကြောင်းရင်းတွေထဲမှာ မွေးဖွားပြီးသွေးသွန် တာက ထိပ်ဆုံးကပါပါတယ်။ ခုထက်ထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားပြီးသွေးသွန် တာကြောင့် အမေတွေ ဒုက္ခရောက်နေရတုန်းပါ။ ဒါကြောင့် အမေတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ရသလို မွေးပြီးပြီးချင်း မီးတွင်းထဲမှာလည်း ဂရုစိုက်ရပါမယ်။ ဒါဆိုရင် ကလေးမွေးပြီးပြီးချင်း ဘာအကြောင်းတွေက သွေးသွန်စေတာလဲ။ ဘယ်လိုကုသမှုတွေပေးနေလဲ။ ဘယ်လိုကာကွယ်မလဲဆိုတာကို ရေးသားသွားပါ့မယ်။
မွေးဖွားပြီးသွေးသွန် တယ်လို့ဘယ်အခါ သတ်မှတ်လို့ရလဲ။
မွေးပြီး၂၄နာရီအတွင်းသွေးသွန်တာကို Primary PPHလို့ခေါ်ပြီး ၂၄နာရီနောက်ပိုင်းကနေ မီးတွင်း၁၂ပတ်အတွင်း သွေးသွန်တာကို Secondary PPHလို့ခေါ်ပါတယ်။ သွေးဆင်းရမယ့်ပမာဏကတော့ ရိုးရိုးမွေးရင် ၅၀၀ml၊ ခွဲမွေးရင် ၁၀၀၀ml ဆင်းရပါမယ်။
ဘာကြောင့်သွေးဆင်းရတာလဲ။
ဒါကို အတိုကောက်မှတ်ရင်တော့ T ၄လုံးနဲ့ မှတ်လို့ရပါတယ်။ Tone, Trauma, Tissue, Thrombinဆိုပြီးတော့ပါ။ အသေးစိတ်ကို ဆက်ရှင်းပြပါ့မယ်။
(၁) Tone (သားအိမ်ကျုံ့အား)
သားအိမ်မကျုံ့နိုင်တာက မွေးဖွားပြီးသွေးသွန် တာရဲ့ ထိပ်ဆုံးအကြောင်းရင်းထဲမှာပါပါတယ်။ ကလေးမွေးပြီး အချင်းချပြီးတာနဲ့ သွေးသွန်မယ်။ ဝမ်းဗိုက်အပေါ်ကနေနှိပ်နယ်တာလည်း သွေးဆင်းတာမရပ်ဘူးဆိုရင် သားအိမ်ကျုံ့ဆေးထိုးတာတွေ၊ သားအိမ်နှိပ်တာတွေလုပ်ရမှာပါ။
(၂) Trauma (ထိခိုက်ဒဏ်ရာ)
မွေးပြီးတဲ့နောက်မှာ မွေးလမ်းကြောင်းတွေ စုတ်ပြဲတာကလည်း သွေးသွန်စေပါတယ်။ တစ်ခါတစ်လေ လူနာက သွေးပေါင်တွေကျနေတယ်။ ဖြူဖျော့နေတယ်။ ဒါပေမယ့် သွေးဆင်းတာမတွေ့ရဘူးဆိုရင် အထဲမှာ သွေးခဲအနေနဲ့ ရှိနေလို့ပါ။ ရှားရှားပါးပါး မွေးပြီးမှ သားအိမ်ကျွံပြီး အပြင်ထွက်လာတာ၊ သားအိမ်ကွဲတာတွေကြောင့်လည်း သွေးဆင်းနိုင်ပါသေးတယ်။
(၃) Tissue (အသားစကျန်ခြင်း)
အချင်းချတဲ့နေရာမှာ မကုန်ဘဲ အကြွင်းအကျန်တွေကပ်နေရင်ပဲဖြစ်ဖြစ်၊ နာရီဝက်ကျော်တဲ့အထိ အချင်းမကျရင်ပဲဖြစ်ဖြစ် သားအိမ်ကောင်းကောင်းမကျုံ့နိုင်တာကြောင့် သွေးဆင်းတတ်ပါတယ်။ အချင်းက သားအိမ်ကို ကပ်တွယ်နေတာ ဒါမှမဟုတ် ဖောက်ဝင်နေတဲ့အခါမှာအချင်းမကျတာကြောင့် သွေးဆင်းတတ်ပါတယ်။
(၄) Thrombin (သွေးမတိတ်ခြင်း)
တချို့သူတွေမှာကျတော့ သွေးသွန်တာမဟုတ်ဘဲ သွေးမတိတ်တာပါ။ တခြားရောဂါတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ သွေးရောဂါရှိနေတာပဲဖြစ်ဖြစ် မွေးပြီးလို့ သွေးဆင်းတာအပြင် တခြားနေရာ (ဥပမာ ဆေးသွင်းထားတဲ့နေရာကနေ) သွေးယိုစိမ့်နေမှာပါ။
ဘယ်သူတွေပိုဖြစ်နိုင်လဲ။
- ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဆင်းဖူးတဲ့သူတွေ
- မွေးရခက်တဲ့သူတွေ
- ရေမြွှာရည်အိတ်ရောင်တဲ့သူတွေ
- ကလေးခေါင်းကြီးလွန်းတဲ့သူတွေ
- အမေသွေးအားနည်းရောဂါရှိရင်
- အမေအဝလွန်ရင်
- အမြွှာကိုယ်ဝန်ဆောင်ရင်
- ကိုယ်ဝန်ဆိပ်တက်ရင်
- သားဦးကိုယ်ဝန်ဖြစ်ရင်
- မွေးချိန်ကြာရင် ပိုဖြစ်တတ်ပါတယ်။
ဘာလက္ခဏာတွေပြမှာလဲ။
- သွေးဆင်းများမယ်။ ရပ်လည်းမသွားဘူး၊ နည်းလည်းမနည်းသွားဘူး။
- သွေးပေါင်တွေကျမယ်။ သွေးလန့်တဲ့လက္ခဏာတွေဖြစ်တဲ့ အမြင်တွေဝါးတာ၊ ချမ်းတုန်တာ၊ နှလုံးခုန်နှုန်းတွေမြန်တာ၊ သတိလစ်ချင်သလိုဖြစ်တာတွေရှိပါမယ်။
- ရင်ထဲနေလို့မကောင်းတာ၊ ပျို့တာ
- ဖြူဖျော့တာ
- မိန်းမကိုယ်က နာတာ၊ ရောင်ရမ်းတာတွေဖြစ်ပါမယ်။
နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။
- သွေးအားနည်းတာ
- ဦးနှောက်ရဲ့ ပီကျူထရီဂလင်း ပုပ်သွားတာ
- သွေးသွင်းရတာ
- နှလုံးပုပ်တာ
- မီးတွင်းမှာ စိတ်ကျတာ
- အသက်သေဆုံးတာတွေအထိဖြစ်နိုင်ပါတယ်။
မွေးဖွားပြီးသွေးသွန် တာကိုဘယ်လိုကုမလဲ
မွေးဖွားပြီးသွေးသွန် တာက အန္တရာယ်များပါတယ်။ အချိန်မီကုသမှုမခံယူနိုင်ရင် အသက်သေဆုံးနိုင်ပါတယ်။ ကုသနည်းတွေကတော့
- သားအိမ်မကျုံ့တာကြောင့်ဆိုရင်တော့ သားအိမ်ကျုံ့ဆေးထိုးတာ၊ နှိပ်နယ်တာတွေ လုပ်ရပါမယ်။
- မွေးလမ်းကြောင်းတွေ စုတ်ပြဲတာကြောင့်ဆိုရင်တော့ မွေးလမ်းကြောင်းဖာထေးတာ၊ သွေးခဲရှိနေတာဆိုရင်တော့ သွေးခဲကို ခွဲထုတ်တာ၊ သားအိမ်ကျွံတာကြောင့်ဆိုရင် ပြန်ထည့်ပေးတာ စတာတွေ လုပ်ရမှာပါ။
- အချင်းကျန်တာကြောင့်ဆိုရင် အချင်းကို ခြစ်ထုတ်တာ၊ ခွာထုတ်တာ လုပ်ရမှာပါ။
- သွေးမတိတ်တာကြောင့်ဆိုရင် လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေလုပ်တာ၊ သွေးသွင်းတာတွေလုပ်ရမှာပါ။
မွေးဖွားပြီး သွေးသွန်တာက
[embed-health-tool-due-date]