backup og meta

ဗိုက်ထဲက ကလေးလေး အသားဖြူအောင် ဘာစားကြမလဲ၊၊

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်ထဲက ကလေးလေး အသားဖြူအောင် ဘာစားကြမလဲ၊၊

    မေမေတို့က ကိုယ့်ကလေးလေးမွေးလာပြီဆိုရင် အသားဖြူဖြူ တုတ်တုတ်လေး ဖြစ်စေချင်ကြပါတယ်၊၊ တတုတ်တခဲနဲ့ ချစ်စရာကြီးကိုး၊၊ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာတည်းက နို့သောက်ရ၊ ကြက်ဥသောက်ရနဲ့ ကလေး အသားဖြူ အောင်  ကြိုးစားကြပါတယ်၊၊ ဒါပေမယ့် ကလေးရဲ့ အသားအရောင်က ဒီလိုမျိုးရော ပြုပြင်လို့ရော ရရဲ့လား၊၊ ကလေးလေး အသားဖြူအောင် ဘာတွေ စားပေးသင့်သလဲ၊၊

    ကလေးရဲ့ အသားဖြူ မဖြူကို ဘာတွေက လွှမ်းမိုးထားတာလဲ၊၊

    ကလေးရဲ့ အသားအရေကို အဓိက လွှမ်းမိုးနေတဲ့ အချက်က မျိုးဗီဇပါ၊၊ ဆိုလိုတာက အဖေနဲ့ အမေရဲ့ မျိုးဗီဇပေါ် လိုက်ပြီး ကလေးရဲ့ အသားအရောင် ဖြစ်လာတာပါ၊၊ အကြမ်းအားဖြင့်တော့ မိဘတွေ ဖြူရင် ကလေးလည်း ဖြူပြီး မိဘတွေ  ညိုရင် ကလေးလည်း ညိုနိုင်ပါတယ်၊၊ ဒါပေမယ့် ရှားရှားပါးပါး မိဘနှစ်ပါးလုံးနဲ့ အသားအရောင် မတူတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊၊

    မိဘတွေရဲ့ အသားအရောင်ဆိုတာကလည်း ပင်ကိုယ်အသားအရောင်နဲ့ ပိုဆိုင်ပါတယ်၊၊ အရင်က အသားလတ်တဲ့ မိဘတွေက နေပူလေပူဒဏ်ကြောင့် အသားအရေပျက်စီးပြီး ညိုသွားတတ်ပေမယ့် သူတို့က မွေးတဲ့ ကလေးက နဂို မျိုးဗီဇကြောင့် အသားလတ်နိုင်ပါတယ်၊၊

    ဗိုက်ထဲက ကလေးလေး အသားဖြူအောင် ဘာစားကြမလဲ၊၊

    ကလေးရဲ့ အသားအရောင် ဘယ်လိုပြောင်းလဲလာသလဲ၊၊

    ကလေးရဲ့ အသားအရောင်က မွေးစဆို မှန်းရခက်ပါတယ်၊၊ မွေးစဆို အသားရောင်က နီပုပ်ပုပ်ရောင် ရှိတတ်ပါတယ်၊၊ ဒါကြောင့် နီတာရဲ ကလေးလေးလို့ ခေါ်တာပါ၊၊ တချို့ကလေးတွေဆို ဝါဖန့်ဖန့်၊ တချို့တွေဆို ခြေလက်လေးတွေ ပြာနေတတ်ပါတယ်၊၊ ရက်ပိုင်းလောက် နေရင်တော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ၊၊

    ကိုယ်ဝန် ၉ပတ်လောက်မှာ အသားအရောင်ကို ဖြစ်စေတဲ့ မယ်လနင်ထုတ်တဲ့ ဆဲလ်လေးတွေ ဖွံ့ဖြိုးလာပါတယ်၊၊ ဒါပေမယ့် မယ်လနင်တော့ မထုတ်သေးပါဘူး၊၊ မွေးပြီး နည်းနည်းကြာမှ စထုတ်တဲ့အတွက် မွေးခါစဆို ကလေးအများစုက အသားဖြူကြပါတယ်၊၊ နောက်ပိုင်းမှသာ မျိုးဗီဇ၊ ပြင်ပလောကမှာ အသက်ရှင်ဖို့ အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတာကြောင့် အသားအရောင်ပါ လိုက်ပြောင်းလာပါတယ်၊၊

