backup og meta

ကလေးများအတွက် ထောပတ်သီး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် ထောပတ်သီး

    ကလေးတစ်ယောက်ကို အသီးအနှံ စကျွေးမည်ဆိုလျှင် ထောပတ်သီးသည် ပထမဆုံးရွေးချယ်သင့်သည့် အစားအစာပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ထောပတ်သီး ကျွေးသင့်သလဲဆိုသည်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

    ၁။ ဦးနှောက်ဖွံ့ဖြိုးမှု၊ နှလုံးကျန်းမာရေးနှင့် အခြားအကျိုးကျေးဇူးများ

    ထောပတ်သီးသည် ကယ်လိုရီများစွာ ပါဝင်သော အစားအစာဖြစ်သည်။ ထောပတ်သီး ၁၀၀ဂရမ်တွင် ၁၆၀ကယ်လိုရီပါဝင်သည်။ ကယ်လိုရီ ၇၅မှ ၈၀ရာခိုင်နှုန်းသည် အဆီများမှ လာသည်။ သို့ဖြစ်၍ ထောပတ်သီးသည် အဆီအနှစ်အများဆုံး သစ်သီးမျိုး ဖြစ်သည်။ သို့သော်လည်း ထောပတ်သီးတွင် ပါဝင်သော အဓိကအဆီသည် ဦးနှောက်နှင့် အမြင်အာရုံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပုံမှန်လုပ်ဆောင်ခြင်းများ လုပ်ဆောင်နိုင်ရန် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍတွင် ပါဝင်သည်။ အိုလီရစ်အက်ဆစ်အမျိုးအစား မပြည့်ဝသောအဆီ ဖြစ်သည်။ ကလေးငယ်၏ ဉာဏ်ရည်ဖွံ့ဖြိုးမှု အဓိကကြီးထွားချိန်ဖြစ်သော အသက်နှစ်နှစ်အရွယ်တွင် ထောပတ်သီးသည်ကလေးငယ်၏ အစားအစာတိုင်းအတွက် အရေးကြီးဆုံးလိုအပ်သည့် အခန်းကဏ္ဍမှ ပါဝင်သည်။ မပြည့်ဝသောအဆီများစွာ ပါဝင်မှုသည်နှလုံးကျန်းမာရေးကို သိသာစွာ ပိုမိုကောင်းမွန်စေပြီး အဆီတွင် ပျော်ဝင်သော ဗီတာမင်များဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေတို့ စုပ်ယူမှုကိုလည်း ပိုမိုအားကောင်းစေသည်။

    ၂။ ကိုယ်ခံအားတိုးတက်ခြင်း

    ထောပတ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်အမျိုးအစား မျိုးစုံပြည့်ဝနေသည်။ သို့ဖြစ်၍ ၎င်းသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက် အကောင်းဆုံးသော အစားအစာဖြစ်သည်။ အရသာလည်း အထူးကောင်းမွန်သည်။ ထောပတ်သီးတစ်လုံး၏ တစ်ခြမ်းကို စားခြင်းအားဖြင့်

    • ဖောလိတ် ၆၀မီလီဂရမ် (ဖောလိတ်သည် ဆဲလ်များပုံမှန်အလုပ်လုပ်ခြင်းနှင့်တစ်ရှူးများ ကြီးထွားခြင်းအတွက် မရှိမဖြစ်လိုအပ်သည်။ ဖောလိတ် ကြွယ်ဝသော ကိုယ်ဝန်ဆောင်မိခင်များ၏ အစားအစာသည် ကလေးအား အာရုံကြောဆိုင်ရာ ပြဿနာများမှ ကာကွယ်ပေးသည်။)
    • ဗီတာမင်ကေ ၁၄မီလီဂရမ် (ဗီတာမင်ကေသည် သွေးခဲခြင်း၊ အသည်းတွင် ပရိုတင်းဖြစ်ပေါ်လာခြင်းနှင့် ကျန်းမာကြံ့ခိုင်သော အရိုးများ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သည်။ ကလေးတစ်ယောက်သည် ၎င်းတို့၏ အစားအစာထဲတွင် ဗီတာမင်ကေ လုံလောက်စွာမရရှိပါက ဗီတာမင်ကေချို့တဲ့၍ သွေးထွက်ခြင်းဟုခေါ်သော အခြေအနေတစ်ခု ဖြစ်ပွားနိုင်သည်။ ထိုရောဂါ ဖြစ်ပွားပါက ကလေးငယ်များ ထိခိုက်ဒဏ်ရာရ၍ သွေးထွက်ပါက သွေးတိတ်ရန် ခက်ခဲပေလိမ့်မည်။)
    • ဗီတာမင်စီ ၆မီလီဂရမ် (ဗီတာမင်စီသည် သွားဖုံးများ၊ အရိုးများနှင့် ကလေး၏ သွေးကြောများကို ကျန်းမာကြံ့ခိုင်စေသည်။ သွေးနီဥများ ဖြစ်ပေါ်ခြင်းကို ကူညီထောက်ပံ့ပေးပြီး သံဓာတ်စုပ်ယူမှု အားကောင်းစေသည်။)
    • ပိုတက်စီယမ် ၃၄၃ မီလီဂရမ် (ပိုတက်စီယမ်သည် ခန္ဓာကိုယ်၏ ရေအချိုးအစားမျှတမှုကို ထိန်းချုပ်ပေးသည်။ ခန္ဓာကိုယ်၏ သွေးပေါင်ကို ထိန်းသိမ်းပေးသည်။ အရိုးပွခြင်းနှင့် ကျောက်ကပ်တွင် ကျောက်ဖြစ်ပွားခြင်းနှုန်းများကို လျှော့ချပေးသည်။ ထောပတ်သီးသည် ငှက်ပျောသီးထက် ပိုတက်စီယမ်ပါဝင်မှုပိုမိုများပြားသည်။)
    • ထောပတ်သီးတွင် ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ ပန်တိုသီးနစ်အက်ဆစ်တို့ ပါဝင်ကြသည်။ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်နှင့် သံဓာတ်များလည်း အနည်းငယ်စီ ပါဝင်ကြသည်။

    ၃။ အဆိပ်အတောက် ဖယ်ရှားခြင်း

    အာဟာရအမျိုးအစားပေါင်းစုံ ပါဝင်သည့်အပြင် ထောပတ်သီးသည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ ဖယ်ရှားခြင်းကိုလည်းပြုလုပ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် ထောပတ်သီးတွင် ရေတွင်ပျော်ဝင်သော အမျှင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်သောကြောင့်ဖြစ်သည်။ ထောပတ်သီးတွင် ပါဝင်သော အမျှင်ဓာတ်များသည် အူလှုပ်ရှားမှု ကောင်းမွန်စေသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ပိုးသတ်စေသော ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်အတွင်းရှိ ဓာတုပစ္စည်းများကို ဓာတ်ပြယ်စေပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ စွန့်ထုတ်ပေးသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement