brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗိုက်ထဲက ရင်သွေးလေးမှာ ဦးခေါင်းခွံပါမလာခြင်း ( Anencephaly) အကြောင်း သိကောင်းစရာများ ။ ။

ကိုယ်ဝန်စရှိပြီဆိုတည်းက မွေးလာမယ့် ကလေးလေး အဂါၤအစုံပါလာဖို့ဆိုတဲ့ ဆုတောင်းက မိဘတိုင်းရဲ့ ပထမဆုံး တောင်းဆုပါ။ ဒါ့ကြောင့်ပဲ ကိုယ်ဝန်တစ်လျှောက်သေချာ ပြုစုစောင့်ရှောက်ကြ၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကြ၊ အားဆေး ေတွသောက်ကြတာပေ့ါ။

ဗိုက်ထဲက ရင်သွေးလေးမှာ ဦးခေါင်းခွံပါမလာခြင်း ( Anencephaly) အကြောင်း သိကောင်းစရာများ ။ ။

အားဆေးတွေထဲမှာဆို မေမေတိုင်းသိတဲ့ Folic acid။ အဲဒီ Folic acid က ဗိုက်ထဲက ကလေးဖွံ့ဖြိုးမှုအတွက် အရမ်းကို အ ရေးပါတဲ့ ဓါတ်တစ်ခု။ အထူးသဖြင့် ကလေးရဲ့ အာရုံကြောပြွန်ဖွံ့ဖြိုးဖို့အတွက် folic acid က မရှိမဖြစ်။ ဒီ folic acid ချို့တဲ့သွားခဲ့ရင် ( ဒါမှမဟုတ်) မွေးရာပါချို့ယွင်းချက် တစ်ခုခုရှိခဲ့ရင် ခုပြောမယ့် ( Anencephaly ) လို့ခေါ်တဲ့ ဦးခေါင်းခွံ ပါမလာတဲ့ ပြဿနာ ကလေးမှာ ဖြစ်တတ်ပါတယ်။ မွေးလာမယ့် ကလေး အဂါၤမပါမယ့်အဖြစ်ထဲမှာမှ ဦးခေါင်းခွံမပါတဲ့ ဖြစ်စဉ်က အဆိုးဆုံးမို့ အားလုံး ဗဟုသုတရအောင် Anencephaly အကြောင်းလေး ပြောပြချင်ပါတယ်။

Anencephaly ဆိုတာဘာလဲ ။ ။

ဗိုက်ထဲမှာ သန္ဓေသားလေး စပြီး ဖွံ့ဖြိုးလာပြီဆိုတာနဲ့ neural tube ဆိုတဲ့ အဂါၤအစိတ်အပိုင်းကလည်း လိုက်ပြီးဖွံ့ဖြိးလာပါတယ်။ အဲဒီ neural tube ထဲမှာ ကလေးရဲ့ ဦးနှောက်နဲ့ ပင်ပကျောရိုးဖြစ်လာမယ့် အစိတ်အပိုင်းတွေ ပါဝင်နေပါတယ်။ ခုပြောမယ့် Anencephaly က သန္ဓေသားစစချင်းဖွံ့ဖြိုးတဲ့အချိန်မှာ neural tube မပိတ်လို့ ဖြစ်ရတဲ့ ပြဿနာတစ်ခုပါ။ ဒီလိုမပိတ်တဲ့ neural tube ကြောင့် ဦးခေါင်းခွံမဖြစ်တော့တဲ့အပြင် ပွင့်နေတဲ့နေရာကနေ ရေမွှာရေတွေက အာရုံကြောတစ်ရှူးတွေဆီကို ရောက်သွားပြီးနောက်ပိုင်း ဦးနှောက်ြဖစ်လာမယ့် cerebrum နဲ့ cerebellum တို့ပျက်စီးကုန်ပါတယ်။ ဒီလို ဦးခေါင်းခွံတို့ ဦးနှောက်တို့ဟာ ပြင်ပလောကကြီးမှာ အသက်ရှင်ဖို့ မရှိမဖြစ် လုံးဝကိုလိုအပ်တဲ့ အစိတ်အပိုင်း တွေ ဖြစ်တာကြောင့် Anencephaly ဖြစ်ရင် အသေလေးတွေ မွေးလာတတ်သလို နဲ့ မွေးလာတဲ့ကလေးတွေဟာ အပြင်မှာ နာရီပိုင်းလောက်ပဲ အသက်ရှင်နေနိုင်ကြပါတယ်။

ဗိုက်ထဲက ကလေး Anencephaly ဖြစ်နေမဖြစ်နေကို ကြိုသိနိုင်လား ။

တိုးတက်လာတဲ့ဆေးပညာကို ကျေးဇူးတင်ရမှာပါ ။ ခုပြောပြမယ့် ဆေးစစ်ချက် ၃ ခုဟာ ကိုယ့်ရင်သွေးလေးမှာ Anencephaly ဖြစ်နေလာ မဖြစ်ဘူးလားဆိုတာကို မွေးမလာခင်တည်းက ကြိုပြောပြနိုင်တဲ့ နည်းပညာတွေဖြစ်ပါတယ်။ ဒီလို ကြိုသိရတော့ အပြင်လောကကြီးမှာလည်း မရှင်နိုင်တဲ့အတူတူ မမွေးတော့ဘဲ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့် ( therapeutic abortion ) ကို လျှောက်တင်လို့ရပါတယ်။ Anencephaly ကိုကြိုသိနိုင်တဲ့ ဆေးစစ်နည်း ၃ ခုကတော့

( ၁ ) Triple Screen Blood Test

ဒီသွေးစစ်နည်းကတော့ estriol, human chorionic gonadotropin (hCG) နဲ့ alpha-fetoprotien (AFP) ဆိုတဲ့ အမျိုးအစား ၃ ခုကို စစ်တာဖြစ်ပြီး ဆေးစစ်ချက်အဖြေမှာ AFP များနေခဲ့ရင် neural tube နဲ့ဆိုင်တဲ့ ပြဿနာရှိနေပြီလို့ ယူဆနိုင်ပါတယ်။

( ၂ ) Amniotic Fluid Test

ဒီနည်းကတော့ ေရမြွှာေရကနေတစ်ဆင့် AFP ကို တိုက်ရိုက်စစ်ဆေးတဲ့နည်းဖြစ်ပါတယ်။ စစ်ဆေးတဲ့ အဖြေမှာ scetylcholinesterase ရော AFP ရောများနေခဲ့ရင် သင့်ရင်သွေးလေးမှာ anencephaly ဖြစ်နေပါပြီ။ ရေမွှာရေကိုပဲ စမ်းသပ်ပြီး ခရိုမိုဇုန်းမူမမှန်တဲ့ရောဂါတွေကိုပါ တစ်ခါတည်း စစ်ဆေးလို့ရပါတယ်။

( ၃ ) အာထရာဆောင်

ပုံမှန်ဆို neural tube လို့ခေါ်တဲ့ အာရုံကြေြာပွန်ဖွံဖြိုးမှုတွေက ကိုယ်ဝန် ပထမ ၃ လမှာ စတာဖြစ်တာကြောင့် ကိုယ်ဝန်ပထမ ၃ လပြည့်ပြီးနောက်ပိုင်းမှာ အာထရာဆောင်းရိုက်ကြည့်ရင် သန္ဓေသားမှာဖြစ်နေတဲ့ neural tube ဆိုင်ရာ ပြဿနာတွေ အားလုံးကို မြင်နိုင်မှာ ဖြစ်ပါတယ်။ သွေးစစ်ဆေးချက်တွေ မလုပ်ဘဲနဲ့ ကိုယ်ဝန် ၃လကျော်ပြီးနောက်ပိုင်းမှာ အာထရာဆောင်းတစ်ခုတည်းနဲ့တင် anencephaly ရှိမရှိသိနိုင်မှာ ဖြစ်ပါတယ်။

anencephaly က ကုသလို့ရတဲ့ ပြဿနာတစ်ခုလား။

anencephaly ဦးခေါင်းခွံပါမလာတဲ့ပြဿနာက ကိုယ်ဝန် လရင့်လာတာနဲ့ အမျှ ပြန်မပြောင်းသွားတတ်သလို ကုသရမယ့်နည်းလမ်းလည်း မရှိသေးပါဘူး။

anencephaly မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းရှိလား။

ဗိုက်ထဲက ကိုယ့်ရင်သွေးလေမှာ anencephaly ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့နည်းရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း folic acid ဆေးပြားတွေ သောက်တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန် ကို သေချာအပ်ဖို့။ ကိုယ်ဝန်အပ်ချိန် ဆရာဝန်က ပေးလိုက်တဲ့ အားဆေးပြားတွေ အထူးသဖြင့် Folic acid အားဆေးကို မှန်မှန်သောက်ဖို့ အရေးကြီးတာပါ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။