    ကလေးအများစုက သူတို့ရဲ့ ရှိရမယ့် အသားအရောင်ဖြစ်ဖို့ လနဲ့ချီ၊ နှစ်နဲ့ ချီ ကြာတတ်ပါတယ်၊၊ ဒီကြားထဲမှာ အသားအရေကို ဂရုမစိုက်ဘဲ ကလေးကို နေပူထဲ ခေါ်သွားမယ်ဆိုရင် ပိုပြီး ညိုလာနိုင်ပါတယ်၊၊

    ဗိုက်ထဲက ကလေးလေး အသားဖြူအောင် ဘာစားကြမလဲ၊၊

    အစားအသောက်တွေက ကလေးရဲ့ အသားအရောင်ကို ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုတာကတော့ လေ့လာနေဆဲ ဖြစ်ပါတယ်၊၊ ဒါပေမယ့် အောက်ပါ အစားအသောက်တွေ စားရင် ကလေးအသားလှတယ်လို့ ပြောကြတာလည်း ရှိပါတယ်၊၊

    ဒီအစားအစာတွေစားလို့ ကလေးအသားဖြူချင်မှ ဖြူမှာ ဆိုပေမယ့် အာဟာရကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် စားကြည့်တာက အကျိုးမယုတ်ပါဘူး။

    • ချယ်ရီသီးနဲ့ ဘယ်ရီသီး အုပ်စု

    ချယ်ရီသီးတွေ၊ စတော်ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်သတ္တိတွေ မြင့်မားစွာ ပါဝင်တာကြောင့် ပြင်ပက ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်၊၊

    • အဆီများတဲ့ ပင်လယ်ငါးတွေ

    တူနာ၊ ဆယ်မွန်၊ ဆာဒင်းငါး စတာတွေမှာ အိုမီဂါ သရီးဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်၊၊ ဒီဖက်တီးအက်စစ်က ကလေးရဲ့ အရေပြားကို တင်းရင်းစေပါတယ်၊၊

    ထောပတ်သီးမှာ ဗီတာမင် စီနဲ့ ဗီတာမင် အီးတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်၊၊ ဒီဗီတာမင်တွေက ဓာတ်တိုးဆန့်ကျင်သတ္တိလည်း ရှိပါတယ်၊၊ ဗီတာမင် စီဆိုရင် ရောင်ရမ်းတာတွေကို သက်သာစေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပါတယ်၊၊ ကော်လဂျင် ထုတ်လုပ်မှုက ကလေးရဲ့ အရေပြားကို တင်းရင်းစေပါတယ်၊၊

    ခရမ်းချဥ်သီးအခွံမှာပါတဲ့ Lycopeneက ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်၊၊ လေ့လာချက်တွေအရ Lycopeneက အရေပြားကို နေရောင်ခြည်မှာပါတဲ့ UV လှိုင်းတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်၊၊

    တစ်ခုရှိတာက ဒီအစားအစာတွေက ကလေးအသားလှစေတယ်ဆိုလို့ အလွန်အကျွံစားတာ၊ တခြားဘာမှမစားဘဲ ဒါတွေပဲ စားတာမျိုးကို ဆင်ခြင်သင့်ပါတယ်၊၊ ကလေးရဲ့ အသားအရေကို အဓိကလွှမ်းမိုးထားတာက မိဘတွေရဲ့ မျိုးဗီဇပဲ ဖြစ်ပါတယ်၊၊

    ကလေး အသားဖြူစေဖို့

    ကလေး အသားဖြူခြင်း မဖြူခြင်းထက် ကျန်းမာတဲ့ ကလေးလေး မွေးလာဖို့က ပိုပြီး အရေးကြီးပါတယ်၊၊ ဒါကြောင့် မျှတတဲ့ အာဟာရကို စားသုံးပြီး ကိုယ်ဝန်ဆောင် အားဆေးကို ပုံမှန်သောက်သုံးတာက ကျန်းမာပြီး လှပတဲ့ ကလေးလေးကို မွေးဖွားစေမှာပါ၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement