ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍဟာ ဘေဘီလေးလိုချင်တဲ့ စုံတွဲတိုင်း သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ရရှိခြင်း

ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ

ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ်ဝန်ဘယ်လိုရ ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။ ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ သားဥကြွေတာကို […]

ကိုယ်ဝန်ရရှိခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုယ်ဝန်ရရှိခြင်း ကို ရှာဖွေမည်။

ကိုယ်ဝန်ရရှိခြင်း

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ

Fail to plan is plan to fail တဲ့။ ဘာမဆို အစီအစဉ်တကျ လုပ်တတ်တာက ကောင်းတာပေါ့။ အလုပ်ကိစ္စတွေ၊ အရေးကြီး ဧည့်သည်နဲ့ တွေ့ဖို့ရှိတယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြတယ်ဟုတ်။ ဒီလိုပဲ ဘဝရဲ့ အရေးကြီးတဲ့ မိသားစုဝင် အိမ်ရဲ့ ဆည်းလည်းလေးကို ကြိုဆိုတဲ့ နေရာမှာလည်း အစီအစဉ်လေး တစ်ခု ချထားနိုင်ရင် ပိုကောင်းတာပေါ့။ ကိုယ်ဝန် ရတယ် ဆိုတာ သဘာဝကိစ္စဆိုပေမယ့် တကယ်က လူသားနှစ်ဦးက ဖန်တီးထားတဲ့ ကိစ္စပါပဲ။ အတွင်းကျကျ ပြောရရင် မမျိုးဥလေးနဲ့ ဖိုသုက်ကောင်လေးတို့ ပေါင်းစပ်ပြီး ကလေးလေး ဖြစ်လာတာဖြစ်တဲ့အတွက် ဒီမျိုးဥလေးနဲ့ သုက်ကောင်လေးတို့ ဆုံမဆုံဆိုတာ လူသားတွေ လက်ထဲမှာ ရှိပါတယ်။ ဒီတော့ ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ […]


ကိုယ်ဝန်ရရှိခြင်း

သားဥကြွေ ခါနီးရင် ဘာတွေ ခံစားရမလဲ။

သားဥကြွေ တယ်ဆိုတဲ့အဓိပ္ပာယ်က ဒီအချိန်မှာ အတူနေမိလို့ သုက်ကောင်လေးနဲ့ ပေါင်းစပ်သွားရင် သန္ဓေတည်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သုက်ကောင်လေးက မိန်းမကိုယ်ထဲမှာ ၅ရက်လောက် နေနိုင်ပေမယ့် သားဥလေးကတော့ တစ်ရက်ပဲ ရှင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လိုချင်တဲ့သူဆိုရင် သားဥကြွေတဲ့အချိန်မှာ အတူနေဖို့လိုသလို ကိုယ်ဝန်မရချင်တဲ့သူကလည်း ဒီရက်ကို ရှောင်ထားဖို့ လိုပါတယ်။ ဘယ်ရက်မှာ သားဥကြွေ မှာလဲ။ နောက်တစ်ခါရာသီလာမယ့်ရက်ကနေ ပြောင်းပြန်ပြန်တွက်လို့ ၁၄ရက်မြောက်နေ့ဟာ သားဥကြွေတဲ့ နေ့ပါပဲ။ အလွယ်တွက်မယ်ဆို ရာသီစက်ဝန်းကနေ ၁၄ရက်ကို နှုတ်လိုက်ပါ။ ဒါဟာ သားဥကြွေမယ့် နေ့ပါပဲ။ ဥပမာ ၂၈ရက် တစ်ခါ လာတဲ့သူက (၂၈-၁၄=၁၄) ရာသီစလာပြီး ၁၄ရက်နေ့ဆို သားဥကြွေပါတယ်။ ရက် ၃၀နေမှ တစ်ခါလာတဲ့သူက (၃၀-၁၄=၁၆) ရာသီစလာပြီး ၁၆ရက်ဆို သားဥကြွေပါတယ်။ ဒါပေမယ့် သားဥကြွေတာက ဟော်မုန်း အပြောင်းအလဲပေါ်မူတည်ပြီး ရှေ့တိုး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ယနေ့ခေတ်မှာ ဆယ်ကျော်သက်တွေက အသက်အရွယ်အားဖြင့် ရင့်ကျက်မှုမရှိသေးဘဲ ကိုယ်ဝန်ဆောင်နေကြတာကို တွေ့မြင်နိုင်ပါတယ်။ အများစုကတော့ အစီအစဉ်မရှိဘဲ သူ့အလိုလို ရသွားကြတာပါ။ အစီအစဉ်အတကျ ကလေးယူကြတယ်ဆိုရင်တောင် အသက်ဟာ ငယ်ရွယ်သေးတဲ့အတွက် အန္တရာယ်တွေ ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း  လေ့လာကြည့်ရအောင်။ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်တွေ ရှိနေရခြင်းရဲ့ အကြောင်းပြချက်တွေကတော့ လိင်အသိပညာနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဗဟုသုတများ မရှိခြင်း၊ ငယ်ရွယ်သူ ဆယ်ကျော်သက်တွေထံ အသိပညာ အလုံအလောက် မပေးနိုင်ခြင်း၊ မိသားစု (သို့မဟုတ်) ပတ်ဝန်းကျင်က လက်ထပ်ဖို့ ဖိအားပေးခြင်း၊ လိင်အကြမ်းဖက် ခံရခြင်း၊ အိမ်ထောင်ပြုရန် အတင်းအဓမ္မ စေခိုင်းခံရခြင်းနဲ့ ကျောင်းမနေခဲ့ရခြင်းကြောင့် အသိပညာမစုံလင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။  အခြားအကြောင်းအရင်းတွေထဲမှာတော့ အမျိုးသမီးငယ်လေးများထံသို့ သားဆက်ခြားနည်းလမ်းများ၊ ဆေးများ မရောက်ရှိခြင်း၊ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဖေဖေ ဖြစ်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။

ကလေးယူမယ်လို့ ပြောလိုက်ရင်  မိခင်လောင်းတွေကိုပဲ ဘယ်လိုနေ ဘယ်လိုစား ဆိုပြီး မှာလေ့ရှိပါတယ်။ ဖေဖေတွေကိုရော မမှာတော့ဘူးလား။ တကယ်ဆို သန္ဓေသားဆိုတာ မေမေ့ဆီက မျိုးဥနဲ့ ဖေဖေ့ဆီက သုက်ကောင်ပေါင်းပြီးမှ ဖြစ်လာတာပါ။ ဒါကြောင့် ဖေဖေ့ဆီက ကျန်းမာတဲ့ သုက်ကောင်ရဖို့လည်း အရေးကြီးတာပေါ့။ အားလုံးက ကလေးယူမယ်ဆို မေမေကိုပဲ ဂရုစိုက်ဖို့ မှာနေတာဆိုတော့ ဒီတစ်ခါတော့ ဖေဖေ တွေအတွက် ပြောပေးပါမယ်။ ဖေဖေ ဖြစ်ဖို့ အကောင်းဆုံး ပြင်ကြမယ်ဆိုရင် ကြိုတင်ပြီး ပြင်ထားပါ။ ကလေးယူမယ်ဆို ဖေဖေနဲ့ မေမေ ကြိုတိုင်ပင်ပါ။ ဘယ်လိုစီစဉ်ကြမယ်။ ဘယ်လိုပြင်ဆင်ကြမယ်။ နှစ်ယောက်တူတူပြင်ဆင်တာက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပါ။ လိင်က တစ်ဆင့် ကူးတတ်တဲ့ ရောဂါတွေ ရှိမရှိ စစ်ဆေးပြီး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးလေးမှာ မွေးရာပါချို့ယွင်းချက် တွေ မပါစေဖို့

တချို့ကလေးတွေ မွေးလာရင် နှုတ်ခမ်းကွဲ အာခေါင်ကွဲတို့၊ ကျောရိုးမှာ အပေါက်ကြီးနဲ့လို့ တွေ့ဖူးကြမလားမသိ။ ဒါတွေဟာ မွေးရာပါချို့ယွင်းချက်တွေပေါ့။ ကလေးမွေးပြီးလို့ ထွက်လာရင် ပြောတတ်ကြတာက ယောကျာ်းလေးပါ ဒါမှမဟုတ် မိန်းကလေးပါ။ ကိုယ်လက်အင်္ဂါစုံပါတယ်လို့ ပြောမှ ဟင်း ချနိုင်ကြတာပါ။ မိဘတွေ အနေနဲ့လည်း ကလေးက ချို့ယွင်းချက်လေးတွေ ပါလာရင် စိတ်မကောင်းဖြစ်ကြသလို သက်တမ်းစေ့မှ နေရပါ့မလားလို့လည်း စိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေမှာ မွေးရာပါချို့ယွင်းချက် မပါအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးပါမယ်။ မွေးရာပါချို့ယွင်းချက် ဆိုတာ မွေးရာပါ ချို့ယွင်းချက်တွေမှာ တချို့က teratogenလို့ ခေါ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်တာပါ။ Teratogenထဲမှာ ဓာတုပစ္စည်းတွေ၊ ဆေးတွေ၊ ရောဂါပိုးမွှားတွေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေက အကုန်လုံးကို ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဒီချို့ယွင်းချက်တွေထဲက ၄-၅ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား.......

ချစ်ခင်ရသူ တစ်ဦးဦး ကျောက်ကပ် ကျန်းမာရေး ချို့ယွင်းနေတာကြောင့်  ကျောက်ကပ် အစားထိုး ကုသမှု ခံယူဖို့ လိုအပ်နေတယ်။ ဒါကို ကိုယ်ကလည်း လှူပေးချင်တယ်။ ဒါပေမယ့် အနာဂတ်မှာ ကိုယ်ပိုင် မိသားစုလေး တစ်စု ထူထောင်ဖို့လည်း စိတ်ကူးက ရှိနေပြန်တယ်။ ဒီအချိန်မှာ ကျောက်ကပ် လှူလိုက်ရင် အနာဂတ်မှာ ကိုယ်ပိုင် ရင်သွေး ရှိလာနိုင်ပါ့မလား။ ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား....... ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေများ ရှိနိုင်မလား ဆိုပြီး စိတ်ပူနေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ဖြေထုတ်ပေးနိုင်မှာပါ။ ကျောက်ကပ် လှူမယ့် လေဒီလေးတိုင်း သိချင်နေလောက်မယ့် မေးခွန်းများ ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား....... ကျောက်ကပ်လှူတော့မယ်ဆိုရင် သိချင်နေလောက်မယ့် မေးခွန်းတွေက တော်တော်လေး များနေလောက်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကတော့ ကျောက်ကပ်လှူတာက ကလေးရနိုင်ခြေကို ထိခိုက်နိုင်မလား။ မထိခိုက်နိုင်ပါဘူး။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိ၊ မရှိကို ဆီးစစ်ပြီးပဲဖြစ်ဖြစ်၊ သွေးစစ်ပြီးပဲဖြစ်ဖြစ် စမ်းသပ်အတည်ပြုနိုင်ပါတယ်။ အရေးပေါ်ဆီးစစ်တံ သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတာက စနစ်တကျစစ်ဆေးမယ်ဆို ရာနှုန်းပြည့်နီးပါးတိကျပြီး ကိုယ့်ဖာသာလည်း အိမ်မှာအလွယ်တကူ စမ်းသပ်သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုအချိန်မှာ အရေးပေါ်ဆီးစစ်တံ နဲ့ ကိုယ်ဝန်ရှိ၊ မရှိ စစ်လို့ရသလဲ အရေးပေါ်ဆီးစစ်တံက အမျိုးသမီးရဲ့ဆီးထဲမှာပါတဲ့ HCG ဟော်မုန်းကို စစ်ဆေးတာ ဖြစ်ပါတယ်။ ပုံမှန်ရာသီလာနေကျရက်မှာ ရာသီမလာတော့ရင် ဒါမှမဟုတ် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ပေါ်လာပြီထင်ရင် ကိုယ်ဝန်ရှိ၊ မရှိ အရေးပေါ်ဆီးစစ်တံနဲ့ စစ်လို့ရပါပြီ။ အရေးပေါ်ဆီးစစ်တံ သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များကို လေ့လာကြည့်ရအောင်နော်။ ကိုယ်ဝန်ရှိတာ စောစောသိရင်ဘာပိုကောင်းလဲ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ရှိနေတာကို စောစောသိလေ ကောင်းလေပါပဲ။ အဲ့ဒါမှ မိခင်ရော […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း ( Urine hCG test) နဲ့ အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ။

Urine hCG test ဆိုတာ ကိုယ်ဝန်ဟော်မုန်း (သို့) hCG (Human Chorionic gonadotropin) လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို ဆီးထဲမှာ စစ်ဆေးတဲ့ စစ်ဆေးနည်း တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး ဓမ္မတာမလာပြီး နောက်တစ်ရက်လောက်က စပြီး hCG ကို ဆီးထဲမှာ တွေ့ရပါတယ်။ ကျားသုက်ပိုးနဲ့ မမျိုးဥတွေ ပေါင်းစပ်ပြီး ရက်အနည်းငယ်လောက်မှာ ခန္ဓာကိုယ်ထဲမှာ hCG ဟော်မုန်းလေးတွေ တဖြည်းဖြည်းများလာပါတယ်။ အဲဒီဟော်မုန်းတွေဟာ ကိုယ်ဝန် ၁၀ပတ်လောက်မှာ အများဆုံးအခြေအနေကို ရောက်ရှိပြီး တဖြည်းဖြည်းပြန်လျော့သွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း လုပ်မယ်ဆိုရင် အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ ဆိုတာ သိထားသင့်ပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်ခြင်း ကို ဘယ်လိုနေရာတွေမှာ လုပ်နိုင်သလဲ။ အဲလို ဆီးစစ် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

ကလေး ယူတော့မယ် လို့ စဉ်းစားတဲ့အချိန်မှာ ဘာကို အရေးကြီးဆုံးလို့ ထင်ပါသလဲ။ ကလေးရဖို့ သားဆက်ခြားနည်းကို ရပ်တန့်ထားဖို့လား၊ ဆရာဝန် သွားပြဖို့လား၊ အားဆေးတွေ သောက်ဖို့လား။ ဒါတွေ အကုန်လုံးဟာ အလေးထား လုပ်ဆောင်ရမယ့် အထဲတော့ ပါဝင်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး အချက်က မိခင်လောင်း ရဲ့ ကျန်းမာရေး နဲ့ အာဟာရ ပါပဲ။ ကိုယ်ဝန် ကို ဆောင်မယ့် မိခင်လောင်းရဲ့ ခန္ဓာကိုယ်က ရောဂါကင်းပြီး အားပြည့်နေရမှာပါနော်။ အားရှိအောင်၊ အာဟာရဓာတ်တွေ ပြည့်ဝအောင်၊ ကိုယ်ခံအား ကောင်းအောင် အစားကို အစုံစားရမယ် ဆိုပေမယ့် သတိထားရမယ့်၊ ကြိုရှောင်သင့်တဲ့ အစားအသောက် တွေ ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ က ဘာတွေ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အမျိုးသမီး‌တွေ အသ‌က်ကြီးမှ ကလေးယူမယ်ဆိုရင်

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာလေ မျိုးဆက်ပွားစွမ်းရည် ကျဆင်းလာလေပါပဲ။ အသက် ၃၀ ကျော်ရင် ကလေးရဖို့ ခက်ခဲလာသလို ကိုယ်ဝန်ပြဿနာတွေနဲ့ ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများလာတတ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေအနေနဲ့ အသ‌က်ကြီးမှ ကလေးယူမယ်ဆိုရင် ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အမျိုးသမီး‌တွေ အသ‌က်ကြီးမှ ကလေးယူမယ်ဆိုရင် ပုံမှန်ဆို မိန်းကလေးတွေက အသက် ၂၀ လောက်မှာ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးဖြစ်ပြီး အသက် ၃၀ ကျော်လာရင်တော့ ကလေးရနိုင်ခြေ ကျဆင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက် အသက်ကြီးလာလေ သားဥအိမ်ထဲက ထုတ်ပေးနိုင်တဲ့ သားဥအရေအတွက်ရော အရည်အသွေးပါ ကျဆင်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေပါ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရသွားရင်တောင် ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ဖို့ ခက်ခဲပါတယ်။ သားအိမ်အလုံးအကျိတ်နဲ့ endometriosis လို မီးယပ်ရောဂါ ဖြစ်ပွားမှုတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း